ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်တွင်းပြည်ပမှ ပြည်သူများထံ နှိုးဆော်စာ

ယနေ့ မြန်မာနိုင်ငံ အခြေအနေကို တင်ပြရန် မလိုအပ်တော့ဟု ထင်ပါသည်။ အဖက်ဖက်က နစ်နာလျက်ရှိသည်ကို လူတိုင်းသိပြီး ဖြစ်ပါလိမ့်မည်။ ယခုအခြေအနေသည် တိုက်ပွဲ ဖော်ဆောင်ရန် အချိန်သင့်ပြီဟု ဆိုချင်သည်။ လူထုတိုက်ပွဲကို ဖော်ဆောင်ရန် ကွက်ချစီစဉ် သင့်ပြီဟုထင်သည်။ နယ်စပ်တွင် တို်င်းရင်းသားလက်နက်ကိုင်များက ဆိုင်ရာမြို့ပြများတွင် ဆင်သင့်တိုက်ပွဲနွဲရန် စောင့်နေရမည်ဖြစ်သည်။ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးများတွင် လက်နက် ဆင်ပေးနိုင်ရန်လိုသည်။ အနုနည်းနှင့်တော့ မရနိုင်၊ ငြိမ်းချမ်းရေးနည်းနှင့် မဖြစ်နိုင်တော့ပါ။ တုတ်ဆွဲရမည်၊ ဓားဆွဲရမည်၊ လက်နက်တခုခု ပါအောင်ဆောင်ထားရမည်။ ဦးဝင်းတင်၊ ဦးတင်ဦးစသည့် ခေါင်းဆောင်ကောင်းများလည်း ရှိနေသည်။ ခေါင်းဆောင် မှုကောင်းစွာ ပေးနိုင်သောသူများဖြစ်သည်။ ပြည်သူလူထုကလည်းယုံကြည်ကြသည်။ လူထုက ခေါင်းဆောင်တို့ရဲ့ လမ်းညွန်မှုကိုနားထောင်ကာ ညီညွတ်စွာ တိုက်ပွဲကို ဖော်ဆောင်ရန် အသင့်ဖြစ်သည်။ ပြည်ပကလည်း ပြည်တွင်းတွင် လိုအပ်သော အကူအညီရနိုင်ရန် အရံသင့် ဖြစ်နေရမည်ဖြစ်သည်။ အခုဆိုလျှင် ထိုင်းနယ်စပ်တွင် လူထုတိုက်ပွဲဖော်ဆောင်နိုင်ဖို့ အဖွဲ့ စည်းတခု ဖွဲ့လိုက်ပြီ ဖြစ်သည်။ ယ္ခုအချိန်သည် ပြင်းထန်စွာ တိုက်ပွဲကို ဆင်နွဲပြီး ပြည့်သူ့ အစိုးရအဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းနိုင်ရန်လိုအပ်နေပြီဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ ဆိုသည် ကို စိတ်ကူး ထဲပင် ထည့်ရန်မလိုအပ်။

တကယ်တော့ ဗမာ (မြန်မာ) ပြည်သူတို့သည် နိုင်ငံရေးနိုးကြားပြီးသူများဖြစ်သည်။ မတရားမှုများကို တွန်းလှန်ရန် ဆင့်သင့်ဖြစ်နေသူများဖြစ်သည်။ စစ်တပ်ကို ရွံရှာစက်ဆုတ် နေသည် မှာလည်း ကြာပြီဖြစ်သည်။ ပြည်သူတို့သည် ခေါင်းဆောင်ကို တောင့်တနေကြသည်။ ဆက်သွယ်ရေးကို လိုချင်နေကြသည်။ ခေါင်းဆောင်ပြောသော စကားကို ကြားချင်နေကြ သည်။ ခေါင်းဆောင်ကောင်းများ ခင်းသောလမ်းကို လျှောက်ဖို့ဆင်သင့်ဖြစ်နေကြသည်။ မကျေနပ်မှုများကို အောင့်အီးထားပြီး အချိန်မရွေးပေါက်ကွဲနိုင်သည်။ ကိုယ့်အသက်ကို ပဓာန မထားဘဲ မှန်တရားအတွက်၊ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ဘာသာအတွက်၊ သာသနာ အတွက် တိုက်ပွဲဝင်ရန် စိတ်ဓာအပြည့်ရှိပြီးဖြစ်သည်။ တော်လှန်ရေး အသိပညာမှာလည်း မသေးလှပါ။ ၈၈ ရေးတော်ပုံကစပြီး ရွှေဝါရောင်တော်လှန်ရေးအထိ ဆည်းပူးခဲ့သော တိုက်ပွဲနည်းပညာများ ရှိပြီးဖြစ်သည်။ ကွန်ပြူတာနည်းပညာ ကျွမ်းကျင်သော ရဲဘော်များလည်း များစွာရှိနေပြီ။ သတင်းလောကတွင်လည်း ဖြန့်ကျက်ပြီးဖြစ်သည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တပြည်လုံး လမ်းမပေါ်သို့ထွက်လာရန် စေ့ဆော်လိုက်ပါသည် ပြည်သူ အပေါင်းတို့ခင်ဗျား။

နအဖသည် ယ္ခုအချိန်တွင် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် အရူးချီးပန်းဖြစ်နေ ချေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ခံရန် လူခွဲစီစဉ်နေရခြင်းလည်း ညစ်နည်းပေါင်းများစွာကို စဉ်းစားနေရခြင်းတို့ကြောင့် ခေါင်းခြောက် လှပြီဖြစ်သည်။ NLD ပါတီကလည်း ရွေးကောက်ပွဲမှတ်ပုံ တင်ခြင်းကို မပြုတော့ နအဖသည် နိုင်ငံတကာအလည်တွင် အရှက်မရရန် ညစ်နည်း ပေါင်းစုံကို ထုတ်နေရပြီဖြစ်သည်။ SNLD စရှိတဲ့ တိုင်းရင်းသားပါတီနဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေကလည်း ရွေးကောက်ပွဲဝင်ရန် လုံးဆန္ဒမရှိသည့်အတွက် အားလုံးပါဝင်နိုင်ဖို့ ၀၊ ကချင်၊ ရှမ်း၊ မွန်စတဲ့ တိုင်းရင်းလက်နက် ကိုင်အဖွဲ့တွေကို ခြိမ်းခြောက်လျှက်ရှိသည်။ နအဖသည် ယ္ခုအချိန်တွင် ပြဿနာပေါင်း များစွာကို ခံစားနေရသသည်ဟုဆိုချင်၊ အတိုက်အခံ များကလည်း ကမ်ပိန်းအမျိုးမျိုး စတင် နေပြီဖြစ်သည်။ လူထုတိုက်ပွဲဖော်ဆောင်ရန်အတွက် အချိန်ခါကောင်း၊ အကွက်ကောင်းကို ရောက်နေပြီဟု မှတ်ချက်ပြုသည်။

ပြည်ပ (ရုရှားစသည်) တွင် ပညာတော်သင်နေကြတဲ့ စစ်သားငယ်များကလည်း နအဖ၏ ယုတ်မာမှု၊ ရက်စက်မှု၊ ခွဲခြားစွာဆက်ဆံမှုများကို မခံမရပ်နိုင်ဖြစ်နေကြပြီ။ အချို့ စစ်သားငယ်များဆိုလျှင် ဘလော့ဂ်များလုပ်ပြီး နအဖမကောင်းကြောင်းများ၊ အငယ်သားများ အပေါ် မည်သို့ဆက်ဆံပုံတို့ကို တင်ပြပြီး အောက်ခြေစစ်သားများကို လှုံ့ဆော်မှုလည်း ရှိနေပြီဖြစ်သည်။ ယခုအချိန်တွင် စစ်တပ်မှ ထွက်ခွင့် မရသေးသော်လည်း အခွင့်ကြုံလျှင် ပြည်သူလူထုနှင့် ပူးပေါင်းရန် အဆင့်သင့်ဖြစ်နေကြသည်။ ပြည်သူလူထုကို လုပ်ကျွေူးပြုရန် စစ်သူရဲကောင်းများ ဖြစ်ခြင်နေကြသည်။ စစ်တပ်မှ အထက်လူကြီးများကို အတော်ရွံရှာ လျှက်ရှိချေပြီဖြစ်သည်။ တိုင်းမှုး မြို့တော်ဝန်စတဲ့ ပုဂ္ဂိုလ်များကလည်း စစ်တပ်အထက် လူကြီးများရဲ့ မိန်းမများကို အောက်ကျို့ရသည်ကို မခံစားနိုင်တော့ပြီဖြစ်သည်။ လူထု တိုက်ပွဲသာ ဖြစ်လာလျှင် အချိန်မရွေး လူထုနှင့်ပူပေါင်းရန် ရှိချေသည်။

သံဃာအပိုင်းကလည်း နိုးကြားလျှက်ရှိချေသည်။ ယ္ခုအချိန်တွင် သံဃာတော်များသည် အင်တာနက်ကွန်ယက်ကြီးနှင့် ဆက်သွယ်မိလျှက်ရှိပြီး အသိအမြင်လည်း ပွင့်လင်းလျှက် ရှိနေသည်။ နိုင်ငံရေးတွင် အထူးနိုးကြားနေသော အဖွဲ့အစည်းလည်းဖြစ်သည်။ နအဖ၏ ကန့်သတ် ချုပ်ချယ်မှုများနှင့် မနေလိုကြပြီ။ ၀ိနည်းဘောင်အတွင်းကနေပြီး အမှန်တရားတွက် အသက်စွန့်နစ်နာခံဖို့ အသင့်ရှိနေကြပါသည်။ ရွှေဝါရောင်တော်လှန်းရေး၏ အရှိန်အဟုန်သည် ယခုထိ ကျန်ရှိနေသေးသည်။ တိုက်ပွဲဝင်နည်းနာများကို ကောင်းစွာသိပြီးဖြစ်သည်။ သံဃာ၊ ကျောင်းသား၊ စစ်သားများနှင့် ပြည်သူလူထုကြီးက အပြီးသတ်တိုက်ဆင်နွှဲရန် ပူးပေါင်းရန် အသင့်ရှိနေကြပြီဖြစ်သည်။ စစ်သားကောင်းများကလည်း သံဃာတော်များကို ယုံကြည်သည်။ သံဃာတော်များကလည်း သူတော်ကောင်းစစ်သားများ ရှိနေကြသည်ကို သိရှိပြီးဖြစ်သည်။ ထိုနည်းတူစွာ ပြည်သူလူကြီးက ချီးကြူးထောမနာပြုပြီး လက်ချင်းချိတ်ကာ တိုက်ပွဲဝင်ရန် အရံသင့်ဖြေနေချေပြီ။ ထို့အတူပင် အနုပညာသမားများ၊ စာပေသမားများ၊ သတင်းသမားများ၊ ပန်းချီ (ကာတွန်း) သမားများကလည်း တိုက်ပွဲကို စောင့်စားလျှက်ရှိနေသည်မှာ အားရစရာပင်။

ကုလသမဂ္ဂနှင့် ဥရောပနိုင်ငံများကလည်း စစ်အစိုးရကို ရွံလျှာလျက်ရှိသည်။ အာဆီယံ နိုင်ငံများကလည်း နအဖကို ဖိအားများ ပေးနေပြီ။ ဂျပန်လိုနိုင်ငံကပင် နအဖကို ပြစ်တင်စကား ပြောနေပေပြီ။ မော်လဒိုက်၊ အရှေ့တီမော စတဲ့နိုင်ငံခေါင်းဆောင်များကလည်း နအဖကို ပစ်ပစ်ခါခါ ရှုံ့ချလျှက်ရှိသည်။ ယခုဆိုလျှင် ကာဂျစ္စတန်နိုင်ငံပင် ပြည်သူ့အစိုးရပေါ်ပေါက်ပြီး ဒီမိုကရေစီခြေလှမ်းကို လှမ်းနေပေပြီ။ ကမ္ဘာ့နိုင်ငံများက ငြိမ်းချမ်းရေးကို အထူးလိုလားလျှက်ရှိ နေသည်။ ဆင်းရဲသောနိုင်ငံများကို ဖွံဖြိုးတိုးတက်ရန် ဆောင်ရွက်လျှက်ရှိသည်။ ဗမာ (မြန်မာ) ပြည်သူလူထုက ဒီမိုကရေစီအစိုးရကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်နေကြသည်။ ဗမာ (မြန်မာ) ပြည်သူလူသည် တိုက်ပွဲဝင်စိတ်အပြည့်ရှိသူများဖြစ်သောကြောင့်ပင်တည်း။ နအဖအခက် ပြည်သူ့အကွက်ကို ရောက်နေသော အချိန်အခါကို ရောက်ရှိနေပြီဖြစ်သောကြောင့် လူထု တိုက်ပွဲဆင်နွှဲကြရန် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကို နှိုးဆော်တိုက်တွန်းလိုက်ရ ပါသည်ခင်ဗျား။

တိုက်ပွဲရှိလျှင် အောင်ပွဲရှိသည်။

ဒီမိုကရေစီ ရရှိရေး ဒို့အရေး။

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး ကျဉ်းအသားများ လွတ်မြောက်ရေး ဒို့အရေး။

ပြည်သူ့အစိုးရ ပေါ်ပေါက်ရေး။

ပြည်သူ့အလွှတ်တော် ပေါ်ပေါက်ရေး ဒို့အရေး။

အကျင့်ပျက်ခြစားမှုများ ပပျောက်ရေး ဒို့အရေး။

တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး ဒို့အရေး။

လူ့အခွင့်ရေး ရရှိရေး ဒို့အရေး။

စာပေလွတ်လပ်ခွင့် ရရှိရေး ဒို့အရေး။

ပြည်တွင်းက သံဃာတော်တစ်ပါး ပေးပို့လာတာပါ...