ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နွားရိုင်းတွေ ခွေ့တဲ့ပွဲမှာ ငါတို့ပြည်သူတွေက မြေဇာပင်ဖြစ်ရတယ်။

Photobucket
စစ်ကျွန်အဖြစ်မှလွတ်မြောက်ရန် တိုက်ပွဲဝင်နေကြသော ယုံကြည်ချက် ညီအစ်ကိုတော်အပေါင်းတို့ခင်ဗျား

၂၀၁၀ အတာသင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကြောင့် နောက်ထပ် သေဆုံးမှုများမှာ ပိုမိုတိုးပွားလာနေပါသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် နအဖ စစ်အစိုးရ၏ လက်အောက်ခံ စစ်တပ်မှ အရာရှိအရာခံများ ၊ မယက ဥက္ကဌ ၊ စည်ပင်ဝန်ထမ်း ၊ရယကများနှင့် အပြစ်မဲ့သော ပြည်သူများ သေဆုံးခဲ့ပါသည်။ နအဖစစ်အစိုးရ၏ လက်အောက်ခံများ သေဆုံးခြင်းမှာ မ်းနည်းဖွယ်ရာ မရှိသော်လည်း ကျွန်တော်များ ဒီမိုကရေစီဘက်တော်သား အပေါင်းတို့မှ လူသားချင်း စာနာသောအားဖြင့် ကောင်းမွန်သော ဘုံဘ၀များသို့ ရောက်ရှိစေရန် ဆုတောင်းပေးခဲ့ကြပါသည်။ သေဆုံးသွားကြကုန်သော အပြစ်မဲ့ပြည်သူ များအတွက်မူ ရင်ထဲအသည်းထဲမှ လှိုက်လှုက်လှဲလှဲ ၀မ်းနည်းကြရပါသည်။ နောက်နောင်ဘ၀များတွင်လည်း စစ်အစိုးရ၏ နှိပ်စက်ညှဉ်းဆဲ သတ်ဖြတ်ခြင်းခံရသော အဖြစ်ဆိုးများမှ ကင်းဝေးကြစေရန် ဆုတောင်းမေတ္တာ ပို့သအမျှပေးဝေ ခဲ့ကြပါသည်။

ယနေ့အထိ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေမှာ အယောက်၄၀ကျော်ပြီ ဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ရရှိပါသည်။ ၁၉.၄.၂၀၁၀နေ့အထိ ရေဝေးသုဿန်တွင် ဗုံးပေါက်ကွဲ
မှုကြောင့် သေဆုံးသူများကို သဂြိုဟ်ခဲ့ရာ ၁၀ဦးတိတိ ရှိပြီဖြစ်ကြောင်း၊ ထိန်ပင်သုဿန်၌ သဂြိုဟ်မှု ဦးရေမည်မျှရှိသည်ကို အတိအကျ မပြောဆိုနိုင်သေးကြောင်း၊ ဒဏ်ရာရထားသူ များမှာလည်း နောက်ထပ် သေဆုံးနိုင်ဖွယ်ရာရှိကြောင်း ကြားသိခဲ့ရပါသည်။ ယနေ့မွန်းလွဲပိုင်း နာရီ တွင် ရေဝေးသုဿန်၌ မီးသဂြိုလ်ခဲ့သော သေဆုံးသူ လူငယ်လေးမှာ မောင်ပိုင်ပိုင်ဦး အသက်(၁၈)နှစ်ဖြစ်ကြောင်း၊၄င်းလူငယ်လေးသည် ဗုံးပေါက်ကွဲမှုကြောင့် ဦးခေါင်းနောက်စေ့တွင် ဒဏ်ရာရရှိခဲ့ပြီး ၁၇.၄.၂၀၁၀ နေ့လည် ၁း၄၅ အချိန်တွင် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ သေဆုံးသွားခြင်းဖြစ်ပါသည်။

BOmb
ဗုံးပေါက်ကွဲမှု၏ နောက်ဆက်တွဲသတင်းများမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင်သန်းရွှေ၏ မြေး ဗိုလ်ချုပ်မှုးလေး ဖိုးလပြည့်အား စစ်ဖက်မှ ဗိုလ်ချုပ်တစ်ဦး၏ သားဖြစ်သူမှ လုပ်ကြံခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိပါသည်။ ယင်းပေါက်ကွဲမှု မဖြစ်ပွားခင်ရက်အလိုတွင် စရဖ ထောက်လှမ်းရေးအဖွဲ့မှ သတင်းကြိုတင်ရကြောင်း၊ ယင်းဖေါက်ခွဲရေးဗုံးကို X20 မဏ္ဍာပ်ပေါ်မှနေ၍ LINCONL ကုမ္ပဏီမှဆေးလိပ်များ၊ အရက်ပုလင်းများ ကြဲချရာတွင် ရော၍ပစ်ချကြောင်း၊ ဖေါက်ခွဲမှုပြုလုပ်သူများမှာ နအဖစစ်အစိုးရ စွပ်စွဲပြောဆိုနေသော တိုင်းရင်းသားအဖွဲ့အစည်း၊ ကျောင်းသားအဖွဲ့အစည်းများ မဟုတ်ဘဲ နအဖစစ်အစိုးရ စစ်တပ်မှ လူများအချင်းချင်း လုပ်ကြံမှုဖြစ်ပါကြောင်း ခိုင်လုံသေချာတိကျသော သတင်းရပ်ကွက်များမှ ပေးပို့လာပါသည်။

လေးစားဦးညွှတ်လျှက်

Burma paparazi
Photobucket
ပေးပို့လာသူ Burma Paparazi အားကျေးဇူးတင်ပါသည်။
Align Center