ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

VOA ဧပြီလ တတိယပတ် တီဗွီမဂ္ဂဇင်း အစီအစဉ်...

ဧပြီလ ၁၇ ~ ၂၄၊ ၂၀၁၀ တီဗွီမဂ္ဂဇင်းအစီအစဉ်မှာ ~
ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှုသတင်း။ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ရဲ့  အမေရိကန်-မြန်မာ ဆက်ဆံရေးမူဝါဒဆိုင်ရာ ပြောဆိုမှု။ မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ သတင်းစာရှင်းလင်းပွဲမှာ ပြောဆို။ တရုတ် မြေငလျင်သတင်း။ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ဆိုင်ကလုန်မုန်တိုင်းသတင်း။ ထိုင်းလူထု (ရှပ်နီ - red shirt) တို့ရဲ့  ဆန္ဒပြပွဲ နောက်ဆက်တွဲသတင်း။ ကမ္ဘာ့အင်အားကြီးနိုင်ငံများ နဲ့ အီရန် နျူကလီယားအရေး တွေ့ဆုံဆွေးနွေးပွဲသတင်း။ Iceland နိုင်ငံ Eyjafjallajoekull မီးတောင်ပေါက်ကွဲမှုသတင်း။

ရန်ကုန်သင်္ကြန်ပွဲတော် ဗုံးပေါက်ကွဲမှု နဲ့ နောက်ဆက်တွဲအခြေအနေကို မစုမြတ်မွန် က တင်ပြပေးထားပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့  နှစ်သစ်ကူးသင်္ကြန်ပွဲတော်အကြောင်းကို ဦးသားညွှန့်ဦး က တင်ပြပေးထားပါတယ်။
အပိုင်း၃ အပိုင်း၎ အောက်မှာဆက်ကြည့်နိုင်ပါတယ်။

တွေ့ဆုံမေးမြန်းခန်းကဏ္ဍမှာ - ထိုင်း ဒုတိယဝန်ကြီးချုပ် တလိုင်ရုန်း ဆူဝမ်နခရီ (Trairong Suwannakhiri) ကို မြန်မာ့အရေး နဲ့ ထိုင်းနိုင်ငံရေး အခြေအနေများကို ဦးသိန်းထိုက်ဦး တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမားမှတ်ပုံတင်ရေး စည်းကမ်းတွေကြောင့် ထိုင်းနိုင်ငံရောက် ရွှေ့ ပြောင်းအလုပ်သမားများ နေရပ်ပြန်ပို့ခံမယ့် အခြေအနေအကြောင်း မခွါညိုရဲ့  သတင်းဆောင်းပါး။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ (Washington, DC) မှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ နျူကလီယား လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲ (Nuclear Security Summit) အကြောင်း ဦးရော်နီညိမ်းရဲ့  သတင်းဆောင်းပါး။

မအေးသန္တာကျော် စုစည်းတင်ပြပေးထားတဲ့ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း တခြားနိုင်ငံများမှ ကျင်းပပြုလုပ်သော ဘာသာရေး၊ ရိုးရာပွဲတော်များအကြောင်း စတဲ့ မြန်မာနဲ့ နိုင်ငံတကာ သတင်းဆောင်းပါးများကို တင်ပြပေးထားပါတယ်။