ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ချယ်ရီပင်အောက်က တိုကျိုမြန်မာသင်္ကြန်ပွဲ ဓာတ်ပုံမှတ်တမ်း(ဒုတိယပိုင်း)

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့(၁၉)ကြိမ်မြောက် မြန်မာမိသားစု အတာသင်္ကြန်ပွဲတော်ကို ဂျပန်နိုင်ငံတိုကျိုမြို့ INOKASHIRA ပန်းခြံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲတော်အခမ်းအနားကို မနက်၁၀နာရီခွဲမှ ညနေ၅နာရီ အထိကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ပွဲတော်အခမ်းအနားကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးမှ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပါတယ်။ ပွဲတော်အခမ်းအနားသို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂမှဥက္ကဋ္ဌ Mr.Suematsu, ဂျပန်နိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ ABSDF အဖွဲ့ ဥက္ကဋ္ဌ ကိုသံခဲတို့မှ အမှာစကားများ ပြောကြားခဲ့ပါတယ်။

ယနေ့ ကျင်းပတဲ့ မြန်မာ့မိသားစု အတာသင်္ကြန်ပွဲတော်သို့ မြန်မာလူမျိုးများ၊ ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသားများ ၈၀၀ကျော် ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ ထူးခြားသည်မှာ ယခုနှစ်သင်္ကြန်ပွဲတော်ပွဲတော်သို့ ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသားများ အထူးများပြားစွာ လာရောက်အားပေးခဲ့ကြပါတယ်။ ဖျော်ဖြေရေးအနေနှင့် မြန်မာ့ရိုးရာသံချပ်၊ မြန်မာအကများ၊ မြန်မာခေတ်ပေါ်တီးဝိုင်းများ၊ ဂျပန်တီးဝိုင်းများ ၊အငြိမ့်များဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။ ယခုနှစ်ကျင်းပသည့်ပွဲတော်၌ မြန်မာအစားအသောက်ရောင်းချသည့် ဆိုင်ခန်းပေါင်း ၃၆ဆိုင်အထိ လာရောက် ရောင်းချခဲ့ပါတယ်။ အခမ်းအနားကို ညနေ(၅)နာရီ(၃၀)မှာ ကံစမ်းမဲများဖောက်ပေးပြီး ရုပ်သိမ်းလိုက်ပါတယ်။

ကံစမ်းမဲ ပေါက်ဂဏန်းများကတော့
ပထမဆု(1297) Notebook Computer ဆုလာရောက်မထုတ်ယူသေး..
ဒုတိယဆု(1433) Ipod ဆုထုတ်ယူပြီး
တတိယဆု (1236) Digital Camera ဆုလာရောက်မထုတ်ယူသေး..