ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ချီတက် ဆန္ဒပြပွဲ-ဂျပန် (Global Action Campaign)...

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ချီတက် ဆန္ဒပြပွဲ-ဂျပန် (Global Action Campaign)

နအဖ စစ်ခေါင်းဆောင်တို့က စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ရွေးကောက်ပွဲအား ကျင်းပတော့မည် ဖြစ်၍ ဒီမိုကရေစီ လိုလားသည့် ပြည်ပရောက် မြန်မာနိုင်ငံသားတို့က ကမ္ဘာအနှံ့ ဆန့်ကျင် ဆန္ဒပြကြရန်နှင့် တရားမျှတမှု မရှိသည့် အပြင် နိုင်ငံတကာ ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းများဖြင့် ကိုက်ညီခြင်းလည်း မရှိသော အဆိုပါ ရွေးကောက်ပွဲအကြောင်းကို ဂျပန်နိုင်ငံသားများ ပိုမိုသိရှိလာကြစေရန် ရည်ရွယ်၍ Global Action Campaign ချီတက်ဆန္ဒပြပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသားအားလုံး အပြင်းထန်ဆုံး ခွပ်ဒေါင်းစိတ်ဓါတ်ဖြင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင် ချီတက် ဆန္ဒပြကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။


နေ့ရက် -၁၈-၉-၂ဝ၁ဝ (စနေနေ့)

စုရပ် -Ebisu ပန်းခြံ

လူစုချိန် -မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်

အခမ်းအနား စတင်ချိန် -မွန်းလွဲ ၂ နာရီ

စတင်ချီတက်ထွက်ခွာချိန် -မွန်းလွဲ ၃ နာရီ

ချီတက်ရာ လမ်းဆုံး -Setagaya ပန်းခြံ


လေးစားစွာဖြင့်

ပြန်ကြားရေး

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)