ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပဲခူးမှာ စစ်တပ်ရဲ့လူငယ်နှစ်ဦးအပေါ် ရက်စက် အကြမ်းဖက် သတ်ဖြတ်မှု...

သေဆုံးသွားသော အောင်သူဟိန်း၏ဓာတ်ပုံ
သေဆုံးသွားသော စိုးပိုင်ဇော်၏ဓာတ်ပုံ

ပဲခူးမြို့တွင်အရက်မူးနေသော စစ်သားများနှင့် ရန်ဖြစ်ပြီး သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်၍ လူငယ်(၂)ဦးသေဆုံး

ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း မြလမ်း တွင်နေထိုင်သူ လူငယ်(၂)ဦးဖြစ်သော အောင်သူဟိန်းနှင့် စိုးပိုင်ဇော်တို့ဂီတာတီးနေစဉ် အရက်သောက်ပြီး မူးယစ်နေသော ခမရ(၁၀၁)၊ ခလရ(၅၉)တပ်မှ အရာရှိနှင့်စစ်သားများနှင့် ရန်ဖြစ်ကြပြီး နောက်စစ်သားများ တပ်စခန်းသို့ ပြန်သွားခဲ့ကြပါသည်။ ထို့နောက်ပြန်လာပြီး စစ်သား(၁၀)ယောက်မှ သေနတ်ဖြင့် မြလမ်းထိပ်တွင် ပစ်ခတ်ရာ သေနတ်ဒဏ်ရာဖြင့် အောင်သူဟိန်းက ၆ချက်ထိ-- စိုးပိုင်ဇော်က၄ချက်ထိပြီးနေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိပါသည်။ ထိုသို့ပစ်ခတ်ပြီးသွားတဲ့နောက်မှာ စစ်သားမှ ရပ်ကွက်ရှိပြည်သူများသို့ " ကြိုက်တဲ့အကောင် စမ်းချင်ရာစမ်း မင်းတို့အကောင်တွေ သေချင်းဆိုးနဲ့သေလိမ့်မယ်"လို့ အော်ဟစ် ကြိမ်းမောင်းသွားကြောင်း မျက်မြင်သက်သေများက ပြောဆိုကြပါတယ်။ သေဆုံးသွားသောသူများ၏ မိဘများကရင်ခွဲရုံတွင် မိမိတို့သားများ၏ရုပ်အလောင်းကို အိမ်သို့ပြန်လည်ယူဆောင်ရန် တောင်းဆိုခဲ့ခြင်းကို အာဏာပိုင်များက တားမြစ်နေကြောင်း သိရှိရပါသည်.

videoဖိုင်နှင့် သတင်းပေးပို့သော ဦးအေးမြင့် (လမ်းပြကြယ်) နှင့် ကိုဒေါင်းမာန်ဟုန်အား ကျေးဇူးတင်ရှိပါသည်။

နောက်ထပ်ပေးပို့လာတဲ့ ဆက်ရပ်သတင်းကတော့

မနက်ပိုင်းက ပဲခူးမြို့ရှိရင်ခွဲရုံတွင် သေဆုံးသူ(၂)ဦးအား ရင်ခွဲစစ်ဆေးပြီး၊ မိဘများက အိမ်သို့ ပြန်လည်ရယူရန် တောင်းဆိုရာတွင် ပြန်လည်ယူခွင့် မပေးကြောင်းသိရှိရသည်။ ရင်ခွဲစစ်ဆေးနေချိန်တွင် နယ်မြေခံ ထောက်လှမ်းရေးများ၊ အရပ်ဝတ်နှင့်ရဲများ၊ စစ်သားများက ၀င်ရောက် နေရာယူနေသဖြင့် ရပ်ကွက်နေပြည်သူများ၊ သေဆုံးသူတို့၏ မိဘဆွေမျိုးများသည် ရင်တွင်းခံစားချက်ကို ထုတ်ဖော် ပြောနိုင်ခြင်းမရှိကြောင်း မျက်မြင်သက်သေတဦးမှ ပြောကြားသည်......