ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့ (၆၇)နှစ်ပြည့်မွေးနေ့ အခမ်းအနား..

ဓာတ်ပုံဦးထာဝရ၊ကိုကျော်ကျော်နိုင်
ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်

ပူတာအိုထောင်မှာ စစ်အာဏာရှင်များရဲ့ ထောင်ဒဏ်(၉၃)နှစ် မတရားဖမ်းဆီး ထိမ်းသိမ်းခြင်းခံနေရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့ (၆၇)နှစ်ပြည့်မွေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တိုကျိုမြို့ ဆုဂါမိုအရပ်ရှိ IBMO ကျောင်းတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်(SND-Japan) မှဦးစီး ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ မနေ့က (၁၁)ရက်နေက ကျရောက်တဲ့ ဦးခွန်ထွန်းဦး (၆၇)နှစ်ပြည့်မွေးနေ့အား ရည်စူး၍ သံဃာတော် ၂ပါးအား ဆွမ်းဆက်ကပ် လှူဒါန်းပြီး ဦးခွန်ထွန်းဦးနှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ပါစေကြောင်း ရေစက်ချ သာဓုခေါ်ယူကာ ဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ်...။

(၁၁)ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့ (၆၇)နှစ်မြောက်မွေးနေ့မှာ ဦးခွန်ထွန်းဦး အမြန်လွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

မနှစ်က ရှမ်းတိုင်းရင်သားခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့(၆၆)နှစ်မြောက် မွေးနေ့မှာ ရေးသားထုတ်ဝေတဲ့ ဦးခွန်ထွန်းဦးရဲ့အတ္တုပတ္တိကို ပြန်လည်ဖော်ပြလိုက်ပါတယ်..