ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အဆိုတော်တစ်ဦးမှ ပရိသတ်အား ကျေးဇူးတုံ့ပြန်ခြင်း...


ကိုယ်တွေ့ကြုံလာသူ တစ်ဦး

28.8.2010ရက်နေ့က ပြုလုပ်ခဲ့သော အဆိုတော် နောနော်၏ ...တစ်ကိုယ်တော်ရိုးပွဲတွင် သူဧ။်အခွေသစ် အိပ်မက်ထဲကလူ သီချင်းများကိုသာ သီဆိုခဲ့ပြီး အစီအစဉ်ကို ရုတ်သိမ်းခဲ့သည်။ ထို့ကြောင် ပရိတ်သတ်များကမကျေနပ်သဖြင့် ရေသန့်ဘူးဖြင့်ပေါက်ကာ အော်ပြောတော့ “ခင်ဗျားတို့က ရိုင်းတယ်လို့ ပြောပါတယ်။ နောက်တော့ “မီးတွေအားလုံးမှိတ်ပြီး ဆင်းသွားတော ပရိတ်သတ်က အော်ဆဲတယ်။ အဲဒီမှာပဲ လုံခြုံရေးဆိုတဲ့သူတွေက နံပါတ်တုတ်တွေနဲ့ လူငယ်တွေကိုလိုက်ရိုက်တယ်။ အဲဒီထဲမှာ ကျွန်တော်လည်း အပြေးလွှားပေါ့။ အရေးခင်းလိုပါပဲဗျာ။ အံ့သြဖို့လဲကောင်းတယ်။ ထမင်းရှင်တွေကို စော်ကားရဲတယ်။ မသကာဆို သူပွဲထိန်းတတ်ရမှာပေါ့။ အခုတော့ဗျာ…မိတ်ဆွေတို့လည်း ကြုံဖူးမှသိလိမ့်မယ်။ ဒါက အတင်းမဟုတ်ဘူး။ ကောလဟာလလဲ မဟုတ်ဘူး ကိုယ်တိုင်ကြုံခဲ့ရတာပါ။ ရင်နာစရာကောင်းတယ်ဗျာ။ ကျွန်တော်တို့လို လူငယ်လေးတွေ ရေတွေဗွက်တွေကြား လူးလှိမ့်ပြီး နံပါတ်တုတ်အောက်မှာ ပြားပြားဝပ်နေရတယ်။ အခုဒီစာဖတ်တဲ့လူတွေမှာလည်း ကြုံခဲ့တဲ့လူပါချင်ပါမှာပါ။

သူ့ကိုချစ်လွန်းလို့ မိုးရေထဲမှာ အားပေးနေတဲ့ပရိတ်သတ်ကို ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့စေခဲ့တာ တော်တော်ဆိုးဝါးတဲ့ ဖြစ်ရပ်ပါပဲ။ ကျွန်တော့်မှာ ကင်မရာမပါသွားလို့ပေါ့။ မိတ်ဆွေတို့ကိုပြချင်တယ်။ ခံရတဲ့သူတွေ သနားပါတယ်ဗျာ။ သူတို့လေးတွေနှုတ်က ပြောတဲ့စကားတွေဆို ပိုတောင်ခံစားရခက်တယ်။ နောနော်ရယ်။ မင်းကိုချစ်လွန်းလို့ မိုးရေထဲမှာလာပြီး အားပေးတာ မင်းမို့လုပ်ရက်တယ် တဲ့။ တော်ပါပြီ ရင်ထဲမှာ မကျေနပ်လွန်းလို့ ရေးနေတာပါ။ သူပြုတဲ့ကံသူပြန်ခံရမှာပါ။

ကိုယ်တွေ့ကြုံလာသူ တစ်ဦးမေလ်းထဲပို့ပေးခြင်း