ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပဲခူးမြို့မှာ သေဆုံးသွားတဲ့ လူငယ်နှစ်ဦးထားရှိရာ ရင်ခွဲရုံသို့. မခံရပ်နိုင်သည့် ပဲခူးမြို့ခံများ လာရောက်ကြည့်ရှု

ဗီဒီယို အသံဖိုင် အတွက် ကိုဒေါင်းမာန်ဟုန်အား ကျေးဇူးတင်ပါသည်...
Get this widget | Track details | eSnips Social DNA
အဒေါ်ဖြစ်သူရဲ့ အသံဖိုင်ပါ...

ပဲခူးမြို့မှာ ပြီးခဲ့တဲ့ ၄ရက်နေ့ ညသန်းခေါင်းကျော်က စစ်သားများရဲ့ အကြမ်းဖက် ရမ်းကားစွာ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ မောင်အောင်သူဟိန်းနှင့် မောင်စိုးပိုင်ဇော်တို့ကို ထားရှိရာ ရင်ခွဲရုံသို့ ပဲခူးမြို့ခံပြည်သူများ စုရုံးရောက် ရှိခဲ့ကြပါတယ်..။ ဒီလို အကျည်းတန်တဲ့ ဥပဒေမဲ့ လုပ်ရပ်ဟာ ရန်ကုန်နဲ့ ဘာမှ မဝေးလှတဲ့ ပဲခူးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တာပါ..။ အားလုံးသော ပြည်သူတွေရဲ့ စိတ်ထဲမှာ ခံပြင်းမှုတွေ အံ့ကြိတ်မှုတွေ အပြည့်နဲ့ပါ....။ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုစစ်အစိုးရရဲ့လူမဆန်မှုတွေဟာ တိုင်းရင်းသား ဒေသတွေမှာ လူမမြင်သူမမြင် ဖြစ်နေတာတင်မကပဲ အခုမြို့ပေါ်အထိ လက်ရဲဇာတ်ရဲ အကြမ်းဖက်မှုတွေ လုပ်ဆောင်လာတာပါ..။ ဒီကိစ္စကို ကျွန်တော်တို့ လစ်လျူရှူလိုက်မယ်ဆိုရင် ဒီလိုမျိုး အလားတူတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေက ဇာတ်တိုက် ပေါ်ထွက်လာပါလိမ့်မယ်..။

ဒီလူမဆန်တဲ့ လုပ်ရပ်ဟာ... ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံသားတိုင်းကို အကာအကွယ် ပေးထားပါတယ် ဆိုတဲ့ ဥပဒေရဲ့ စံချိန်စံညွှန်းကို သုံးသပ်နိုင်ပါတယ်..။ ဒီဖြစ်စဉ်မှာ မသကာ ဖမ်းဆီးဆုံးမ ပြန်လွှတ် ပေးလိုက်တယ် ဆိုရင် လက်ခံနိုင်ပါသေးတယ်.. အခုတော့ ကြက်ကလေး ငှက်ကလေး တွေလို လွယ်လွယ်ကူကူ ဥပဒေမဲ့ သတ်ဖြတ်ခဲ့ကြတာပါ.. ဗိုလ်ချုပ်မင်းတို့ ခင်ဗျား.. ခင်ဗျားတို့ သားသမီးတွေ ဒီလို အဖြစ်ဆိုးနဲ့ ကြုံမယ်ဆိုရင် ဘယ်လိုခံစားရမလဲ မေးမြန်းချင်ပါတယ်.. ။ စစ်တပ်ဆိုတာ ကျွန်တော်တို့ ပြည်သူတွေ မြင်တာတော့ အခွင့်ထူးခံ ဥပဒေ အထက်မှာ ရှိတဲ့ အော့နှလုံး နာစရာ လက်နက်ကိုင် ဓားမြ လူသတ် အဖွဲ့အစည်း ကြီးတစ်ခုလို့ပဲ မြင်နေပါပြီ..

စစ်ဥပဒေကို အတည်ပြုပေးမယ့် ရွေးကောက်ပွဲ မှာပါဝင်ယှဉ်ပြိုင်မယ့် ပြည်သူအတွက် ရွေးကောက် ဝင်တာပါဆိုတဲ့ ..အဖွဲ့အစည်းတွေကို မေးချင်တာကတော့ ဒီကိစ္စမှာ ခင်ဗျားတို့နဲ့ မဆိုင်သလို နေမယ်ဆိုရင်တော့ ပြည်သူတွေနဲ့ အလှမ်းဝေးသထက် ဝေးသွားပါလိမ့်မယ်..။ လူကြီးမင်းတို့ သားအရွယ်တွေပါ ကိုယ်ချင်းစာကြည့်လိုက်ပါ..။ ကိုယ်တိုင်ကော ရွေးကောက်ပွဲမှာ ဥပဒေအကာအကွယ် ရမယ်ထင်ပါလား...။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ထင်ပါလား..။ ဒီကိစ္စကို လူကြီးမင်းတို့ အနေနဲ့ မီးမောင်းထိုးပြပြီး ပြည်သူကို အကာအကွယ်ပေးရမဲ့ အချိန်ပါ...။

အခုအချိန်မှာ ပဲခူးမြို့မှာ သာမက နေရာတိုင်းမှာ ဒီသတင်းအတွက် ရင်နာနာနဲ့ စောင့်ကြည့်နေကြတာပါ..။ ကျွန်တော်တို့ စစ်အာဏာပိုင်တွေရဲ့ ဖြေရှင်းချက်ကို စောင့်မလား ကိုယ်တိုင်ဖြေရှင်းဖို့ တောင်းဆိုကြမလား နောင်ဒီအဖြစ်ဆိုးတွေ နောက်မကြုံရအောင် ဒီစစ်အာဏာရှင် စံနစ်ကို အမြစ်ကမကျန် တွန်းလှန်ကြမလား ကျွန်တော်တို့ အားလုံး ကိုယ်စီမှာ တာဝန်ရှိနေပါပြီ...။

ဒီမိုဝေယံ...