ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သွေးသစ္စာရှင်(သို့)ရဲရဲတောက် မ၀င်းမော်ဦး၏ ကွယ်လွန်ခြင်း(၂၂)နှစ်ပြည့် ဆွမ်းကျွေး တရားတော်နာ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာကျင်းပ...

သွေးသစ္စာရှင်(သို့)ရဲရဲတောက် မ၀င်းမော်ဦး၏ ကွယ်လွန်ခြင်း(၂၂)နှစ်ပြည့် ဆွမ်းကျွေး တရားတော်နာ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာကျင်းပ

၁၉.၉.၁၉၈၈ ရက်နေ့တွင် န၀တစစ်အစိုးရ၏ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသော အသက်(၁၆)နှစ် အရွယ်ရှိ အဌမတန်း ကျောင်းသူလေး မ၀င်းမော်ဦး ကွယ်လွန်ကျဆုံးခြင်း (၂၂)နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် အမှတ်(၁၀၇၆)၊ အပိုင်း(၃) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ သူမ၏ မိဘများနေအိမ်၌ ဆွမ်းကပ် တရားတော်နာ ရေစက်ချ အမျှပေးဝေခဲ့ပါသည်။ ၀ါးကျောင်းဆရာတော် အမှုးရှိသော ပင့်သံဃာ(၅)ပါးကို ဆွမ်း၊ သင်္ကန်း၊ လှုဖွယ်ဝတ္ထုများဖြင့် ဆက်ကပ် လှုဒါန်းကြောင်း သိရှိရပါသည်။ နအဖစစ်အစိုးရ၏ SB ထောက်လှမ်းရေးများက ကြွရောက်လာသော သံဃာတော် အရှင်သူမြတ် များ၏ ဘွဲ့တော်များကို မေးမြန်းသည်မှအပ မည်သည့် အနှောင့်အယှက် တစ်စုံတစ်ရာမှပြုလုပ်ခြင်း မရှိကြောင်းလည်း သိရပါသည်။ ဆွမ်းကပ်တရားတော် နာယူပွဲသို့ သူမ၏အဖွား အရင်းဖြစ်သူ အသက်(၈၈)နှစ်အရွယ်ရှိ ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင်ဒေါ်နီနှင့် ရှေ့ နေကြီး ဘဘဦးအုန်းမောင်၊ ရွှေပြည်သာမှ NLD ပါတီဝင် ရဲရဲတောက်ဦးသိန်းအောင်၊ ကဗျာဆရာ သူရဇ္ဈာန်၊ အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်၊ NLDပါတီမှ အမျိုးသမီးခေါင်းဆောင်များ၊လှိုင်သာယာမြို့နယ်မှ NLDပါတီဝင်များနှင့် မြောက်ဥက္ကလာပမြို့နယ် NLD ပါတီဝင်များ လာရောက်ချီးမြှင့် အားပေးခဲ့ကြပါသည်။ ရွှေပြည်သာမြို့နယ်မှ NLD ပါတီဝင် ရဲရဲတောက်ဦးသိန်းအောင်မှ မ၀င်းမော်ဦးအား ဂုဏ်ပြုသောအားဖြင့် (သွေးသစ္စာ) အမည်ရှိ ကဗျာကိုလည်းကောင်း၊ ကဗျာဆရာ သူရဇ္ဈာန်မှ (အောင်ပွဲရမှ အမျှဝေပါ) အမည်ရသော ကဗျာတို့ကိုရွတ်ဖတ်ပြီး အလေးပြုခဲ့ကြပါသည်။ တစ်နှစ်ပြီးတစ်နှစ်၊ နှစ်ကာလတွေ ကြာမြင့်ခဲ့ပါ သော်လည်း အမှန်တရားအတွက်၊ ဒီမိုကရေစီရရှိဖို့အတွက် အသက်ပေးဆပ် သွားကြသော မ၀င်းမော်ဦးကဲ့သို့ ကျောင်းသားလူငယ်များ၊ ရဟန်းရှင် လူအပေါင်းတို့အား တစ်စက္ကန့်မှ မမေ့သည့် အပြင် တစ်ရက်ထက် တစ်ရက်ပို၍ပို၍ လေးစားနေမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ အသက်ခန္ဓာကို မငဲ့ကွက်ပဲ ပေးဆပ်သွားသကဲ့သို့ ကျွန်တော်တို့သည်လည်း လွတ်လပ်တရားမျှတမှု မရသရွေ့ ၊ ဒီမိုကရေစီ စနစ် မပေါ်ပေါက်လာသေးသရွေ့ အသက်ကိုစတေးပြီး ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

လေးစားဦးညွှတ်လျှက်
BP