ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ (၇၁) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား...

၇၁ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ၉.၉.၂၀၁၀ တွင်မလေးရှားနိုင်ငံ တရုတ်တန်းခန်းမ တွင် နေ့လည် ၁ နာရီမှ ၄ နာရီထိ မလေးရှားနိုင်ငံရောက် ရခိုင်မျိုးချစ်များမှ ဦးဆောင်ကျင်းပခဲ့ပါသည်။ မြန်မာ့လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန် အနစ်နာခံကာ တိုက်ပွဲဝင်ခဲ့သော ဆရာတော် အသျှင်ဥတ္တမ ၏ ဂုဏ်ကျေးဇူးကို အမှတ်တရ ဂုဏ်ပြုသောအားဖြင့် ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲကို မလေးရှားရောက် မြန်မာစုစုပေါင်း (၁၀၀)ကျော် တက်ရောက်ခဲ့သည်။