ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရုပ်ရှင်သရုပ်ဆောင်များ နာရေးကူညီမှုအသင်း(ရန်ကုန်)အား သွားရောက် လုပ်အားပေး သင်တန်းပေးခြင်းများကို ပိတ်ပင်ခြင်း..

၂၀၁၀ မတ်လ ၁၇ရက်နေ့ နာရေးကူညီမှုအသင်း သရုပ်ဆောင်သင်တန်းဖွင့်ပွဲမှာ သင်ကြားပြသပေးနေတဲ့ ရုပ်ရှင်သရုပ်ဆောင် ညီဂျော်၊ ဂွမ်းပုံကြီး၊ သန်းသန်းစိုး၊ ဆုရွှန်းလဲ့

နာရေးကူညီမှုအသင်း ရုပ်ရှင်သရုပ်ဆောင် သင်တန်း ပို့စ် ပြန်ဖတ်ချင်ရင် Clickနှိပ်ပါ..

ပြီးခဲ့တဲ့ 3.8.2010 RFAသတင်းဌာနမှ. ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် ၄ ဦးကို အနုပညာလုပ်ငန်းပိတ်ပင် ဆိုတဲ့ခေါင်းစဉ်နဲ့ လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အကယ်ဒမီဆုရှင် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်ဖွင့်လှစ်တဲ့ သရုပ်ဆောင်သင်တန်းမှာ သွားရောက် အကူအညီ ပေးခဲ့တဲ့အတွက် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ၄ ဦးကို မြန်မာစစ်အစိုးရ လက်အောက်ခံ ရုပ်ရှင် အစည်းအရုံးက ရုပ်ရှင် အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။ အပိတ်ခံရတဲ့ အနုပညာရှင် ၄ ဦးကတော့ ဟာသသရုပ်ဆောင် ညီဂျော်၊ အမျိုးသမီး သရုပ်ဆောင် သန်းသန်းစိုး၊ ဂွမ်းပုံနဲ့ ဆုရွှန်းလဲ့တို့ ဖြစ်တယ်လို့ ရန်ကုန် အနုပညာ အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။

ဒါပေမဲ့ တားမြစ်ပိတ်ပင်တဲ့ အချိန်ကာလ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ အခမဲ့ သရုပ်ဆောင်သင်တန်း ဖွင့်လှစ်ထားတဲ့ ရန်ကုန် နာရေးကူညီမှုအသင်းက ဦးကျော်သူကတော့ အခုလို လူမှုရေးလုပ်တဲ့ အနုပညာရှင်တွေကို လုပ်ကိုင်စားသောက်ခွင့် ပိတ်တာဟာ အနုပညာရှင်တွေရဲ့ လူမှုရေးစိတ်ဓာတ်ကို ဖျက်ဆီးရာရောက်သလို လက်ရှိ မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့ ဘဝဟာ အစိုးရအကြိုက် လိုက်နိုင်မှ လုပ်ကိုင်စားလို့ ရမဲ့ အနေအထား ဖြစ်နေတယ်လို့ ပြောပါတယ်။

RFA သတင်း...
ထိုအကြောင်းအရာနဲ့ ပတ်သတ်ပြီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးကျော်သူမှ အောက်ပါအတိုင်း သတင်းပေးပို့လာပါတယ်....။

3.8.2010 ရက်နေ့ကRFAသတင်းဌာနမှ.. အနုပညာသည် လေးဦးအား ရုပ်ရှင်ရိုက်ကူးခွင့်များ ပိတ်ပင်လိုက်သည်ဟု ကိုကျော်သူမှ ပြောကြားသည် ဆိုသည်မှာ မှားယွင်းနေပါသည်။

အမှန်မှာ... နာရေးကူညီမှုအသင်း(ရန်ကုန်)အား သွားရောက် လုပ်အားပေး သင်တန်းပေးခြင်းများကို ပိတ်ပင်ခြင်းဖြစ်ပါကြောင်း.....

ရုပ်ရှင်သရုပ်ဆောင်များ လူမှုရေးလုပ်လိုပါက ရုပ်ရှင်အစည်းအရုံးမှ သဘောတူ ထောက်ခံချက်ရပါမှ လုပ်ရမည့်သဘောပင် ဖြစ်တော့သည်။

( ရုပ်ရှင်သည် ပြည်သူ့ အတွက်....တဲ့ဗျာ။)

လေးစားစွာဖြင့်...ကျော်သူ

ရုပ်ရှင်သရုပ်ဆောင်တွေ ပြည်သူတွေ မထောက်ခံတဲ့ အစိုးရပေါ်လစီကားတွေ ရိုက်မယ်ဆိုရင် ထမင်းကျွေးတဲ့ မြန်မာပြည်သူတွေရဲ့ ထောက်ခံချက် ယူသင့် မယူသင့် ရိုက်သင့် မရိုက်သင့် ဆိုတာ စဉ်းစားစရာပါပဲ။

ဒီမိုဝေယံ