ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်နိုင်ငံရှိ တရုတ်သံရုံးရှေ့တွင် အနီးကပ် ဆန္ဒပြခွင့် မပြုသည့်အတွက် ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ ထိပ်တိုက်တွေ့...

မနေ့က ဂျပန်နိုင်ငံရှိ တရုတ်သံရုံးရှေ့တွင် စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေနှင့် အဖွဲ့တရုတ်ပြည်သို့ သွားရောက်ခြင်းအား ကန့်ကွက် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆန္ဒပြပွဲတွင် တရုတ်သံရုံးရှေ့ ဂျပန်ရဲများမှ ပထမနေ့က အနီးကပ် ဆန္ဒပြခွင့် ပြုသော်လည်း ဒုတိယနေ့တွင် ခွင့်မပြုသည့်အတွက် ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ ထိပ်တိုက်တွေ့ခဲ့ကြပါသည်...။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အထူးလေးစားလိုက်နာသည် ဆိုသော ဂျပန်နိုင်ငံတွင် တခြားနိုင်ငံသံရုံးများရှေ့တွင် လွတ်လပ်စွာ ဆန္ဒပြခွင့် ရှိသော်လည်း တရုတ်သံရုံး ဆန္ဒပြမှုများတွင် မကြာခဏ လုံခြုံရေးအား အထူးတင်းကြပ်လေ့ရှိသည်။ု

ဗီဒီယို Maungwto