ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပဲခူးမြို့မှာ ရေကြီးနေတဲ့ ဓာတ်ပုံတွေပါ...

ဓာတ်ပုံ AP

သြဂုတ်လ (၃၀) (၃၁) ရက်နေ့တွေက ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်ကို ကျော်ပြီး ရေကြီးနေတာပါ... တခြားနိုင်ငံတွေ မှာလိုတော့ ကယ်ဆယ်ရေးလုပ်သားတွေ ဘေးလွတ်ရာကို ကယ်ဆယ်နေတာတွေ ရေလွတ်ရာမှာ ယာယီ ကယ်ဆယ်ရေးစခန်းတွေမှာ နေရာချထားပေးတဲ့ ပုံတွေတော့ မပါပါဘူး.. နောက်ဆုံး ဆင်ဖြူရောက်ပြီး ကတည်းက ပထမဦးဆုံးကြုံရတဲ့ သဘာဝ ဘေးအန္တရာယ်ပါပဲ... သတင်းစာထဲမှာ မြင်နေကျ မျက်နှာတွေလည်း ရောက်ရှိမလာသေးပါဘူ.. နအဖ သတင်းစာထဲမှာ ရေးနေကြ ဖော်လံဖားတွေလည်း ရေးကြပါဦး..။ ပဲခူးရေမြုပ် သန်းရွှေပြုတ်ဆိုပြီး ပြောနေကြတယ်လို့လည်း ဆိုပါတယ်...။