ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကြံ့ဖွတ်ပါတီအား နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့်ပြု......

Photobucket
ယနေ့ထုတ်ကြေးမုံသတင်းစာမှာ နိုင်ငံရေးပါတီထူထောင်ခွင့်ပြုသည့်ပါတီ ၁၀ပါတီအနက် အမှတ်စဉ် (၇)နေရာ၌ ဖော်ပြပါရှိလာပါတယ်။ ဝန်ကြီးချုပ်ဦးသိန်းစိန်ဆိုသူ ဦးဆောင်ပြီး ဝန်ကြီး ဒုဝန်ကြီး(၂၇)ဦးပါဝင်တဲ့ အဆိုပါပါတီဟာ မမှန်မကန်ရရှိထားတဲ့ ငွေအင်အား၊ အခွင့်အရေးလိုချင်လို့ ဝင်ရောက်နေတဲ့ လူအင်အား၊ မတရားအာဏာ၊ ကလိမ်ကကျစ် ၊ ကျောထောက်နောက်ခံစတဲ့ အခွင့်အလမ်းများ အစစအရာရာ အခြားပါတီများထက် သာလွန်လျှက်ရှိပါတယ်။