တွံတေးမြို့နယ် ဘုရားကြီးကျေးရွာ မင်္ဂလာပရဟိတဂေဟာ မိဘမဲ့ကလေးများသို့ စာရေးကိရိယာ လိုအပ်သောပစ္စည်းများနှင့်အလှုငွေ ပေးအပ်လှုဒါန်းခြင်း (၁၄.၀၈.၂၀၁၁ ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့)
ပြီးခဲ့တဲ့ ၀ါခေါင်လပြည့်နေ့(၁၄.၈.၂၀၁၁) က တွံတေးမြို့နယ် ဘုရားကြီးကျေးရွာတွင်ရှိသော မင်္ဂလာပရဟိတဂေဟာ မိဘမဲ့ကျောင်းသို့ ၀မ်းတီးနို့ဆီ၊ လှိုင်သာယာ အထည်ချုပ် စက်ရုံများမှ ၀န်ထမ်းများနှင့် အတူသွားရောက်၍ လှုဒါန်းမှု ပြုလုပ်ဖြစ်ခဲ့ပါတယ်။(၁၃၂)လိုင်း အဲယားကွန်းဘတ်(စ်)တစ်စီး၊ လိုက်အေ့ ပစ်ကပ်တစ်စီး၊ ဘီအမ်တစ်စီးနှင့် စုစုပေါင်း အယောက်(၁၀၀) နီးပါးခန့် သွားရောက်ခဲ့ကြပါတယ်။
ထိုအလှုဒါနထဲသို့ ထည့်ဝင်ကြသောအလှုရှင်များစာရင်းမှာ -
ဝမ်းတီးနှင့် အထည်ချုပ်ဝန်ထမ်းများမှလည်း ချွေးနှဲးစာများစုပေါင်း၍ ဆန်ဆယ်အိတ် ၊ ဆီ ၁ ပုံး၊ လဖက်ခြောက်၊ မုန့်ထုပ်များ၊ စာရေးကိရိယာများ နှင့် ငွေသားကျပ် သုံးသိန်း စုစုပေါင်း ကျပ်(၁၂ သိန်း) ဖိုး လှုဒါန်းခဲ့ကြပါတယ်။
ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ စန္ဒိမာ သို့လည်း သင်္ကန်းပရိက္ခရာ အစုံ လှုဒါန်းခဲ့ပါသေးတယ်။
ဆရာတော်မှလည်း သူသည်ကရင်တိုင်းရင်းသားဖြစ်ပြီး ဂေဟာတွင် နာဂစ်မုန်းတိုင်းဒဏ်ခံ မိဘမဲ့ကေ လးများ ပအို့၊ဓနု စသော တောင်ပေါ်တိုင်းရင်းသားများ အပါအ၀င်စုစုပေါင်း ကျောင်းသားဦးရေ ၆၀၄ ယောက်ရှိပါကြောင်း တစ်နေ့လျှင် ဆန် ညမနက် ၆ အိတ်ကုန်ကြောင်းနှင့် ပဲကုလားဟင်းနှင့် ချက်ကျွေးမယ်။ ဆိုရင်တောင် တစ်နေ့တာ ဟင်းဖိုးကြီးပဲ ၆ သောင်းခန့်ရှိကြောင်း ဆန်မှာလည်း တစ်အိပ်လျှင် တစ်သောင်းလေးထောင်/တစ်သောင်းငါး ထောင် တန်ဖိုးရှိ ဆန်သာလျှင် ကျွေးနိုင်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။ ဆရာတော်မှ လှုဒါန်းမှုအစုစုအတွက် သာဓုအနုမောဓနာ သုံးကြိမ်၊ သုံးခါ ဧည့်ပရိတ်သတ်နှင့်တကွ ခေါ်ဆိုခဲ့ပါတယ်။
MRTV - 4 မှ ၇နှစ်မြောက်နှစ်ပတ်လည်အဖြစ် ဆန်အိတ်(၇၀)၊ဆီ(၇)ပုံး၊ဆေး(၇)အိ တ်၊ ငွေကျပ် (၇)သိန်းတို့ကိုလည်း လာရောက်လှုဒါန်းသွားကြောင်းသိရှိ ရပါတယ်။
အခြားအလှုရှင်တစ်ဦးမှလည်း စာသင်ခုံများ လာရောက်လှုဒါန်းတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
အဲဒီနောက် ထမင်းဟင်းနှင့်လာသမျှပရိသတ်အား
အဲဒီနောက် ကျောင်းဝင်းအတွင်းလှည့်ပတ်ကြည့်
ကျောင်းဆောင်များ ထပ်မံတိုးချဲ့ထားကြောင်းနှင့် အစိုးရမှခန့်ထားသော ဆရာ/ဆရာမ ၇ဦးသာရှိပြီး ကျန်သောဆရာမများမှ ဂေဟာမှ ဘွဲ့ရပြီးအလုပ်ပြန်ဝင်သော ဆရာမများဖြစ်ကြောင်း အားလပ်ရက်များတွင် လာရောက် လုပ်အားပေးနိုင်ပါကြောင်း ရန်ကုန်မှ တနင်္ဂနွေ တစ်ရက်ပိတ်၍ အပတ်စဉ်တိုင်း လာရောက်စာသင်ပြပေးသော ဆရာတစ်ဦးမှ ရှင်းပြခဲ့ပါသည်။
အဲဒီနောက်မှတော့ ကျောင်းသူကျောင်းသား အားလုံးအတွ က် ခန်းမထဲမှာ လွယ်အိတ်၊ ပုဆိုး၊ ထမိန်၊ အခြားအသုံးအဆောင် ပစ္စည်းများကို ကံစမ်းမဲဖောက်ပေးခဲ့ကြပါသေးတယ်။
မိမိတို့မဲပေါက်သော ပစ္စည်းများကို ၀မ်းသာအားရ ယူဆောင်ကာပြေးထွက်လာကြသော သူတို့၏အပျော်များက ကျွန်မတို့ကို ကူးစက်သွားမိတာအမှန်ပါပဲ။ တက္ကသိုလ်တက်နေသော ကျောင်းသား/ကျောင်းသူ (၁၆) ယောက်အပါအ၀င် စုစုပေါင်း ၆၀၄ ဦးလုံးလာရောက်၍ တပျော်တပါးမှဲနှိုက်ခဲ့ကြပါတယ်။ ဆရာတော်မှလည်းအခုလို စီစဉ်ပြီးလုပ်ဆောင်ပေးမှုအတွက် အားလုံးကိုယ်စား ၀မ်းသာမိပါကြော င်း နောက်ထပ်အလှုရှင်များ ထပ်မံပေါ်ပေါက်ပါစေလို့ ဆန္ဒပြုပါကြောင်း ပြောကြားခဲ့ပါသည်။
ထော်လာဂျီပေါ်မှ ကလေးငယ်ကတော့ အသက်(၆)နှစ်သာရှိသေးပြီး နာဂစ်ပြီးနောက် ဂေဟာသို့ ရောက်လာခြင်းဖြစ်ကြောင်း ပြောနေစဉ်တွင် သူရဲ့မျက်ဝန်းထဲမှာ ၀မ်းနည်းအားငယ်စိတ်တွေ ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။
ဆရာတော်ရဲ့ကြီးကြပ်မှုနဲ့အောက်မှာ မိမိတို့ဝေယျာဝစ္စကို ကိုယ်တိုင်ပြုလုပ်ရတဲ့အပြင် သန့်ရှင်းရေး၊ အလှည့်ကျကျောင်းရဲ့  ဝေယျာဝစ္စများကိုပါ ပြုလုပ်နြေ က ရပါတယ်။
အားလုံးကိုနှုတ်ဆက်ပြီး ဂေဟာမှပြန်ထွက်လာချိန်မှာတော့ ကလေးငယ်များက မုဒ်ဦးဝအထိ ပြေးလိုက်လာကြပြီး လက်ပြ နှုတ်ဆက်ခဲ့ကြပါတယ်။
အပြန်လမ်းမှာတော့ အရှင်ဆန္ဒာဓိကရဲ့ နှလုံးသားမိတ္တူ လက်ကမ်းစာစောင်ေ လးကို အားလုံးကို မျှဝေပေးခဲ့ပြန်ပါသေး တယ်။
ရပ်နီးရပ်ဝေးမှာ သဒ္ဓါတတ်အားနည်းများမဆို ပါဝင်လှုဒါန်းပေးပါသော မိတ်ဆွေသင်္ဂဟ အပေါင်းကို ကျွန်မတို့ပြုရသော ကုသိုလ်ကောင်းမှုအတွက် သာဓု...သာဓု...သာဓု သုံးကြိမ်ခေါ်ဆိုပေးကြပါရန် ထောပနာပြုလိုက်ရပါတယ်။
မိမိတို့ကုမ္ပဏီ၊စက်ရုံ၊အလုပ်ရုံ
ဘဒ္ဒန္တ စန္ဒိမာ
ဘုရားကြီး မင်္ဂလာတိုက်ကျောင်း
မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသင်တန်းကျောင်း
ဘုရားကြီးရွာ၊ တွံတေးမြို့နယ်၊ ရန်ကုန်တိုင်း။
၀၉ - ၈၆၁ ၅၀၀၈ ၊ ၀၉ - ၈၆၁ ၂၃၂၀
ခင်မင်စွာဖြင့်
မယုမင်းလွင်(၁၆/၀၈/၂၀၁၁)
KH.MMR office