ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေ့အိမ်မှ တိုင်းပြည်ချစ်သော လူငယ်များ....

အမေ့အိမ်မှ တိုင်းပြည်ချစ်သော လူငယ်များ

သူငယ်ချင်းများအားလုံး မင်္ဂလာပါ...

(28.8.11) Beautiful Sunday မှာ အမေ့အိမ်ပညာဒါနကျောင်းလေးက ကြည်နူးဝမ်းသာစရာ သတင်းမြင်ကွင်းလေးကို မျှဝေပေးလိုက်ပါတယ်။ Myanmar Youth Internet Donation Group(MYD)က လူငယ်များ သူတို့ ရဲ့ လစာဝင်ငွေလေးတွေကို စုပေါင်းပြီး အမေ့အိမ် စာကြည့်တိုက် အတွက် လိုအပ်နေတဲ့ စာပွဲခုန် နှစ်စုံ၊ စာအုပ်မျိုးစုံနဲ့ ဂျာနယ်မျိုးစုံတို့ကို လာရောက် လှူဒါန်းသွားခဲ့ကြပါတယ်။ ကျောင်းကို ရောက်ပြီးမှာ ကလေးတွေကိုတွေ့ပြီး စေတနာ ထပ်မံဖြစ်ပေါ်လာလို့ အအေးဒါနအလှူကိုပါ ထပ်ပြီးလှူဒါန်းသွားကြပါတယ်။ ကလေးငယ်တွေကို မိမိတို့ရဲ့ ညီငယ်ညီမငယ်များလို သဘောထာပြီး ဖြူစင်တဲ့ မေတ္တာတွေနဲ့ နွေးထွေးကြင်နာစွာ ကိုယ်တိုင်ကိုယ်ကျ အအေးတိုက်ကျွေးခဲ့ကြပါတယ်။

ဒီလိုလူငယ်တွေရဲ့ အားလပ်ရက်မှာ မိမိတို့ရဲ့ အချိန်ကို တစ်ကိုယ်ရေ ပျော်ရွှင်မူ အတွက်မသုံးပဲ အများအကြိုးရှိစေမယ့် ပရဟိတ လုပ်ငန်းတွေမှာ မိမိတို့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက် လာကြတဲ့ အတွေးအခေါ် နဲ့ စိတ်ဓါတ်ဟာ ကျနော်တို့ တိုင်းပြည်ကို လူငယ်တွေ ဘယ်လောက်ချစ်ကြောင်း တိုင်းပြည် ပြန်လည် တည်ဆောက်ရေးမှာ ကျရာ အခန်းကဏ္ဍက ပါဝင်ကူညီနိုင်ကြောင်း လူငယ်တို့ရဲ့ အခြေခံ စိတ်ဓါတ် ကိုပြသတာပါပဲ။

ရိုသားဖြူစင်ပြီး ကိုယ်ကြိုးစွန့် အနစ်နာခံကာ တိုင်းပြည်ကိုချစ်သော လူငယ်များအား တိုင်းပြည်ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပြုခဲ့ပါလျှင် အလွန်ဟန်ချက်ညီသော ဖြစ်ပေါ်တိုးတက်မူများ ရရှိလာလိမ့် မည်ဟု ယုံကြည်လျှက်။

(MYD) မှ စေတနာရှင် လူငယ်များအား လေးစား ဂုဏ်ပြုအပ်ပါသည်။
ကိုငယ်(၀၉ ၅၁၆၂၀၆၀)
အမေ့အိမ် ပညာရေးကော်မတီ