ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြန်လာပြီပန်ထွာဧကရီ... (တေးရေး - မင်းကိုနိုင်) (သီဆိုသူ - မျိုးဆက်သစ် လူငယ်များ)


ပြန်လာပြီပန်ထွာဧကရီ by kyawthuwaiyan
  သီချင်း ဒေါင်းလုပ်ရယူရန်... http://www.mediafire.com/?yn534d98azmxaal
ကျိုင်းတုံထောင်မှာ မတရားနှစ်ရှည် ထောင်ဒဏ် ၆၅နှစ်ခွဲကျခံနေရတဲ့ ၈၈ကျောင်းသားခေါင်းဆောင်- ကိုမင်းကိုနိုင်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် ရေးစပ်သီကုံးထားတဲ့ ပြန်လာပြီပန်ထွာဧကရီ အမည်ပေးထားသော သီချင်းတပုဒ်အား ဂုဏ်ပြုစပ်ဆိုထားပြီး ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ ဖြန့်ဝေဖို့စီစဉ်ထား သောသီချင်းအား.. ၈၈၈၈ နှစ်ပတ်လည်နေ့မှာ ဂုဏ်ပြု ဖော်ပြလိုက်ပါတယ်။
ပြန်လာပြီ ပန်ထွာ ဧကရီ
တေးရေး - မင်းကိုနိုင်
သီဆိုသူ - မျိုးဆက်သစ် လူငယ်များ

ရန်ပယ်ချောင်းတွင်း ရန်စွယ်အပေါင်းရှင်းဖို့ ------- ညီညာရုန်းစုလို့---- ဟန်ပြင်နေပြီမို့ ---------
ဒီမြို့ရိုးထက်သို့---- ခြေတင်ပြီးတက်လို့ -- စည်တော်ကြီး တီးနိုင်ရန်---------
ပြန်လာပြီ ပန်ထွာ ဧကရီ

ရာထောင်သောင်းသိန်းသန်း --- တောင်ပံဖြန့်ငှက်တို့ ---- ဝေဟင်ထဲရိုက်ခတ်--- --- ဟစ်ကြွေးသံမြည်သို့---

ညာဘယ်ပြောင်းသွဲ့သွဲ့----- ကြာစွယ်ဖယောင်းလက်နဲ့ -------  မာန်တင်ပြီး တီးနိုင်ရန်
ပြန်လာပြီ ပန်ထွာ ဧကရီ

သေနင်္ဂဗျူဟာ ---- နည်းပရိယာယ်တွေ----- အမြင်မှန်တွေး-
အပြင်ကလူကို အတွင်းစည်း အ၀င်မခံရေး ---

ဘယ်သူတရားမျှတ ------ ဘယ်သူက အဓမ္မ -------- အမှောင်နဲ့အလင်း --- အားခြင်း
မျက်နှာခြင်းဆိုင်ပြီမို့ ------

ဒီ -- မြို့ရိုးထက်သို့------ ခြေတင်ပြီး တက်လို့ ----- စည်တော်ကြီးတီးနိုင်ရန်------
ပြန်လာပြီ ပန်ထွာ ဧကရီ
ပြန်လာပြီ ပန်ထွာ ဧကရီ
ပြန်လာပြီ ပန်ထွာ ဧကရီ

ပေးပို့ပေးတဲ့ အကိုကြီး ဦးသန်းဝင်းအား ကျေးဇူးတင်ပါသည်....