ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မိုးကြိုးပစ်ခံရသူသွားရာ .... ရဲလိုက်လို့လာ.. (တိုင်ကြားစာ)

 ဒီတခေါက် ဒီမိုဝေယံသို့ ပေးပို့လာတဲ့ ထူးခြားတဲ့ တိုင်ကြားစာ တစ်စောင်ကို ဖော်ပြလိုက်ပါတယ်...။ မြန်မာစကားပုံထဲမှာ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတာပဲ ကြားဘူးပါတယ်...။ ယခု အဖြစ်အပျက်ကတော့ မိုကြိုးပစ်ခံရသူသွားရာ .... ရဲလိုက်လို့လာ.. ဆိုတာခုမှ ကြားဘူးပါတော့တယ်..။ သိကြားမင်းဆီက မိုကြိုးအဆစ် မတောင်းပဲ သေဆုံးသူထံက ငွေတောင်းတဲ့ဗျာ...။

တိုင်ကြားစာကတော့.....

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာ ရဲစခန်းမှ နယ်ထိန်း ဆန်းဝင်းဆိုသူ အကြောင်းပါ။

သက်ဆိုင်ရာက သိအောင်လဲ တင်ပြပေးစေချင်ပါတယ်ဗျာ။ 

ဘုရားပျိုရဲစခန်း အပိုင်အိုးဝ ကျေးရွာ၌ ကိုရွှေ(ခေါ်) ဘဇင်း ဆိုသူမှာ 25.8.2011 (ကြာသပတေးနေ့)က လယ်ကွင်းထဲတွင် မြက်ရိတ်ရင်း မိုးကြိုး အပစ်ခံရပြီး သေဆုံးခဲ့ပါသည်။ ထိုနေ့ ညတွင် ရဲနယ်ထိန်း ဆန်းဝင်း ရောက်လာပြီး မိုးကြိုးပစ်လို့ သေလျှင် အထက်သို့ တင်ပြရကြောင်း ထိုသို့ မတင်ပြစေချင်လျှင် ငွေ (၂သောင်း၅ထောင်) နှစ်သောင်းခွဲ ပေးရမည်ဖြစ်ကြောင်း သေသူ၏ ဇနီးသည်ထံတွင် လာရောက် တောင်းပါသည်။ သေသူမှာ မရှိဆင်းရဲသူ ဖြစ်သောကြောင့် သူတစ်ပါးအိမ်တွင် သူရင်းငှား လုပ်စားနေသူ ဖြစ်ပါသည်။ 

သို့သော် တောသူတောင်သား မရှိဆင်းရဲသားများ အပေါ် မစာမနာ အာဏာဗန်းပြပြီး တောင်းရမ်းမှုကြောင့် မကျေမနပ် ဖြစ်ကြသော်လည်း မည်သို့မျှ မတတ်နိုင်ပဲ အရပ်မှ ဝိုင်းဝန်း ထောက်ပံ့ငွေလေးဖြင့် ဆန်းဝင်းဆိုသူ နယ်ထိန်းအား ပေးလိုက်ရပါသည်ခင်ဗျာ..။ Good government .Clean Government ဟုကြွေးကြော်နေသော သမ္မတကြီး အနေဖြင့် အောက်ခြေမှ အထက်ဖား အောက်ဖိ အကျင့်ပျက်ဝန်ထမ်းများ၏ ပြည်သူများအပေါ် နိုင့်ထက်စီးနင်း ပြုမူနေပုံများအား သိစေရန် တင်ပြရခြင်း ဖြစ်ပါသည်ခင်ဗျာ....။