ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာန (DMA)ရဲ့ သဘောင်္လိုက်ခွင့် ယာယီပိတ်ခံထားရတဲ့ သဘောင်္သားများကိုယ်စား တိုင်ကြားစာ..

ဒီတခေါက် တိုင်ကြားလာတဲ့ စာကတော့ ရေကြောင်းဦးစီးဋ္ဌာန (DEPARTMENT OF MARINE ADMINISTRATION) DMAမှ သဘောင်္လိုက်ခွင့် ပိတ်ပင်တာခံထားရတဲ့ သဘောင်္သားတွေကိုယ်စား တိုင်ကြားပေးပို့လာတဲ့ စာဖြစ်ပါတယ်...။

ယခင်နအဖလက်ထက် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာန (DMA)မှ  အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသဘောင်္လိုက်ခွင့် နှစ်ရှည်ပိတ်ထားတဲ့ မြန်မာသဘောင်္သားအများ အပြား ရှိခဲ့ပါသည်..။ 

ယခုကဲ့သို့ နိုင်ငံတော်သစ် တည်ဆောက်နေသည့် အချိန်အခါသမယ၌ နိုင်ငံတော်၏ ဘဏ္ဍာငွေအတွက် တဖက်တလမ်းမှ ဖြည့်ဆီးပေးနေသည့် မြန်မာသဘောင်္သား တစ်ချို့အား (DMA)မှ သဘောင်္လိုက်ခွင့် ပိတ်ပင်ထားသည့်အတွက် နိုင်ငံ၏ လုပ်အားများ ပြုန်းတီးမှု၊ နိုင်ငံ၏ ဝင်ငွေခွန်များ ရသင့်သလောက် မရရှိမှုများအပြင်၊ ပိတ်ပင်ခံထားရသည့် သဘောင်္သား မိသားစုများ၏ စားဝတ်နေရေး ကြပ်တည်းမှုများနှင့် ရင်ဆိုင်နေရပါသည်။ သို့ဖြစ်ပါ၍ ယခုအရပ်သားအစိုးရ အဖြစ်Good government .Clean Government ဟုကြွေးကြော်နေသောသမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်၌ ထိုကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် သဘောင်္လိုက်ခွင့် နှစ်ရှည်ပိတ်ပင်ခံထားရသည့် သဘောင်္သားများ အရေးအား ပြန်လည်စီစစ်အရေးယူ ဆောင်ရွက်ပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်...။

လေးစားစွာဖြင့်
ပြည်တွင်းအေးဂျင့်၏ လိမ်လည် တိုင်ကြားမှုကြောင့် (၂)နှစ် နိုင်ငံခြား သဘောင်္လိုက်ခွင့် ပိတ်ပင်ခံထားရသည့် မြန်မာသဘောင်္သား တစ်ဦး