ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာ့ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ဒုတိယအကြိမ်တွေ့ဆုံပွဲ (သတင်း၊ ဓာတ်ပုံ...)

ယနေ့ ယနေ့ ၂၀၁၁ သြဂုတ်လ ၁၂ ရက်နေ့ နေ့လည် ၁း၀၅ အချိန်၌ ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ဒုတိအကြိမ် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ (၁)နာရီကြာ တွေ့ဆုံ ဆွေးနွေးမှုအပြီး၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ (ယခုအကြိမ် ထပ်မံတွေဆုံရာ၌ နှစ်ဦးနှစ်ဖက် ကျေနပ်မှုရရှိပါကြောင်း၊ ပြည်သူလူထုအတွက် ကောင်းကျိုးပြုရေးအတွက်ကို အလေးပေး ဆွေးနွေးခဲ့ပါကြောင်း) ပြောကြားခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ (တွေ့ဆုံဆွေးနွေးမှုအတွက် ကျေနပ်ဝမ်းသာပါကြောင်း) ပြောကြားသွားခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်ထပ်တွေ့ဆုံ ဆွေးနွေးရန် ရှိပါသေးကြောင်း ပြောဆိုသွားခဲ့ပါသည်ဟု သတင်းရရှိပါသည်။

သတင်း၊ ဓာတ်ပုံ.... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်...