ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေဝါရောင် လေးနှစ်ပြည့် အထိမ်းအမှတ် (ရုပ်သံ၊ သီချင်း၊ဓာတ်ပုံ)

အကြမ်းမဖက် ငြိမ်းချမ်းစွာ ပြည်သူ့ ဆန္ဒထုတ်ဖော် ပြသခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး အာဏာရှင်တွေရဲ့ အကြမ်းဖက် ဖြိုခွင်းခံရတာ ယနေ့မှာဆိုရင် လေးနှစ်တင်းတင်း ပြည့်မြောက်ခဲ့ပါပြီ....။ လူမဆန်တဲ့ ကိုယ့်ဘာသာ၊ သာသနာကို စော်ကားတဲ့ အာဏာရှင်တွေ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့  ဖြစ်ရပ်တွေကို ယနေ့ထက်တိုင် မေ့မရနိုင်သေးပါ..။  ယနေ့တိုင် ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ရဟန်း ရှင်လူ၊ ကျောင်းသားအပေါင်းတို့လည်း အာဏာရှင်ရဲ့ အကျဉ်းထောင်အသီးသီးမှာ ဆက်လက် မတရားဖမ်းဆီး အကျဉ်းကျခံနေရဆဲပါ..။
သာသနာတော်ကို စော်ကားသူတစ်ယောက်၏ နောက်ဆုံးနိဂုံးကတော့
ထေရဝါဒ ဗုဒ္ဓရဟန်းတော်တွေ အပေါ်မှာတော့ ဘီးလူး၊ သရဲစီးသလို အာဏာအတွက် 
မြေဖုတ်ဘီလူး၊ တစ္ဆေမြူးသကဲ့သို့ (ပြည်သူနဲ့ တွေ့တော့မီးလို)
 မဟာယာန တရုတ်ဘုန်းကြီးတွေနဲ့ ဆက်ဆံတဲ့ အခါမှာတော့ ရိုသေ၊ နွံ့ကျိုး
ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးသို့
ကိုယ့် ထေရဝါဒ ဗုဒ္ဓရဟန်းတော်တွေ အပေါ်မှာတော့  ရိုင်းစိုင်းယုတ်မာ
တရုတ်ကို ရှိသမျှရောင်းစားယုံတင်မက သာသနာတော်ပါ အပ်နှင်းနေသလားဆိုတာကတော့
ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း ကျဆုံးခဲ့ရတဲ့ ရဟန်း၊ ရှင်လူ၊ ကျောင်းသား အပေါင်းတို့အား ဦးညွတ်အလေးပြုပါတယ်...။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ပါ...။

ရွှေဝါရောင်သွေးမှတ်တမ်း(သီချင်း၊ ဗီဒီယို)

ရွှေဝါရောင်တော်လှန်ရေး(၄)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (ရွှေဝါရောင်သွေးမှတ်တမ်း) သီချင်း­အားညီမင်းသစ်က ခံစားသီဆိုပြီး ကိုသော်(ဂျပန်)မှ ပုံဖော်ခံစား တင်ပြထားပါသည်။ အသက်ပေးတိုက်ပွဲ ၀င်သွားကြသောရဟန်းရှင်လူ၊ ပြည်သူအပေါင်းအား ဂုဏ်ပြုဦးညွတ်ကာ အလေးပြုပါသည်။
ကိုသော် ဂျပန်

ရွှေဝါရောင် တော်လှန်ရေး ၄နှစ်မြောက် အထိမ်းအမှတ်... လူလုံးမရ ပြည်သူ့ဘဝ... (သီချင်း)
September tangar new by Demo Waiyen
တေးရေး ထက်အောင်ရှိုင်း၊ တေးဆို.. သီရိမင်းလွင်၊ စီစဉ်သူ စန္ဒီမင်းလွင်..
အခုတော့ ရာဇ၀င်ရိုင်းကြီး တစ်ခုဖြစ်ရချေပြီ... (သီချင်း)
Parsap yarzawin OUTPUT by Demo Waiyen
ရွှေဝါရောင်တော်လှန်ရေး ၄နှစ်မြောက် အမှတ်တရနဲ့ ယနေ့ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ တိုက်ဆိုင်နေတဲ့ တေးရေး၊ တေးဆို ထက်အောင်ရှိုင်းရဲ့ အခုတော့ ရာဇ၀င်ရိုင်းကြီး တစ်ခုဖြစ်ရချေပြီ...သီချင်းကို ပြန်လည် ဖော်ပြလိုက်ပါတယ်...။

ရုပ်သံ၊ သီချင်းများအတွက် ကိုသော်ကြီး၊ ကိုထက်အောင်ရှိုင်းနဲ့ မိုးမိုးကောင်းကင်ပြာတို့အား ကျေးဇူးတင်ပါသည်..။

သီချင်း စာသားနဲ့ ဒေါင်းလုပ်လင့်များ အောက်မှာ ဆက်လက်ရယူပါရန်...


လူလုံးမလှ ပြည်သူ့ဘဝ

တေးရေး - ထက်အောင်ရှိုင်း (မလေးရှား)
တေးဆို - သီရိမင်းလွင်(အမေရိကား)
စီစဉ်သူ - ရဲမာန် (ဗွီဒီယို) မလေးရှား
စန္ဒီမင်းလွင် (အမေရိကား)
(စက်တင်ဘာသံဃာတွေ စီတန်းမေတ္တာ ပို့လို့ အသေပစ်သက်ခဲ့ပါတယ်... အိုး.. စစ်သားကြီးတို့ပါကွယ်..
လူဟာလူရာဝင်အောင်အခွင့်ရေးများကိုပြလို့ ထောင်ထဲ ဖမ်းထဲ့ပါတယ်...အိုး.. ဖွတ်ကျားများလဲပါတယ်...
၈၈ ကျောင်းသားတွေလဲ အာဏာရှင် အနိုင်ကျင့်ခဲ့တယ်..
ကျောင်းသား တို့ပေးဆက်လာသမျှ ပြည်သူတွေ အစဉ်သတိရတယ်.
တရားခံဟာ ဘယ်သူလဲသိတယ် ခံစားရတာ တရားလွန်နေပြီ
လူဟာလူရာဝင်အောင်အခွင့်ရေးများကိုပြလို့ ထောင်ထဲ ဖမ်းထဲ့ပါတယ်...
(အိုး.. ဖွတ်ကျားများလဲပါတယ်...)၂
(လိမ်နေတာဘဲ ၄၈ နှစ်ကြာခဲ့ပြီ..)၂
ကလိမ်ဥာဏ်တွေမွေး ပြန်မြင်ယောင်သေး မြင်ယောင်မိသေး ပြည်သူများခမျာ
တစ်ကိုယ်ကောင်းစိတ် လူတစ်စုကြောင့် လူလုံးမလှ ပါပေါ့ရှင်....

အခုတော့ ရာဇ၀င်ရိုင်းကြီး တစ်ခုဖြစ်ရချေပြီ Download လုပ်ချင်ရင်.... Click နှိပ်ပါ