ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မန္တလေးမြို့သူ မြို့သားများရဲ့ လျှပ်စစ်မီးရရှိရေး ချီတက် ဆန္ဒထုတ်ဖော်ပွဲ (ဒုတိယနေ့ည မြင်ကွင်းများ)

အချိန် ၉ နာရီဝန်းကျင်က မန္တလေးဘူတာကြီးရှေ့ ခဏရပ်နားစဉ် တွေ့ရတဲ့ မန္တလေးလူထု..
၂၆ လမ်းအတိုင်း ချီတက်ဆန္ဒပြလာသူအချို့ ၂၆ လမ်းအတိုင်းချီတက် ဆန္ဒပြလာသူအချို့ ဒီနေ့ည ဆိုင်းပုဒ်တွေပါတယ်။ “ဒီမိုကရေစီနောက်မှလုပ် လျှပ်စစ်မီးအရင်လာ“ ဆိုတဲ့ ဆိုင်းဘုတ်နဲ့ လျှပ်စစ်ဝန်ကြီး တိုင်းပြည်ကို ပြောထားတဲ့ စကားများနဲ့ လျှော်ညီအောင် လျှပ်စစ်မီးပေးပါ ဆိုင်းဘုတ် ကိုင်ဆောင် ဆန္ဒပြနေသူအချို့
မန္တလေးမှ ပြည်သူများ လျှပ်စစ်မီးရရှိရေးအတွက် ၇၈ လမ်းအတိုင်း ဘူတာကြီးရှေ့ချီတက်သွားကြစဉ်.. (ဓာတ်ပုံများ Aung Shin Facebook)
မန္တလေးမြို့သူ၊ မြို့သားများရဲ့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ချီတက် ဆန္ဒထုတ်ဖော်ပွဲ ဒုတိယညအဖြစ် ယနေ့(၂၁)ရက်နေ့ညမှာ ထပ်မံပြုလုပ်ပါတယ်...။ မနေ့က စတင်ပြုလုပ်တဲ့ (၂၄)နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲမှာ မန္တလေးမြို့ခံ (၃၀၀၀)ထောင်ခန့် ပါဝင်ချီတက်ခဲ့ကြပြီး ယနေ့မှာလည်း ချီတက်ဆန္ဒထုတ်ဖော်သူ အများအပြား ထပ်မံအားဖြည့် ပါဝင်လာကြပါတယ်...။ ယနေ့မှာ ထူးခြားလာတာကတော့ ဆန္ဒပြု ဆိုင်းဘုတ်များ ရေးသားချက်များ ပါဝင်လာခြင်းပါပဲ..။ မန္တလေးမြို့မှာ နေ့စဉ် (၆)နာရီ အလှည့်ကျ မီးပေးစံနစ်ကို ကျင့်သုံးနေပေမယ့်လည်း ၁၅မိနစ်တခါ၊ နာရီဝက်တခါ လျှပ်စစ်မီးများ ပြတ်တောက်နေမှုများ ဖြစ်ပေါ်နေပါတယ်..။

မန္တလေး မြို့ခံတဦးမှ ပြောဆိုရာမှာတော့ မီး (၂၄)နာရီ ရရှိဖို့ထက် ယခုလို ပူအိုက်တဲ့နွေရာသီမှာ အခက်အခဲ ဖြစ်ပေါ်နေတဲ့ ချိုးရေနဲ့ သောက်သုံးရေအတွက် မီးရရှိမှ ရေတင်မော်တာစက်များ မောင်းနှင်နိုင်မှာ ဖြစ်တဲ့အတွက် အနိမ့်ဆုံး အဆင့်အနေနဲ့ မီးမှန်မှန် ရရှိစေချင်ကြောင်း ပြောဆိုပါတယ်...။ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုများအား မီးမှန်မှန် ရရှိချိန်အထိ ပြုလုပ်သွားဖွယ် ရှိကြောင်း သိရှိရပါသည်။ ယနေ့လျှပ်စစ်မီးရရှိရေး လူထုဆန္ဒထုတ်ဖော်ပွဲများဟာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ပျံနှံသွားပြီး မုံရွာမြို့၌ လူဦးရေ (၅၀၀၀)ခန့် ဆန္ဒဖော်ထုတ် ပြသခဲ့ကြသည်..။

မြန်မာနိုင်ငံမှာ စစ်အစိုးရ အာဏာရယူပြီးချိန် ၁၉၈၈ခုနှစ်မှ စ၍ ၂၃နှစ်တာ ကာလအတွင်း နိုင်ငံနဲ့ အဝှမ်း လျှပ်စစ်မီးမလုံလောက် မှုများအား ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး...။ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်က ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေး ကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းမှ နိုင်ငံအတွင်း လျှပ်စစ်မီးများ ပိုလျှံနေသည့်အတွက် အိမ်နီးချင်း နိုင်ငံများသို့ ရောင်းချနေရကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်...။ လက်ရှိအစိုးရ ထိန်းချုပ်ထားတဲ့ သတင်းစာများနဲ့ ရုပ်မြင်သံကြားများ အစီအစဉ်များ၌ တည်ဆောက်ဆဲ တည်ဆောက်ပြီး ရေအားလျှပ်စစ်စီမံကိန်းများအား ဝေဝေဆာဆာ ဖော်ပြနေပေမယ့်လည်း လက်တွေ့ ပြည်သူလူထုမှာတော့ နေ့စဉ်နဲ့ အမျှကြုံတွေ့နေရတဲ့ လျှပ်စစ်မီးမလောက်မှု ပြဿနာကြောင့် စီးပွားရေး၊ လူမှုရေးများ၌ အခက်အခဲ ဒုက္ခများ နေ့စဉ်ရင်ဆိုင် ကြုံတွေနေရပါတယ်..။