ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် (၅)ဦး ဆွီဒင်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်..

၁၈၉၇မှာ ဆောက်လုပ်ခဲ့ပြီး ၁၉၀၅ခုနှစ်မှာ ပြီးစီးခဲ့တဲ့ နှစ် (၁၀၀)ကျော် သက်တမ်းရှိပြီ ဖြစ်တဲ့ ဆွီဒင်ပါလီမာန် အဆောက်အဦး..
Swedish International Development Cooperation Agency (SIDA)ရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြတဲ့ ဒေါက်တာဒေါ်မေဝင်းမြင့်(မရမ်းကုန်းမြို့နယ်)၊ ဒေါ်ခင်ဋ္ဌေးကြွယ် (မော်လမြိုင်မြို့နယ်)၊ ဒေါက်တာ ဒေါ်သန်းငွေ (ကလောမြို့နယ်)၊ ဒေါ်စန္ဒာမင်း (ဇမ္ဗူသီရိမြို့နယ်)၊ ဒေါက်တာလှမြတ်သွေး တိုင်းဒေသကြီးလွှတ်တော် (ရေကြည်မြို့နယ်) တို့မှ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးဟာလာမည့် ဇွန်လဆန်းပိုင်း၌ အခြားပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ ဆွီဒင်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မှာ ဖြစ်ကြောင်း သိရှိရပါသည်...။

ထို့အတူ လာမည့် ဇွန်လဆန်းပိုင်းမှာလည်း ဂျပန်နိုင်ငံမှ (JICA)အဖွဲ့ရဲ့  ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးအပါအဝင် အဖွဲ့ချုပ်လူငယ် (၁၀)ဦးနှင့် အခြားနိုင်ငံရေး ပါတီများမှ အဖွဲ့ဝင်များ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး ရောက်ရှိမှာ ဖြစ်ပါတယ်..။

ဒီမိုဝေယံ