ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

"အမေစုကို ဖတ်ကြည့်ခြင်း" ကဗျာရှင် ကြီးမြင့်(ရေဦး)

"အမေစုကို ဖတ်ကြည့်ခြင်း"
ကဗျာရှင် ကြီးမြင့်(ရေဦး)

-အမေစုနေရာ
အဖြေယခုဖွေရှာအံ့။
မကြာမီမှာပင်
ပါတီဝင်မှာက
ချမ်းသာချင်လို့
လှမ်းကာခင်တာမဟုတ်။

ရာထူးတောင်းဖို့
လာပူးပေါင်းတာမဟုတ်၊
အာဏာရဖို့
ပါဝါပြတာမဟုတ်၊
တစ်ဖက်သားကို
ရတက်ပွားစေဖို့မဟုတ်၊
တစ်ယောက်အတွက်မှ
ကောာက်ချက်ချခြင်းမဟုတ်၊
သူပုန်ဟန်ပမာ
ပုန်ကန်တာ မဟုတ်။

ကမ္ဘာသိသူမို့
ညာမည့်လူမဟုတ်၊
အများဆန္ဒကို
အသွားအပြန်ရစေဖို့၊
ကောင်းအောင်လို့
ခေါင်းဆောင်ပြီး
သေနတ်များမကိုင်
အရပ်သားစတိုင်နဲ့
ပြည်သူအတွက်
ဒီလူတက်လာတာပါ။
အမေစုရဲ့
အသွင်သဏ္ဍာန်ကို
အမြင်မှန်နဲ့
တင်ရန် ဆုံးဖြတ်ကြပါစို့။

ကြီးမြင့်(ရေဦး)