ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

N LD-BG ပညာဒါနကျောင်း အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်မှ လှူဒါန်းငွေအား လက်ခံရယူ သုံးစွဲပုံ မှတ်တမ်း..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်မှ လှူဒါန်းပေးအပ်သော ပညာဒါနကျောင်း (၂၅) ထဲမှ NLD-BG ပညာဒါနကျောင်း အတွက် ရရှိသော အလှူငွေ၏ သုံးစွဲပုံ သတင်းစဉ်။
ပညာရေးရံပုံငွေ ပေးအပ်ပွဲအခမ်းအနားတွင် -နာယကကြီး ဘဘဦးတင်ဦးမှ အဖွင့် အမှာစကား ပြောကြားနေပုံ။
ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ယက်ရှိ ပညာဒါနကျောင်းပေါင်း ၂၅ ကျောင်းအား ရွှေဂုံတိုင်အမျိုးသားဒီမိုကရေစီဌာနချုပ်တွင် ယုဒဿန်နှင့် MCC ပညာရေးရံပုံငွေ ဈေးရောင်းပွဲမှရရှိသော အလှူငွေများနှင့် အခြားသောစေတနာအလှူရှင်များလှူဒါန်းခဲ့သော အလှူငွေများကို နေ့လည်- ၁း၀၀ အချိန်တွင် သဘာပတိကြီးများ၊ နာယကကြီးများဖြစ်သော ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင်တို့မှ ဦးစီး၍ အစီအစဉ် (၇) ရပ်ဖြင့် ပေးအပ်လှူဒါန်းပွဲ ကျင်းပခဲ့ပါသည်။

ထိုအခမ်းအနားသို့ အမေ့အိမ်ကျောင်းများ အပါဝင် အခမဲ့သင်ကြားပေးရေး ပညာဒါနကျောင်းပေါင်း (၂၅)ကျောင်းမှ ကော်မတီအဖွဲ့ဝင်များ၊တာဝန်ခံဆရာ၊ဆရာမများ၊ သင်ကြား လေ့ကျင့်ပေးရေး ဆရာ၊ ဆရာမများစုံညီစွာ တက်ရောက်ခဲ့ပါသည်။

ထို (၂၅) ကျောင်းကို အုပ်စု (၃) ခုခွဲပြီး လှူဒါန်းခဲ့ပါသည်။ ထိုမှ NLD-BG (အသိပညာ၊အတတ်ပညာ အသက်မွေးဝမ်းကျောင်း သင်ကြားပေးရေး ပညာဒါနကျောင်း) သည် အုပ်စု (၁)တွင် ပါဝင်ခဲ့ပါသည်။ ထိုမှ ယနေ့ရရှိခဲ့သော အလှူငွေ (၆)သိန်းတိတိကို ပညာသင်အရွယ်တွင် ပညာမသင်ရရှာသော အမှိုက်ကောက် ကလေးများအတွက် အနီးကပ် ကြပ်မှတ် လေ့ကျင့်သင်ကြား ပေးနိုင်ရန်ရည်ရွယ်ပြီး ဆောက်လုပ်ဆဲ ဖြစ်သောနှစ်ထပ် တိုးချဲ့ဆောင်၏ အပေါ်ခင်းပြင်နေရာတွင် ဖြည့်စွက် အသုံးပြုသွားမည် ဖြစ်သည်။

မှတ်ချက်= အပေါ်ခင်းပြင် ပြီးစီးပါက ပြီးစီးသည့် ပုံအား ထပ်မံ တင်ပြသွားမည် ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို ဆက်သွယ် စုံစမ်း၊ မေးမြန်း ကူညီ လှူဒါန်းလိုပါက NLD-BG သွေးအကူအညီ ပေးရေးနှင့် အသိပညာ၊ အတတ်ပညာ အသက်မွေး ၀မ်းကျောင်း သင်ကြားပေးရေး ပညာဒါနကျောင်း တာဝန်ခံ ဒါရိုက်တာ ကိုညီညီ၊ Ph: 09-49328055 - ကျောင်း/ရုံး Ph: 09-73125885 သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
အမှိုက်ကောက် ကလေးများအတွက် အနီးကပ် ကြပ်မှတ် လေ့ကျင့် သင်ကြားပေးနိုင်ရန် ရည်ရွယ်ပြီး ဆောက်လုပ်ဆဲဖြစ်သော တိုးချဲ့ဆောင်။
 NLD-BG အသက်ကယ် သွေးအကူအညီပေးရေးနှင့် အသိပညာ၊အတတ်ပညာ အသက်မွေးဝမ်းကျောင်း သင်ကြားပေးရေး ပညာဒါနကျောင်းမှ တာဝန်ခံတစ်ဦးဖြစ်သော ဒေါ်သီတာဝင်းအောင်အား ဘဘဦးဝင်းတင်မှ အလှူငွေ (၆) သိန်းပေးအပ်ပုံ။
ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ယက်မှ လှူဒါန်းငွေ ပေးအပ်ပွဲသို့ တက်ရောက် ခံခဲ့တဲ့ NLD-BG အသက်ကယ်သွေး အကူအညီပေးရေးနှင့် အသိပညာ၊ အတတ်ပညာ အသက်မွေးဝမ်းကျောင်း သင်ကြားပေးရေး ပညာဒါနကျောင်းမှ တာဝန်ခံ ကိုညီညီနှင့် NLD-BG ကျောင်းရှိ ကလေးငယ်များအား ကျန်းမာရေးပုံမှန် စစ်ဆေးပေးနေသော NLD-BG ကျန်းမာရေးတာဝန်ခံ ဒေါက်တာ ကိုကျော်စွာဦး (ယုဇနဥယျာဉ်မြို့တော်-ရောင်ခြည်သစ် ပညာဒါနကျောင်းတာဝန်ခံ) တို့အားတွေ့ရစဉ်

မေမေ့သား- လင်းဆက်
 (NLD-BG)