ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တောင်ကိုးရီးယား သမ္မတLee Myung-bak ရဲ့ မြန်မာပြည်ခရီးစဉ် (ဓာတ်ပုံ)

တောင်ကိုးရီးယား သမ္မတ Lee Myung-bakနဲ့ အဖွဲ့ဟာ ယနေ့ မြန်မာနိုင်ငံသို့ (၂)ရက်ကြာ အလည်အပတ် ရောက်ရှိလာပါတယ်..။ ယနေ့ နေပြည်တော်သို့ အလည်အပတ်ရောက်ရှိလာတဲ့ တောင်ကိုးရီးယား သမ္မတLee Myung-bak နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ဂုဏ်ပြုတပ်ဖွဲ့နှင့် ကြိုဆိုခဲ့ပါတယ်..။ မနက်ဖြန်မှာတော့ တောင်ကိုးရီးယား သမ္မတ Lee Myung-bakဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်မှာ သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်..။ ယနေ့တောင်ကိုရီးယား သမ္မတရဲ့ ခရီးစဉ်အတွင်း ရန်ကုန်မြို့မှာ လုံခြုံရေးများ အထူးတင်းကြပ် လှည့်လည်နေပါတယ်..။

၁၉၈၃ခုနှစ်က အောက်တိုဘာလ ၉ရက်နေ့က တောင်ကိုရီယား သမ္မတ မစ္စတာချန်ဒူးဝမ်ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း မြောက်ကိုရီးယား သူလျှိုများမှ ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ ဗုံးခွဲတိုက်ခိုက် လုပ်ကြံခဲ့ပါတယ်...။ ထိုသို့ ဗုံးခွဲလုပ်ကြံတိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား ဒုတိယဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးလေးဦး၊ အဆင့်မြင့်အရာရှိများနဲ့ ဂျာနယ်လစ် သတင်းထောက်များ အပါအဝင် ၂၁ဦးသေဆုံးခဲ့ပြီး ၄၆ဦးဒဏ်ရာရရှိခဲ့ပါတယ်..။ မြောက်ကိုရီးယား သူလျှိုများအား ဖမ်းဆီးရမိချိန်မှာတော့ မြောက်ကိုရီးယားနဲ့ သံတမာန် အဆက်အသွယ်အား ဖြတ်တောက်ခဲ့ပြီး သံတမာန်များအား နှင်ထုတ်ခဲ့ပါတယ်..။ ၁၉၈၈ခုနှစ် နဝတအစိုးရ တက်လာပြီးသည့် နောက်ပိုင်း မြောက်ကိုရီးယားနဲ့ အဆက်အသွယ်များ ပြန်လည်ပြုလုပ်ခဲ့ပြီး တရားဝင် သံအဆက်အသွယ် ပြုလုပ်ခဲ့ပါတယ်...။


ဓာတ်ပုံများ Korea News Agency နှင့် သမ္မတရုံးဝက်ဆိုဒ်မှ