ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ မုံရွာမြို့ (လျှပ်စစ်ရုံး)ရှေ့မှာ ပြုလုပ်တဲ့ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒပြထုတ်ဖော်ပွဲ...

လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းစက်တွေရဲ့ အပူကိုတောင် မမှုတော့တဲ့ မုံရွာသားတဦးရဲ့ ရဲရဲတောက် မီးလျှံကြားက ဖယောင်းစက်များ.. ”ဖယောင်းတိုင်အပူမီးတွေနဲ့ မုံရွာမြို့ကြီးမီးလင်းအံ့”တဲ့ မေ(၂၁)ရက် မုံရွာည..
ဓာတ်ပုံ.. Myo Minoo
ယနေ့ ၂၁၊ ၅၊ ၂၀၁၂ရက်နေ့က၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ (လျှပ်စစ်ရုံး)ရှေ့မှာ လျှပ်စစ်မီး ၂၄ နာရီ မီး မလာတဲ့အတွက် မုံရွာမြို့ခံများက ဖယောင်းတိုင်မီးများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်..။

ယနေ့ ည ၈နာရီခန့် အချိန်တွင် မုံရွာမြို့သူ၊ မြို့သားများက မုံရွာမြို့ (လျှပ်စစ်ရုံး) ရှေ့၊ လျှပ်စစ်မီး ၂၄ နာရီ မီး မလာတဲ့အတွက် ဖယောင်းတိုင်မီးများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ကြပါသည်။ ဆန္ဒထုတ်ဖော် နေချိန်တွင် လူဦးရေပေါင်း ၅၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းပါသည်။ ၁၅မိနစ်ခန့်ကြာ မြင့်ခဲ့ပါသည်။

ဓာတ်ပုံ.. Ayemyamya Lwinနှင့် Myo Minooဖေ့စ်ဘွတ်ခ်မှ ဖော်ပြပါသည်..။

ဒီပဲယင်း လုပ်ကြံမှု မတိုင်ခင် တရက်အလို ၂၀၀၃ခုနှစ် မေလ (၂၉)ရက်နေ့ ညကလည်း ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ကို ရောက်ရှိစဉ်မှာ တမြို့လုံး မီးဖြတ်ထားပေမယ့် မုံရွာမြို့သူ၊ မြို့သားတွေ မြို့လုံးကျွတ် ဖယောင်းတိုင် ကိုယ်စီနဲ့ ကြိုဆိုခဲ့ကြတာပါ..။