ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

NLD-BG ပညာဒါနကျောင်းမှာ ပြုလုပ်တဲ့ သွေးနှင့် ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲ သွေးနှင့် ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲ အခမ်းအနား (ဓာတ်ပုံ၊ သတင်း)

၂၀-၅-၂၀၁၂ ရက်နေ့က NLD-BG အသက်ကယ် သွေးအကူအညီပေးရေးနှင့် အသိပညာ၊အတတ် ပညာ၊ အသက်မွေးဝမ်းကျောင်း သင်ကြာပေးရေး ပညာဒါနကျောင်းအတွင်း၌ သွေးနှင့် ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲကို NLD-BG ပညာဒါနကျောင်း တာဝန်ခံကိုညီညီ၊ NLD-BG အရေးပေါ်အသက်ကယ် သွေးအကူညီပေးရေး တာဝန်ခံ ဒေါ်သီတာဝင်းအောင်၊ ယုဇနဥယျာဉ်မြို့တော် ရောင်ခြည်သစ် ပညာဒါနကျောင်း တာဝန်ခံဒါရိုက်တာနှင့် NLD-BG ပညာဒါနကျောင်း ကျန်းမာရေးတာဝန်ခံ Dr.ကျော်စွာဦး၊ Dr.ကျော်မောင်မောင်ဟိန်း၊ Dr.ကျော်ဇင်လင်းတို့မှ ဦးစီးကျင်းပခဲ့ပါသည်..။ အခမ်းအနားအား ယနေ့နေ့လည် ၁ နာရီမှ စတင်ဖွင့်လှစ်ကာ အနယ်နယ်အရပ်ရပ်မှ သွေးအလှူရှင်များနှင့် NLD-BG အဖွဲ့အသီးသီးက သွေးတာဝန်ခံများ၊ လူငယ်များ၊ ပညာရေးတာဝန်ခံများ အားလုံး ဧည့်ပရိတ်သတ်ပေါင်း ခြောက်ဆယ်ခန့်လောက် တက်ရောက် ဆွေးနွေးပြီး သွေးနှင့်ပတ်သက်သော အမေး၊ အဖြေများကိုလည်း ပြုလုပ်ခဲ့ကာ နေ့လည်၃း၃၀ အချိန်၌ အခမ်းအနားအား ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရပါသည်။
NLD-BG ကျောင်း တာဝန်ခံဒါရိုက်တာ ကိုညီညီနှင့် အခမ်းအနားသို့ သွေးပညာပေး ဟောပြောပေးရန် တက်ရောက်လာကြသော ဆရာဝန်များ၊
ယုဇနဥယျာဉ်မြို့တော်ရောင်ခြည်သစ် ပညာဒါနကျောင်း တာဝန်ခံဒါရိုက်တာနှင့် NLD-BG ပညာဒါနကျောင်း ကျန်းမာရေးတာဝန်ခံ Dr. ကျော်စွာဦးမှ သွေးပညာရပ်များ ဟောပြောနေစဉ်၊
 
သွေးပညာပေး ဟောပြောပွဲသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များ
သတင်း၊ ဓာတ်ပုံ ညီငယ်လင်းဆက်..

NLD (BG) သွေးအကူအညီပေးရေးအဖွဲ့ ၏ လူမှုရေး လုပ်ငန်းများမှာ ပါဝင်လှူဒါန်းလိုလျှင်
ဆက်သွယ်ရန် လိပ်စာကတော့
အမှတ်-၈၃၉၊ (ခ)။ မြရည်နန္ဒာလမ်း၊ ၁၉-ရပ်ကွက်၊ဒဂုံ-တောင်၊ (ကျန်းမာရေးမှတ်တိုင်) ဖုန်း-၀၉-၇၃၁၂၅၈၈၅ ဖုန်း-၀၉-၇၃၁၇၀၁၆၅ ဖုန်း-၀၉-၄၂၁၀၈၀၃၆၁