ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျာမဏီနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းအား ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးမှ တွေ့ဆုံနှုတ်ဆက်....

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအား ဂျာမဏီနိုင်ငံခြားရေး ဝန်ကြီးမှ ပကာသနမပါ ကိုယ်တိုင် ကော်ဖီငှဲ့ပြီး ရင်းရင်းနှီးနှီး ဧည့်ခံနေစဉ်..။
ဥရောပပါလီမာန် ဒီမိုကရေစီကို လေ့လာဖို့ ဂျာမဏီနိုင်ငံကို အလည်ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအား ဂျာမဏီနိုင်ငံခြားရေး ဝန်ကြီးGuido Westerwelle မှ ယခုလို ရင်းရင်းနှီးနှီး ဧည့်ခံခဲ့ပါတယ်..။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းနဲ့ အတူ လွှတ်တော်ကိုယ်စားလှယ် ၈ဦး လေ့လာရေးခရီး လိုက်ပါခဲ့ကြပါတယ်..။

အမာဂိုဏ်းသားလို့ အများက သတ်မှတ်ထားတဲ့ ဒု(သမ္မတ) ဦးတင်အောင်မြင့်ဦးကတော့ တူသော အကျိုးပေး ကင်ဆာရောဂါ အကြောင်းပြချက်နဲ့ ထွက်တော်မူ နန်းကခွာပါပြီ။ အပျော့ဂိုဏ်းလို့ အများသတ်မှတ်ကြတဲ့ သမ္မတနဲ့ သူရဦးရွှေမန်းတို့လည်း.. ဒီထက်ပိုပြီး ပြည်သူအကျိုးကို မျှော်ကိုးပြီး ပြည်သူ့ခေါင်းဆောင်နဲ့ ပူပေါင်း လုပ်ဆောင်မယ်ဆိုရင် ပြည်သူမေတ္တာဆိုတဲ့ တူသောအကျိုးကို ရရှိခံစားရမှာ မလွဲမသေပါပဲ...။

အပြောကတော့ ရွှေမန်းဆိုတဲ့ စကားပုံကို အပြောနဲ့ အလုပ်နဲ့ပါညီတဲ့ ဦးရွှေမန်းဆိုပြီး သမိုင်းတကွေ့မှာ နာမည်ကောင်းတခု ကျန်ရစ်နိုင်ဖို့ ပြည်သူဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးဖို့ တိုက်တွန်း အပ်ပါတယ်..။

ဒီမိုဝေယံ
ဓာတ်ပုံ Getty Images