မန္တလေးမြို့မှာ ယနေ့ညပိုင်းက ပြုလုပ်နေတဲ့ လျှပ်စစ်မီး ပုံမှန်ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ပွဲ...
မန္တလေး စွမ်းဟိုတယ်ရှေ့မှ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ထုတ်ဖော် ဆန္ဒပြပွဲ။ ရွှေမရှိလျှင် နေလို့ရသည်..။ (မီး=ရေ) မရှိလျှင် နေလို့မရပါတဲ့
လျှပ်စစ်တိုင်းရုံးရှေ့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ေ နသည့် ပြည်သူများ (Mandalay Voice)
ဓာတ်ပုံ သတင်း Kyaw Moe Win၊ ကိုသုကာ၊ CJ Myanmar (Facebook)
ဓာတ်ပုံ သတင်း Kyaw Moe Win၊ ကိုသုကာ၊ CJ Myanmar (Facebook)
ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ နာရီကျော်ခန့်ကစတင်၍ လူအင်အား တစ်ရာကျော်ရှိသော မန္တလေးပြည်သူပြည်သားများက မန်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာရုံးအား ပတ်၍ လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် စီတန်းလမ်းလျှောက်ပွဲ ကျင်းပနေစဉ်
မန္တလေး၊ စွမ်းဟိုတယ်ရှေ့တွင်လည်း ယခု စီတန်းလမ်းလျှောက်ပွဲနှင့် တစ်ပြိုင်နက်တည်း ဖယောင်းတိုင် မီးထွန်းပွဲ ပြုလုပ်လျက်ရှိပြီး ဆန္ဒပြ ၂ ဖွဲ့ ပူးပေါင်းမည်ဟု သိရသည်။
CJ 031
(အဘဒီမို) (Update News) ယခုအချိန်ထိ လူအင်အား ၅၀၀ ကျော် ပူးပေါင်းပါဝင်လာပါတယ်.... ၇၇ လမ်း ၂၆×၂၇
ကြားမှာပါ... ရဲတပ်ဖွဲ့ဝင်များ ယူနီဖောင်းနဲ့ စောင့်ရှောက် ပေးပါတယ်..
အားလုံး အေးအေးချမ်းချမ်း ရှိနေပါတယ်.... လူအင်အား ပိုများလာနေပါတယ်။