ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အကျင့်ပျက်ခြစားနေသည့် ဝန်ထမ်းများအား ထိရောက်စွာ တားဆီးအရေးယူပေးပါရန်…

ဒီမိုဝေယံသို့ တိုင်ကြားစာ

အကျင့်ပျက်ခြစားနေသည့် ဝန်ထမ်းများအား ထိရောက်စွာ တားဆီးအရေးယူပေးပါရန်…

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို နှောက်ယှက်ပြီး ကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီးလုပ်ဆောင်နေသည့် ပဲခူးတိုင်းမြေစာရင်းဝန်ထမ်းများကို ထိရောက်စွာ အရေးယူပေးပါရန်

ပဲခူးမြို့တွင် ယခုအခါ လေယာဉ်ကွင်းစီမံကိန်း၊ မြို့ရှောင်လမ်းစီမံကိန်းများကြောင့် မြေကွက်များမှာ အရောင်းအဝယ်ကောင်းနေပါသည်။ ထိုသို့ အရောင်းအဝယ်ဖြစ်နေသောအခါ ပဲခူးတိုင်းမြေစာရင်းဦးစီးမှူးမှလည်း အောက်လက်ငယ်များနှင့် ပူးပေါင်းပြီး မြို့၏ ပလပ်မြေများကို မြေကွက်ရိုက်ပြီး၊ ရောင်းစားမှုများပြုလုပ်နေသည်မှာ အချိန်ကာလအားဖြင့် ကြာမြင့်နေပြီ ဖြစ်ပါတယ်..။

ပဲခူးမြို့ လေယာဉ်ကွင်းစီမံကိန်း၏ မြောက်ဘက်တွင် 
တည်ရှိသော (ဂုံမနီ)ကျေးရွာတွင် နိုင်ငံတော်၏ ပလပ်မြေအဖြစ် ထားရှိခဲ့သော မြေများကို  တိုင်းမြေစာရင်းဦးစီးမှူးနှင့် လက်အောက်ငယ်သားများက စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းကာ လယ်မြေများကို တစ်ပတ်အတွင်း နာမည်ပေါက်ဖြင့် ရောင်းစားနေခဲ့ပါသည်။

တိုင်းမြေစာရင်းဦးစီးမှူးမှာ (၁-၇-၂၀၁၃)ယခုလပိုင်းမှ စတင်ပြီး ကိုယ်ကျိုးအတွက် ရှာဖွေနေသည်မှာ အရမ်းကိုအကျည်းတန်ခဲ့ပါသည်။ ယနေ့ (၅-၇-၂၀၁၂)နေ့တွင် (ဂုံမနီ)ကျေးရွာတွင်ရှိသော နိုင်ငံတော်၏ ပလပ်မြေကို အရောင်းအဝယ်ဖြစ်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် ဈေးညှိနှိုင်းမှုလုပ်နေသည်မှာ နိုင်ငံတော်
ပိုင် တိုင်းမြေစာရင်းရုံးကြီးမှာ အရောင်းအဝယ်ပြုလုပ်နေသော ဈေးကွက်ကြီးဖြစ်နေပါသည်။

ယခုလို လူကြီးတစ်ယောက်ဖြစ်ပြီး နိုင်ငံတော်၏ အကြည်ညိုကိုဖျက်စီးနေသည့် ဝန်ထမ်းများကို သက်ဆိုင်ရာမှ ထိရောက်စွာ တားဆီး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
(ကျေးရွာသူ၊ ကျေးရွာသားများ လက်မှတ်နှင့် မြေပုံကြမ်းကိုတင်ပြပါသည်။)
ဂုံမနီကျေးရွာသားများ..