ရန်ကုန်မြေဈေး အပိုင်း (၃) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ဒီရေရေအား လျှပ်စစ်အတွက် သြစတြေးလျနိုင်ငံမှ ရန်ကုန်မြို့သို့ ရောက်ရှိနေတဲ့ ဒေါက်တာလှိုင်မြင့်အား မေးမြန်းချက်ဖြစ်ပါသည်..။
ဒီမိုဝေယံ မေးမြန်း၍ ဒေါက်တာလှိုင်မြင့် ဖြေဆိုပါသည်...။
မေး၊...၊ ဆရာ ဒလ မြို့ နဲ့  ရန်ကုန်နဲ့ ဘယ်က အဓိက မြို့တော်ဖြစ် လာပါမလဲ ။ ဘယ်အချိန်လောက် ဆိုသိနိုင်ပါမလဲ ။
ဖြေ။.....။ မေးခွန်း ဒုတိယအပိုင်းကတော့ ပြောရခက်ခက်။ အစိုးရအပေါ် တည်နေတာလေ။ အစိုးရထဲမှာ စီးပွားရေးအမြင် အားကောင်းသူတွေ ဘယ်လောက်များသလဲအပေါ်မူတည်တာပါ။ ၁၉၉၅ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာခါစအချိန်တွေမှာ အစိုးရသတင်းသာမှာ စစ်တပ်အုပ်ချုပ်လိုက်လို့  တောင်ကိုးရီးယား တိုင်ဝမ်နဲ့  အင်ဒိုနီးရှားတို့ဟာ ၁ဝ နှစ် ၁၅ နစ်အတွင်းမှာ အာရှကျားကြီးတွေ ဖြစ်လာတယ်။ အခုသူတို့  ဆက်အုပ်ချုပ်ရင်လဲ အဲဒီလိုစီးပွားရေး ကျားကြီးဖြစ်လာမယ် လို့ ရေးလာပါတယ်။ ကလောင်အမည်က (စည်သူငြိမ်းအေး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် ..ကျနော်က ဦးဝင်းဟောင် လို့ ခေါ်ခဲ့သူ)။
ကျနော်မြေအောက် ဆောင်းပါးရေးပြီး ဖြန့်ခဲ့တယ်။ ဆောင်းပါးတွေဖြန့် တော့ ပရင့်ကို ဦးအောင်သန်းသမီးက ကူညီတယ်။ ဆောင်းပါးမှာ… ကိုးရီးယား ကတ်ဘိနက်မှာ မီရှီဂန် Michigan ကဒေါက်တာဘွဲ့ ရထားသူ တစ်ဒါဇင်ကျော်ရှိနေတာ။ Dirty dozen from Michigan ။ ထိုင်ဝမ်မှာ မက်ဆာချူးဆက်က ဒေါက်တာဗရုတ်တွေအများကြီး crook from Massachusetts နြ့ အင်ဒိုနီးရှားမှာတော့ ဘာကလီဒေါက်တာဘွဲ့ ရက တနိုင်ငံလုံးမှာ (ထိုစဉ်က ၂၇ဝဝ-ကျော်နေတာမို့  ဘာကလီမားဖီးယား ဟုပင်တင်စားနေတာတွေနဲ့  အဲဒီသုံးနိုင်ငံ စလုံး န.အ.ဖ ရဲ့ ဆွေမျိုး ပေါက်ဖေါ်ကြီးနဲ့ သံတမန် အဆက်အသွယ်ပင် မရှိကြောင်း ထောက်ပြဘူးပါတယ်။ ကျနော့်ကိုဖမ်းတော့ အိမ်ကမိသွားတဲ့ သတင်းစာ ဆောင်းပါးဖြတ်ပိုင်းတွေကနေ ကျနော်ရေးကြောင်း သိသွားကြပါတယ်။
အခုအစိုးရထဲမှာ စီးပွားရေးအမြင်ဘယ်လောက်ရှိတယ် စကားပြောနေပါမယ်။
ဒေါ်စုလို လူခေါင်းဆောင်မျိုး လွှတ်တော်မှာအသာရရင် တံတားဖွင့်ပြီးလို့  ငါးနစ်အတွင်း ဒလက စီးပွားရေးအရ အချက်အခြာကျတဲ့ မြို့ တော်ကြီး ဖြစ်မယ်လိုအတတ်ပြောရဲတယ်။ အဲဒီမေးခွန်း အတိအကျမပြောနိုင်လို့ ချန်ထားပါရစေ။ အင်္ဂလိပ်လို (ကလေးစကားပေါ့… နော့်မီ)
ပထမ-မေးခွန်းကတော့ ဒလဘက်မှာက သင်္ဘောဆိပ်နေရာလဲ များများပေါ်လာမယ်။ ဆိပ်ကမ်းကလဲ ရေနက်(ရေစူး) က ပိုနက်တာဆိုတော့ အခုဘဲကြည့် ရေပိုနက်လို့  သင်္ဘောကပ်နို်င်မှုနဲ့  သီလဝါဆိုပြီး စကားပြောနေတာ။ ဒလဘက်မှာ သီလဝါ ထက်သာတဲ့ ဆိပ်ကမ်းတွေ သုံးဆပိုရှိနေပါတယ် ။ သဘာဝကကိုရှိနေတယ် ။ ဂျပန်ကုမ္မဏီတွေ ကြံဆနေသလို ရေထိန်းတံခါးနဲ့ ကုန်းတွင်းသင်္ဘောဆိပ်တွေပါ ထပ်ဆောက်မယ်ဆိုရင် ရန်ကုန်ကို ဒလနဲ့  ယှဉ်နေဖို့ နေနေသာသာ ရန်ကုန်ဟာ စလိပင်းဗျူတီ Sleeping beauty လို့ သမုတ်တာခံရဖို့ ရှိနေပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေနဲ့  အိပ်နေလို့ ရပါတော့မယ်။
အဲဒီမှာ စီးပွားရေးအရ အချက်အခြာကျတဲ့ ဇုံပေါ့။ CBD Central Business District ဆိုတာ ဒလဘက်မှာ ပေါ်လာပါမယ်။ ဥပမာ နယူးယောက်မြို့ က ရုံးကြီးတွေ အခြေစိုက်တဲ့ မင်ဟတ်တန်အပိုင်းကို စီဘီဒီ ခေါ်သလိုပေါ်လာပါမယ်။ အဲဒီလို စီဘီဒီ တွေကိုက သင်္ဘောဆိပ်နဲ့ မဝေးလှတဲ့ မြို့ လည်ဖြစ်နေတတ်ပါတယ်။
ရန်ကုန်မှာ သင်္ဘောဆိပ်က ပန်းဆိုးတန်း ဝန်းကျင်ဘဲရနိုင်ပါမယ်။ ကပ်နို်င်တာလဲ တန်အားဖြင့် သေးသေးဘဲ ကပ်နိုင်ပါတယ်။ ကုန်သေတ္တာခေတ်ဆိုတော့ ကွန်တိန်နာ အလုံး ၁ဝဝဝ- သာတင်နိုင်တဲ့သင်္ဘော အသေးစားတွေဘဲ ကပ်နိုင်ပါမယ် ။ သီလဝါဘက်မှာ ကွန်တိန်နာ အလုံး..၃ဝဝဝ-လောက်တင်နိုင်တာ ငါးစီးလောက်ကပ်နို်င်ပါမယ်။
ဒလဘက်က ၃ဝဝဝ- လောက်တင်နိုင်တာ အစီး ၃ဝ -လောက်ကပ်နိုင်မယ်။ ကုန်းတွင်းကို ထပ်သင်္ဘောဆိပ် ချဲ့မယ်ဆိုရင်။ ဒါတော့ချဲ့ နိင်သလောက်ပေါ့ ။
ရန်ကုန်ဆိပ်ကမ်းနဲ့ ကွာတာက ရန်ကုန်ဆိပ်ကမ်းကို ဝင်တဲ့အခါ သောင်ခုံကြီးနစ်ခု Sand bank ရှိနေပါတယ်။ ၁၉၆၈- ခုနစ်က ကမ္ဘာရှား သင်္ဘောကြီးသောင်တင် ခါးကျိုးသွားပါတယ်။ သီလဝါ နဲ့  ဒလကို ဝင်ရင် သောင်ခုံ တခုဘဲ ရှောင်ဝင်ရတာက ကွာနေပြန်တယ်။ ဒီသောင်ခုံတွေကြောင့် သင်္ဘောတွေ ဒီရေမြင့်တဲ့ရက် (ရေထရက် ) တွေမှာဘဲ အဝင်အထွက်လုပ်နေရတာပါ ။
အဲဒီတော့ အခုကုန်သွယ်ရေးခေတ်မှာ ဆိပ်ကမ်းကောင်းကောင်း ရှိတာက ဘယ်ဟာမြို့ တော်ဆိုတာကို ဆုံးဖြတ်သွားမှာပါ။
(မေး) ဒါဆိုနှစ်ခုမေးဖို့ လိုလာပါတယ်။ တစ်က - ရန်ကုန်နဲ့  အလုံ ကြည့်မြင်တိုင် ဘက်က ကွန်တိန်နာ ဆိပ်ကမ်းတွေဘယ်လို အကျိုးသက်ရောက်ပါမလဲ။
နှစ်က --- နေပြည်တော်က မြို့ တော်ဖြစ်နေတော့ ဆရာက ဒလ ကိုမြို့ တော်လို့ သုံးနေတာ နဲနဲ ရှင်းပြပေးပါလား။
(ဖြေ) ဖြေရပြန်ပြီ နစ်ခု။ ပန်းဆိုးတန်း ထားပါတော့။ ပန်းဆိုးတန်းကိုသာ ခေတ်မှီကွန်တိန်နာစက်တွေ ထိုင်လိုက်ရင် အလုံဘက်က နာနေပြီ။ ဒီရန်ကုန်တောင် အလုပ်တွေ လျော့ကျသွားမှတော့ အလုံက ဘာပြောနေစရာ လိုတော့ပါမလဲ။ ဒလ စီမံချက်သာပေါ်လာရင် ခေတ်စကားနဲ့  ရန်ကုန်ကို (ပန်းဆိုးတန်း)ကို ဆေးရုံတင်ယူနေရပြီဆိုမှတော့ အလုံက ယပ်တောင်နဲ့  မုန့်ဟင်းခါးမှာ ထားဖို့ ဘဲ ရှိတော့တယ် ။
တဆက်ထဲ ပိုဆိုးမှာက အခုလှိုင်သာယာ ရွှေပြည်သာဘက်က စက်ရုံတွေကိုက ဒလ ဘက် ကိုရွှေ့ ချင်ရွှေ့  မရွှေ့ လို့ ကတော့ ဆွမ်းကျွေးဖို့ တောင် ငွေချေးယူရပါမယ်။ စီးပွားရေးအရ ဒလ ဘက်ကို ယှဉ်ဖို့ မလွယ်ပါဘူး။
ဒုတိယမေးခွန်းက ဖြေရတာ ခပ်ခက်ခက်။ ကဲပါလေ။ နာမည်ယူထားတာက ဗေဒင်ယတြာအရ မပေးကောင်းတဲ့ နာမညါ။ နိမိတ်မကောင်းလို့  ဒီမြို့ ကြောင့် ဦးသန်းရွှေ ကို ခိုက်ထားတာကိုသိလား။ အဲဒါဖြေပါဦး။ ခင်ဗျားကချည်းမေးနေတာ။
(x ) အင်းမသိဘူး ။ (x ) စဉ်းစားပါဦး ။ ( x ) ဆရာဘဲဖြေပါ ။ ဆရာလို မမြင်တတ်ပါဘူး။
ပြောရတာ ဟိုတိုက် ဒီခိုက် ဖြစ်နေတယ်။ မပြောလို့ ကလဲ မသိသေးသမျှ ကံက ခိုက်နေဦးမှာမို့  အခုဖြေတာတွေကို လူကြီးတွေမကြိုက်လဲ ..ဆေးဆရာက… လူမမာနေကောင်းဖို့  မှားနေတာကို မကြိုက်သော်လည်း သတိပေးဖို့ လိုနေတာမို့  လိုနေလို့  ဖြေတယ်လို့် မြင်နိုင်ကြပါစေ။
ဒီမြို့ ကိုစတည်တုံးက ဘယ်လိုနာမည် ရည်စူးတယ်တော့ မသိဘူး။ စဖွင့်တဲ့နေ့ ကတော့ (၁၁ - ၁၁ - ၂ဝဝ၅ ) နေ့ ကတော့ ရန်ကုန်အထွက်ကနေ ဝန်ထမ်းတွေကို ဗေဒင်အချိန်အခါကျတဲ့ မင်္ဂလာအချိန် စောင့်ပြီး (…အောင်ပြီ…အောင်ပြီ ) ကြွေးကြော်ခိုင်းပြီး ချီတက်ကြတာပါဘဲ။
စဖွင့်လို့  နှစ်လမပြည့်သေးဘူး (၂ဝဝ၅ - ခရစ်စမတ်ရက်ပိုင်းမှာ) န.အ.ဖဟာ နိုင်ငံရေးအရ အရှိုက်ကို အလဲထိုးချတာခံလိုက်ရပါတယ်။ ရှိစုမဲ့စု ဘတ်ဂျက်နဲ့  ဧရာမမြို့ တော်ကြီးကို တည်စအချိန်မှာ ဝန်ထမ်းလစာ အလွန်နည်းနေတာကို ဗွီအိုအေ တိုက်ရိုက်လေးလှိုင်း အစီအစဉ်ကနေ ဖွင့်ချတာခံလိုက်ရပါတယ်။
အဲဒီအချိန်က ဆေးတက္ကသိုလ်က နို်င်ငံခြားဘွဲ့ လွန် ၃-ခုရထားတဲ့ ပါမောက္ခကြီးတစ်ဦးရဲ့  လစာဟာ (၁၂. ဝဝ - ဒေါ်လာ) ဘဲရှိပါတယ် ဆိုတာထုတ်ဖေါ် ဖွင့်ချတာခံလိုက်ရပြီး ဖေဖေါ်ဝါရီလ လေးလပတ် အစည်းအဝေးမှာ ဘတ်ဂျက်မရှိဘဲ မြို့ တော်ကြီးအတွက် ဘတ်ဂျက်တွေ အများကြီးလိုနေတဲ့ အချိန်မှာ ဝန်ထမ်းလစာတွေ (၁ဝ ကနေ ၁၅ ) အဆအထိတိုးပေးလိုက်ရတာပါ။ ပေးလိုတဲ့ ဆန္ဒရှိရင်တောင် ဒီအချိန်မှာ ဘယ်လိုမှမပေးနိုင်ပါဘူး။ ဘယ်သူမှမပေးနိုင်ပါဘူး။ ဦးဏှောက်နဲ့  စဉ်းစားကြည့်ပါ ။
အဲဒီရဲ့  နို်င်ငံရေးအရ အရှိုက်ကိုအထိုးခံလိုက်ရာကနေ အကျိုးဆက်က တစ်နှစ်ကျော်ကျော်လေးမှာ ရွှေဝါရောင်တော်လှန်ရေးကြီးပေါ်လာပြီး န.အ.ဖ ဆင်းပေးဖို့ အထိဖြစ်လာပြီး မပြီးဆုံးနိုင်တဲ့ ညောင်နစ်ပင်ညီလာခံကြီး တက်သုတ်ရိုက်ပြီး ပြီးလိုက်ရတာပါဘဲ။ အရှိုက်ကို အထိုးခံလိုက်ရတယ်ဆိုတာ ဟုတ်တယ် ..မဟုတ်ဘူးဆိုတာ ခင်ဗျားဘဲ ဆုံးဖြတ်ပါ။
အဲဒီနောက် ဒီနေပြည်တော်က ထပ်ခိုက်တာတွေ ဆက်တိုက်ပေါ်လာတယ်။ ခင်ဗျားစဉ်းစားကြည့်လေ။ ဦးသန်းရွှေ သူ့ တစ်သက်တာ သူ့ ဘဝမှာ အရေးအကြီးဆုံးသော အလုပ်ကြီးက အခါရာအကျဆုံး အလုပ်ကြီး။ သူအာဏာသိမ်းစ ကတည်းကလုပ်ဆောင်ခဲ့တဲ့ အခြေံဥပဒေကြီးကို လူထုဆန္ဒဆိုပြီါ် အတည်ပြုဖို့ဘဲလေ။
သူ့ဘဝရဲ့ အရေးအကြီးဆုံး အလုပ်ကြီးကို နာဂစ်မုန်တိုင်းကြီးက နှစ်ခြမ်း အခွဲခံလိုက်ရတာဘဲလေ။ နေပြည်တော်လို့ မှည့်ခေါ်တဲ့ အကျိုးဆက်တွေလို့  ကျနော် အပြတ်ယူဆထားပါတယ်။ အခုဘဲကြည့်ပါ။ နေပြည်တော်မှာ စာချုပ်ထားသမျှတွေ ထစ်ငေါ့နေတာတွေ။ မြင်တတ်ရင်ပေါ့ စဉ်းစားတတ်ရင်ပေါ့။ ထားဝယ်ရေနက်စီမံကိန်း။ မြစ်ဆုံဆည် ။ လက်ပံတောင်းတောင်။
ပြန်သုံးသပ်ဖို့ တော့ လိုနေပြီလို့ အကြံပြုချင်ပါတယ်။ အခုဆို တိုင်းရင်းသားအရေးတွေ နေပြည်တော်မှာ ချုပ်ဆိုကြတာတွေကို သတိထား စေချင်ပါတယ်။
(မေး) ဒါဆိုဆရာက နေပြည်တော်ဆိုတာ နံမည်က ခိုက်နေတယ်လို့ ယူဆတာလား နေပြည်တော်တည်တာက ခိုက်နေတယ်လို့ ယူဆတာလား။ နေရာကခိုက်နေတာလား ။
( ဖြေ ) ခင်ဗျားမေးခွန်းတွေက လက်ထိပ်စော်နံတဲ့ မေးခွန်းတွေချည်းဘဲ။ မေးတော့လဲဖြေရတော့မှာပေါ့ ။
နေပြည်တော်ဆိုတာကတော့ ကံဆိုးတွေမခိုက်ဘူး ဆိုရင်တောင် ယဉ်ကျေးတဲ့ခေတ်မှာ မခေါ်သင့်တော့ဘူး။ ရှေးက ဘုရင်တွေဆိုတာ ခေတ်ကာလအခြေအနေအရ ပေါ်လာရတာပါ။ မင်း (ဘုရင်) ဆိုတာ လူကောင်းက ရှာမှရှားပါ ။ မင်းပြောင်းမင်းလွှဲ ဖြစ်လို့  မောင်းတီးကြေငြာရင် လူတွေမှာ ကြောက်နေကြရတာ။ ဘုရင်ဟောင်းနဲ့  ပနာရခဲ့သူတွေဆို ပြေးနို်င်ရင်ပြေးခေတ်ပါ။
ထားပါတော့ ကျနော်တို့  မြန်မာဘုရင် မျိုးဆက်ပြန်ရလို့  ကျနော်တို့ ကို အုပ်ချုပ်မယ်ဆိုရင် လက်ခံနိုင်ကြမလားသာ စဉ်းစားကြည့်။ ဘယ်သူမှ လက်ခံကြမှာမဟုတ်ဘူး။ အဲဒီမှာ လွှဲနေပြီ မင်းနေပြည်။ ဘုရင်ဆိုတာစိတ်ကူးတာကိုက လူမုန်းတာခံချင်နေတာဘဲ။
တစ်ခါပိုပြီး လွှဲတာက ရှေးမြန်မာတွေက မန်းရတနာပုံ နေပြည်တော်လို့  သုံးနုံးခဲ့တာ သမိုင်းစာအုပ်တွေမှာ အထင်ကရ။ နေပြည်တော်က မြို့ ရဲ့ နောက်ကနေ ခေါ်ဆိုရတာ။ မြို့နေရာဒေသတွေမှာ နာမဝိသေနပုဒ်ကို နောက်ကထားရတာ မြန်မာရဲ့ မူဘဲ။ တနည်း နေပြည်တော်ဆိုတာက ( မြို့  ) ဘဲလေ။ အခုသူသုံးနုံးတဲ့ အတိုင်းဆို မြို့ တော်ရန်ကုန်။ မြို့ ရွှေဘို ဖြစ်မနေဘူးလား ။ အဲဒီလို စည်းဖေါက်တာကလဲ လုပ်ထားပြန်တော့ ခိုက်ပြီပေါ့။
ဦးသန်းရွှေ အမိန့် (ထင်တယ် )… အမှန်ကပျဉ်းမနား နေပြည်တော်လို့  ခေါ်ရမှာကို (နေပြည်တော် ပျဉ်းမနား ) လုပ်နေတာကတော့ မြန်မာစာဆရာကြီးများ ဘယ်ဟာက မှန်တယ်။ ဘယ်ဟာက မှားတယ် ဆွေးနွေးဖို့ လိုပါပြီ။ နုတ်ပိတ်နေလို့ ရမယ်ထင်နေကြသလား။ ချာတိတ်တွေက ဒီဘိတ် ( စကားရည်လုပွဲ ) လုပ်လာပါလိမ့်မယ်ဗျား။ ငြိမ်နေလို့ ရမယ်ထင်နေကြရင်။ နောက်နေပြည်တော်ဆိုတာ စာတတ်သူတိုင်း.. ဒါမင်း( ဘုရင် )နေထိုင်ရာမြို့ တော်လို့  အဓိပ္ပါယ်ပေါ်လွင်ပြီးသား။ ဗိသိက်ခံပြီး နန်းတက်ထားသူမရှိဘဲလဲ မသုံးကောင်းဘူးလေ။
နောက်တစ်ခုပေါ့ . ပျဉ်းမနားမြို့ သားတွေကိုတော့ အားနာပါရဲ့ ။ ဟိုယခင်ကထည်းက မီးရထားခရီးသွားရင် ကုန်ကားကြီးတွေလဲ သတိထားရတာက ပျဉ်းမနားပါ။ အဆိုလေးတောင်ရှိသေး ပျဉ်းလို့ တောင်မနားနဲ့တဲ့ ။ရထားတွဲထိန်းတွေက ပျဉ်းမနားမှာ ရထားဖြတ်နေစဉ် မှန်တွေချထားဖို့  မျက်မှန် နာရီတွေ သတိထားဖို့ လိုက်သတိပေးရတာ ရာဇဝင်ပါဘဲ။ ပျဉ်းမနားကြီးကို ဗဟိုပြုလိုက်တာ အာဏာရှိသူတွေ ဆထက်ထမ်းပိုး ထောသွားသလောက် တိုင်းပြည်ကတော့ ကုန်းကောက်။ ခိုးလိုက်တာ သောက်သောက်လဲပါဘဲ။
တစ်လောက မိတ်ဆွေနဲ့  စကားစပ်မိရင်း ပျဉ်းမနားကို ဗဟိုပြုနေသမျှ လာဘ်ပေးလာဘ် ယူမှုဘယ်လိုမှ တိုက်ရမှာမဟုတ်ဘူး။ ကံက အကူထက် အဖျက်ဘက်ကနေ ထိုးနေမှာလို့။ ပျဉ်းမနားသားတွေကိုတော့ အားနာပါရဲ့။ လာဘ်ပေးလာဘ်ယူဆိုတာ ခိုးမှုဘဲလေ။
ခိုက်နေတာမှ Double - မက ခိုက်နေတာပါဗျာ။ လွှတ်တော်အမတ်မင်းတွေ ဆွေးနွေးသင့်ပါပြီ။
မြို့ တော်ဆိုတာ မင်္ဂလာပြည့်စုံရဲ့ လားဆိုတာ စဉ်းစားသင့်ပါပြီ။ မင်္ဂလာလား အမင်္ဂလာလား ဆုံးဖြတ်သင့်ပါပြီ။ က ကြီးလား ခခွေးလား အမတ်မင်းများစဉ်းစား။
( မေး ) ဆရာ ကကြီးဆိုတာ ခခွေးဆိုတာ ဘာကိုပြောတာလဲ။
( ဖြေ ) အဲ…အင်း ။ စကားကလွန်သွားတယ် ဗျာ။ ထားပါ တော့ ။ က - ကြီးဆိုတာ (ကောင်း) ကိုပြောတာ။ နေရာဆိုတော့ ကောင်းရင်တော့ ကောင်း ပေါ့။ အမင်္ဂလာကျနေရင်တော့ ခခွေး - ဆိုတာ ( (ခေါင်း) လို့ ဆိုလိုတာပါ ။ တိုင်းပြည်အရေးဆိုတော့ အဲဒီလောက်ကိုအရေးကြိးလို့ ပြောမိတာပါ ။
( မေး) အဲဒီတော့  ဆရာကမြို့ တော်ကို နေပြည်တော်ကနေ ရန်ကုန်ကိုပြန်ရွှေ့ စေချင်တဲ့ သဘောပေါ်နေပါတယ် ။ အဲဒီလိုယူဆလို့ ရမလား ။
( ဖြေ ) ရွှေ့ စေချင်တာကိုမဟုတ်ဘူး။ စကထည်းကိုက တိုင်းပြည်မှာ လိုငွေတွေ နင်းကန်ပြနေတဲ့အချိန် ဗေဒင်ယတြာကဟောလို့ ရွှေ့ တယ်ဆိုတာ လူတိုင်းသိနေတာပါ။ အဲဒီဗေဒင်တွေသာ တွက်တာမှန်ရင် ကမ္ဘာမှာ ကျနော်တို့ နိုင်ငံဟာ ထိပ်ဆုံးကိုရောက် မနေရင်တောင် အမွဲဆုံး နိုင်ငံဖြစ်မနေပါဘူး။ အဲဒီဗေဒင်တွေကို နိုင်ငံခြားတွေက soothsayers. အလိုကျလိုက်ဖါးဟောနေသူတွေလို့  သတ်မှတ်ခေါ်ဆိုတာဗျာ။ မြန်မာလိုတော့ ဗေါင်းတော်ငြိမ့်တွေပေါ့။
ကျနော်က ဘတ်ဂျတ်နဲ့ ချိန်ထိုးပြီး လုံးဝကို မဆောက်စေချင်တာက နံပတ်တစ် ။
နံပတ်နှစ်က မြို့ တော်ဆိုတာ စီးပွားရေးအရ အချက်အချာကျတဲ့ နေရာမှာ နေရတာ။ စစ်ရေးအမြင်အရ လာလုပ်တော့ ခက်သွားရော။ ကျနော်တို့ ထက်အများကြီး အရေးကြီးတဲ့ အမေရိကန် ရုရှား တို့လဲ လုံခြုံရေး သိပ်အရေးကြိးတာပေါ့။ တဖက်က အနုမြူဗုံးနဲ့ အလစ်တိုက်လာခဲ့ရင် အမြဲစဉ်းစားနေရတာပါ။ မြို့ တော်ရွှေ့ တာက ဖြေရှင်းနည်း လွှဲနေတာ။ ယခင်ခေတ်တွေက ရွှေ့ တယ်ဆိုတာ မှန်နိင်ကောင်းပါသေးတယ်။ အခုခေတ်က ကုန်းထဲ ဘယ်လောက်ပုန်းနေနေ မောင်းသူမဲ့ ဒုံးတွေ ကြားနေရတာ နားမဆန့် ပါ။ စစ်ရေးအမြင် ။
နောက်ဆုံး နေပြည်တော်ဆိုတဲ့မြို့ ကြီးက မင်္ဂလာရှိမရှိ ခင်ဗျားသာ စဉ်းစားကြည့်။ တရုတ်ပိုင်နေတယ်လေ။ အဲဒီမြို့ ကြီးဆောက်ဖို့  ချေးရတာ တရုတ်ကို အကြွေး ၅- ဘီလျံ တင်နေတယ်လေ။ တကယ်သာအားမတမ်း မညှာတမ်း ဂုဏ်ပုဒ်တွေအပြည့်အစုံ သမုတ်ပြောရရင် တရုတ်ဆီက ချေးငွေတွေနဲ့ တည်ထားရသောနေပြည်တော်ကြီးပေါ့။
တတယ်ကတော့ စီးပွားရေးအရ သိပ်မှားသွားပြီ။ မှားနေပြီ။ အခုရုံးကိစ္စတွေ နေပြည်တော်သွားကြရတော့ နစ်နာတာက ဘယ်သူလဲ။ မြန်မာတစ်နိုင်ငံလုံး။ အကျိုးအမြတ် ရနေတာက မလေးရှားရေနံကုမ္မဏီတွေပဲ။ ရေနံပိုဝယ်ကြရပြီ။ သူတို့ ကို တဖက်လှဲ့ ရာသက်ပန်လုပ်ကျွေးနေရပြီ။ ဒါရေနံ သက်သက်။ အချိန်တွေပိုကုန်။ တည်းခိုခတွေ ပိုကုန်။ သေလို်က်ကြရတာကလဲ တဝုန်းဝုန်း။
ပြောမယ်ဆိုတစ်ပုံကြီး။ အကုန်ပြောနေရင် မီးဇာကုန်မကုန်တော့ မသိဘူး။ ခုအော်ဇီကလာတာ ကျနော့်နေထိုင်ခွင့်ဗွီဇာ ကုန်ခါနီးတော့ နဲနဲခေါင်းကြီးတယ်။ ဗွီဇာက သက်တမ်းတခါတိုး (၃ - လ) ။ ၃-လ တစ်ခါသက်တမ်းတိုး လျှောက်နေရတာဆိုတော့ လက်ထိပ်စော် မကြောက်ရဖူး ။ ဗွီဇာက မျက်ခုံးလှုပ်လှုပ်။
ဟိုမေး ဒီမေး နဲနဲ လျော့ပါဦးဆရာ။ ဒလ မြို့  ကိုဘဲမေးပါဗျာ။
(မေး) ဟုတ်ကဲ့။ ဒလမြို့ က ရန်ကုန်ထက်တော့ ပိုအဆင့်မြင့်မှာပေါ့။ ဘယ်လိုတွေ ကွာခြားနိုင်ပါမလဲ။ အခုတံတားဆောက် မိန့်ပေးပါပြီတဲ့ ဘယ်လောက်စတင်နိုင်ပါမလဲ။
(ဖြေ)။ တံတားက ဆောက်မယ်ဆို တိုင်းတာ စစ်ဆေးပေါ့။ ၆- လလောက်ကြာမယ် ထင်တယ်။ တံတားဆောက်တာက အလွန်ကြာလှ နစ်နစ်ပေါ့။
တံတားဆောက်တာထက် မြို့ တော်ကို စီမံကိန်းရေးဆွဲရမှာက နှစ်နှစစ်လောက်အချိန်ယူရမလား ကျနော်မသိဘူး။ န.အ.ဖ.ခေတ်ကလို လက်ညှိးထိုးခိုင်းရင်တော့ တပတ်ပေါ့။ မသိဘူး။ သေချာတာကတော့ စီမံချက်မချသေးဘဲ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား မလုပ်သင့်ဘူး။
ဒလ ဘက်ကမ်းမှာတင် ဧကပေါင်း - သုံးသိန်းကျော်ရှိနေတာ။ ကွမ်းခြံကုန်းတဖက်ကမ်းတွေပါတွက်ရင် ဧကပေါင်း နောက်ထပ် နှစ်ဆ။ အဲဒီမြေကွက်တွေကို လယ်ကွင်းတွေ ကို တရုတ်တွေဝယ်နေကြပြီ။ ဒါနိုင်ငံတော် စီမံချက်ရှိရင် ဝင်နိုက်ကြတာ အာဏာရှိသူတွေနဲ့  လာဘ်ပးလာဘ်ယူရှိနေလို့ ဘဲ။ ဒီမြေတွေဟာ နိုင်ငံတော်ကဘဲ ခံစားခွင့်ရှိရပါမယ်။ အခုအစိုးရမှာ ဘတ်ဂျက်လိုငွေတွေ အများကြီးပြနေတာ ဒီစီမံကိန်းနေ ဝင်ငွေရဖို့ လိုပါတယ်။ အဲဒီလိုတရုတ် ဝယ်လက်တွေ သောင်းကျန်းနေတာ လတ်ပေးလတ်ယူမှု အားကောင်းနေဆဲ ဆိုတာ ဦးဏှောက်ရှိသူတိုင်း စဉ်းစားမိပါတယ်။
လူနာစကားနဲ့  အဖျားမရှိတော့ဘူး ခြစ်ခြစ်တောက်ပုူနေတာဘဲရှိတယ်။
ရန်ကုန်ထက်ကတော့ ပိုမြင့်မှာဘဲ။ ရန်ကုန်ကိုက ၁၈၅၂ - အဂ်လိပ်က ဒုတိယစစ်ပွဲနိုင်ပြီးတာနဲ့  စီမံချက်ချဆွဲခဲ့တဲ့မြို့။ စဆောက်တုံးက လူဦးရေ - ၃၆ဝဝဝ - အတွက်ဆွဲခဲ့တာ ။ ၅ - နစ်အတွင်းမှာ လူဦးရေ ၅-သောင်းအထိတိုးလာပြီး ၁ဝ နစ်မှာ..၆ဝဝဝဝ-ကျော်လာတော့တာပါ။ ထားပါတော့ ၁၈၇၈ - မှာ ရန်ကုန်အရှေ ပိုင်း သိမ်ဖြူလမ်းဘက်ကိုတိုးချဲ့ ခဲ့ပါတယ်။
အခုအများရေးနေကြတဲ့ မှော်ဘီ လှည်းကူးဘက်မှာ ချဲ့ရင် ရန်ကုန်မြေဈေးက ပိုပြီးခေါင်ခိုက်သွားပါမယ်။ ရှေ့ နေမင်းစောင်မမှ ထောင်ကျ ဘဲ။ အဲဒီဘက်စဉ်းစားသူဟာ လောင်းချင်သေးတယ်။ ဦးဏှောက်ချော်နေသူလို့  အပြတ်ပြောမယ်ဗျာ။ အဲဒီလိုထောက်ခံသူ သေသေချာချာ ပြန်စဉ်းစားပေတော့။ မြေကိုင်ထားသူ မဟုတ်ရင် ဦးဏှောက်လွဲနေသူဘဲ။
၁၈၅၃- စီမံချက်မှာ လမ်းတွေက (လမ်းသေးတွေ) က ၂၅-ပေအကျယ်။ သိမ်ဖြူဘက်မှာစပြီး ပေ-၅ဝ- အကျယ် လမ်းတွေဖြစ်လာတာ။ ဒီဘက်ခေတ်ရောက်တော့ လူဥိးရေက သန်းချီနေထိုင်တော့ လမ်းအကျယ်နဲ့  လူဦးရေက မမျှတော့ဘူး။ History of Rangoon B.R. Pearn 1939…မှာကြည့်ပါ။ ဒီဘက်ခေတ်အတွက် ထပ်တိုးချဲ့ ဖို့  လုံးဝမဖြစ်နိုင်တော့ဘူး။ လမ်းတွေက ၁၈၅၃-ခုနစ်က စီမံချက်တွေလေ။ မြို့ သစ်ဘဲဆောက်ရပါတော့မယ်။
တည်ဆောက်ရမှာကလဲ နိုင်ငံခြားပညာရှင်တွေ ပါလာမှာဆိုတော့ ခေတ်မှီမြို့တော်ကြီးဖြစ်ဖို့  သေချာနေပြီလေ။ ဂျပန်အုပ်စုကနေရတဲ့ သတင်းကတော့ စင်ကာပူထက် အဆင့်မြင့်မယ်ပြောနေတယ်။ ကျနော်က စင်ကာပူမရောက်ဖူးတော့ စင်ကာပူဆိုတာကို မသိဘူး။
(မေး) ဒလ ဘက်မှာ အဓိကပြသနာက ရေရှားပါးမှုပါ။ ရန်ကုန်ကနေ ခွဲဝေပေးဖို့ က ရန်ကုန်မှာကိုရေမလောက်ဘူး ။
( ဖြေ) ရန်ကုန်ကိုတည်ဆောက်စက အင်္ဂလိပ်တွေက ၁၈၅ဝ ကျော်မှာ ရေလောက်အောင် ကန်တော်ကြီး ။ ၄င်းနောက် အင်းယားကန်တွေဖေါ် နောက်ဆုံးဂျိုးဖြူကန် တွေလုပ်ခဲ့တာဘဲ။ ဒလမြို့ တော်ကြီးက ဘီလျံပေါင်းများစွာ အကုန်ခံပြီး ရေရှိရေးက နည်းနည်းဘဲကုန်မှာ။ ဆင်တစ်ကောင်လုံး ဝယ်နိုင်ပြီး ချွန်းဖိုး အတွက်ပြောနေကြတယ်။ တွံတေး တူးမြောင်းကြိးတခုလုံးကိုက ရေချိုတွေပါ။ အခုခေတ်ပလပ်စတစ် ပိုက်ကြီးတွေနဲ့  သွယ်ပါ။
တခါ ပဲခူးမြစ်ပေါ်က ဇောင်းတူရေကာတာ။ ဒိုက်ဦးနယ်က ရဲနွယ်ချောင်းရေတမံကြီးတွေမှာ ရေတွေ အများကြိးပါ။ ဒလ ရေပြသနာကိုမဖြေရှင်းနိုင်ရင် အစိုးရကနေ ထွက်ပေးဖို့ တောင် ကောင်းပြီ။ ဧရာဝတီမြစ်ရေယူဦးမလား။ အင်္ဂလိပ်က ၁၈၈၀ လောက်က တွံတေးတူးမြောင်းကြီး ဖေါက်ခဲ့တယ်။ ကျနော်တို့  တူးမြောင်းက ရေကို မသွယ်နိုင်ဘူးဆိုတာကတော့ ရာဇဝင်ရိုင်းလှပါတယ်။
အခုကိုတံတားမထိုးသေးတောင် လက်ရှိအခြေအနေအတိုင်း ဒလ ကိုရေပေးနိုင်ရင် အစိုးရအတွက် ဝင်ငွေကြီးကြီး တခုရှိနေပါတယ်ဗျ ။ ပြောတော့မပြနိုင်ဘူး။ သမ္မတကြီးနဲ့  တင်ပြခွင့်ရရင် သို့ မဟုတ် အကြံပေးတွေက မေးလာရင်ပေါ့ တင်ပြချင်ပါတယ်။
နောက် မ.ဆ.လ…န.အ.ဖ.ခေတ်လို အမြင်တွေ ပြင်ရဖို့ လိုနေပြီ။ တကယ်က စည်ပင်က ရေကို ရောင်းနေတာဘဲ။ ရေရောင်းရမဲ့ ဝယ်လိုအားကြီးက ရှိနေတယ်။ ရောင်းနေတယ်။ ရောင်းစားဖို့ တော့ သိတယ်။ ရင်းဖို့ ကျတော့ ငွေမထုတ်ချင်ဘူး။ စစ်လေယာဉ်လောက် အရေးမပါဘူး။ ဖရီးပေးနေရသလိုလို ပြောဆိုနေတာ တွေပြင်ဖို့ လိုနေပြီ။
အခု အချိန်မှာကို ရန်ကုန်တစ်မြို့ လုံး ရေမလုံလောက်သေးဘူး။ ရေကာတာကြီးတွေ လက်တစ်ကမ်းမှာ ရှိနေတယ်။ ရေဝယ်မဲ့ ပြည်သူတွေ ရေလိုနေတယ်။ ရောင်းနေရတာဘဲ။ မလုပ်ပေးနိုင်သေးဘူး။ စင်ကာပူရေရှိလို့ လား ။
ရေကိုစကားထဲပြောတာ မြန်မာသိက္ခာကိုချနေတယ်လို့ ဘဲမြင်တယ်။ နပိုလီယံ ရဲ့ စကားပေါ့ ။ Circumstances.?? I made circumstances. အခြေအနေလား? အခြေအနေဆိုတာ ငါလုပ်တာဘဲ။
( မေး) ဒလ ဘက်ကမြေက ရန်ကုန်ထက်နိမ့် တော့ တချိန်ကမ္ဘာကြီး ပူနွေးမှုကြောင့် Climate change ပင်လယ်ရေ မျက်နာပြင် မြင့်တက်လာရင် ရေမြုပ်နိုင်ခြေ ပိုရှိနေတာကို ဘယ်လိုဖြေရှင်းမလဲ။
(ဖြေ) ဟုတ်ကဲ့။ ရေကြီးတာတွေကို ၂ဝ၁၁ - ထိုင်းမှာ ဖြစ်တာမျိုး သင်ခန်းစာယူရပါမယ်။ မြို့ တော်တည်ဆောက် ကတည်းက တူးမဲ့ရေကန်ကြီးတွေက မြေတွေ။ လမ်းဖေါက်တော့ တူးရမဲ့မြေတွေ။ သင်္ဘောဆိပ်အတွက် တူးရမဲ့မြေတွေ။ မြေအောက်ရထား တူးရမဲ့မြေတွေ ကို ဖို့ ထားဖို့  စီမံချက်လုပ်ထားရပါမယ်။ ဒါ့အပြင် အခုခေတ် တနေ့ ကိုတန်ပေါင်းများစွာ ထွက်နေတဲ့ အမှိုက်တွေကို မြေကျင်းတူးမြုပ်နေရတာဆိုတော့ အဲဒီမြေကျင်းတွေက ထွက်လာမဲ့မြေတွေ အများကြီးပါ။ တို်က်ဆောက် ရာကနေ ထွက်နေတာတွေကို စီမံချက်နဲ့  မြေမြင့်အောင်လုပ်ထားရမှာပါ။
နောက်ကမ္ဘာကြီးကလဲ ပူနွေးနေတာ တန့်လာနိုင်စရာရှိပါတယ်။ ကမ္ဘာကြီး ပူနွေးမှုဒါဏ်ကို အနောက်နိုင်ငံကြီးတွေ ပိုခံစားရမှာဆိုတော့ တခုခုအဖြေထွက်လာတော့မှာပါ။ အမေရိကန်ဆို တနှစ်ကို ရာသီဥတုဖေါက်ပြန်လို့  ဘီလျံပေါင်း ရာချီဆုံးရှုံးနေရပါပြီ။
နောက်တခုက တကယ်တန်း ခင်ဗျားပြောသလို ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာရင် ဒလ မမြုပ်ခင် သီလဝါက အရင်မြုပ်ပါမယ်။ သီလဝါဘက်လဲ ရေပြသနာ ရှိပါမယ်။ မြေအောက်ရေက လူအတွက် မသင့်တော်ဘူး ကြားနေရပါတယ်။ ပြသနာရှိလို့  ရှောင်မယ်ဆိုရင် အိမ်ထောင်မပြု ရီးစားတောင် မထားကြတော့နဲ့ ပေါ့။ ကလေးမီးဖွားရင် မိခင်တွေသေနိုင်တယ်လေ။
အင်္ဂလိပ်တွေ တွံတေးတူးမြောင်းဖေါက်ခဲ့တယ်။ ကျနော်တို့  ရေသွယ်ဖို့  လက်တွန့် နေကြပြီး ဒလ ဘက်ရေပြသနာ လုပ်နေကြတာ ရှက်ဖို့ ကောင်းတယ်။ ရေကြောင့် ဒလကို လက် တွန့် နရင် မိန်းမမယူကြနဲ့  ဘဲပြောပါမယါ။ ရန်ကုန်ဟာ မူလက ရွှံနွံတောကြီးပါ။ မြေဖို့ ယူထားတာပါ။ လသာ မြို့ နယ်ကို ယခင်က (လတ္တာပြင်ကြီး) မို့  ခေါ်ရာကနေ လသာဖြစ်လာတာပါဗျာ။ လက်ရှိကိုရန်ကုန်က ဒလ ထက်နိမ့်နေပါတယ်။
(မေး ) နောက်ဆုံးပေါ့ တံတားကို ဘယ်နေရာလောက်ကနေ ထိုး ရင်အဆင်ပြေနိုင်ပါမလဲ ။ တံတားအမြင့်ပေါ့ ။ ကိုးရီယားကုမ္မဏီက ကမ်းလှမ်းချက်မှာ အလုံဘက်ဝင်မဲ့ ပင်လယ်ကူး သင်္ဘောတွေ လွတ်အောင် တံတားကိုအမြင့်ကြီးဆောက်မယ်။ ကားတွေက အဝှိုက်လမ်းတွေကနေ တက်ရမယ် ကြားထားလို့ ပါ။
(ဖြေ) အဆင်အပြေဆုံးက အလုံသင်္ဘောကျင်းဟောင်းနေရာ။ ဒလ ဖက်မှာလဲ နေရာကောင်းတယ်။ မြစ်ကလဲ အဲဒီနေရာမှာအကျဉ်းဆုံး။ မီတာ ၆ဝဝ-လောက်ဘဲ ကျယ်တယ်။ နောက်ရန်ကုန်ဘက်က အဲဒီအနားမှာ မြေက မြင့်နေတယ်။ တံတားပေါ်ချဉ်းကပ်လမ်း ပိုအဆင်ပြေနေတယ်။
တံတားအမြင့်ကတော့ အလုံဘက်ဝင်ထွက်နေတဲ့ သင်္ဘောကျင်းတွေနဲ့ ညှိနိုင်းပြီး တံတားကို သိပ်မမြင့်ဘဲ ဆောက်သင့်ပါတယ် ။ တံတားမြင့်လေ လေတိုက်တာကြောင့် ပြိုကျနိုင်မှုများလာလေဘဲ။ အမေရိကန်မှာ တံတားကြီး ယိမ်းထိုးပြိုကျ ထားဘူးတယ်။ လေကြမ်းတိုက်တာနော်။ ကျနော်ဆီမှာ အဲဒီဗွီဒီယိုရှိနေတယ်။
တံတားမြင့်လေ စရိတ်ပိုကုန်လေ။ နောက်ကားတွေ ဓါတ်ဆီ တသက်လုံး ပိုကုန်နေရော။ ကိုးရီးယားကတော့ မြင့်လေ စရိတ်နည်းပညာပိုများလေ ဆောက်သူကိုက်လေပေါ့။
တခါ ဆစ်ဒနီမြို့ က အမ်းဇက်တံတား ANZAC bridge လိုဖြစ်နေဦးမယ်။ တံတားကို အောက်ကသင်္ဘောတွေ လွတ်အောင် အမြင့်ကြီးဆောက်တယ်။ ဆောက်လဲပြီးရော တဖက်ကို သင်္ဘောတွေ အဝင်အထွက် (လုံးဝ) မလုပ်တော့ဘူး ။ သင်္ဘောဝင်စရာ ဈေးကွက်မရှိတော့လို့။ ဒိမှာလဲ အလုံဘက်ကိုဝင်ထွက်မဲ့ သင်္ဘောမကြာခင် ပျောက်သွားပါမယ်။
(မေး) နိဂုံးချုပ်အနေနဲ့  ဒလဘက်ကို တံတားထိုး မြို့သစ်တည် တိုးချဲ့ရင် ရန်ကုန်မြေဈေး ဘယ်လောက်အထိ ဖြစ်သွားနိုင်ပါမလဲ။ ဆရာမှတ်ချက်လဲ ပေးပါဦး။
ဘယ်လောက်ကျသွားမယ်ဆိုတာ နဲနဲမှန်းရတာခက်တယ်။ နောက် Location Location.. နေရာအပေါ်မူတည်နေတယ်။ အကျများမှာကတော့ မြို့ လယ်နဲ့  ဈေးခေါင်ခိုက်နေတဲ့နေရာတွေ။ ကျပြီဆိုရင် ဆူနာမိ အကျဆိုတော့ ကျနော်မှန်းဖို့ မလွယ်ဘူး။
အသေအချာ ပြောနိုင်တာကတော့ မှော်ဘီ လှည်းကူးဘက် တိုးချဲ့မယ်လို့ စိတ်ကူးနေသမျှ ရန်ကုန်မြေဈေးက ပိုပိုပြီးတက်နေပါမယ်။
သေချာတာကတော့ ဒလ စီမံကိန်းဟာ ၂ဝ၁၅ ရွေးကောက်ပွဲကို တော်တော်လေး ဂယက်ရိုက်ပါမယ်။ စလိုက်တာနဲ့  အလုပ်အကိုင်တွေ သန်းချီပေါ်လာပါမယ်။ နိုင်ငံခြားရင်းနှီးမှုတွေ လှိမ့်ဝင်လာပါမယ်။ ပြည်သူလူထု အသက်ရှုချောင်လာပါမယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာစံချိန်မှီမြို့ တော်ကြီးဖြစ်လာပါမယ်။ ကမ္ဘာက တချိန်ကရန်ကုန်ကို နမူနာယူသလို ယူနိုင်တဲ့မြို့ တော်တောင် ဖြစ်လာနိုင်ပါတယ်။
ဒါထက်အသေချာ ဆုံးကတော့ လူထုတရပ်လုံး ပျော်ရွှင်စေရပါမယ်။ ဟာသလေးပေါ့။ လူထုတရပ်လုံး ပျော်ရွှင်စေဖို့  လေယာဉ်ပေါ်ကနေ ငွေစက္ကူတွေ ကြဲချတာထက် ဒလ စီမံချက်အတည်ပြုလိုက်ပြီ ဆိုတာ ကြဲချတာက ပိုပျော်စေပါမယ်။ အပျော်တကာ့ အပျော်ရွှင်ဆုံးကတော့……..ဟိုးဟိုးဆရာ ဖူးစတောပ့်ဗျာ။
အလျဉ်းသင့်ရင် ကဏ္ဍမျိုးစုံအတွက် အတွေ့အကြုံ၊ ဗဟုသုတတွေ ရေးသားပါဦးမယ်။
အားလုံးကို လေးစားလျှက်
ရန်ကုန်မြေဈေး အပိုင်း(၁) http://www.demowaiyan.org/2013/06/blog-post_2.html