ကလေးပြုစုပျိုးထောင်ရေး ပညာရပ် (အပိုင်း ၁) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ကလေးပြုစုပျိုးထောင်ရေး ပညာရပ် (အပိုင်း ၁)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
(မွေးကင်းစအရွယ်မှစတင်ကိုယ်တိုင် အသိဥာဏ်ဖွံ့ ဖြိုး )
SELF LEARNING FROM BIRTH.
2005 November မှာ ကျနော်မြန်မာပြည်ကနေ အခြေအနေတစ်ခုကြောင့် ထွက်ခွာခဲ့ရပါတယ်။ ထိုင်းကိုရောက်တယ်။ ထိုင်းမှာ အခြေအနေ မကောင်းတာနဲ့  ဗွီဇာ မကုန်ခင် မလေးရှားကို လစ်ခဲ့ပါတယ်။ မလေးရှားမှာ ဗီဇာကုန်တော့ ကုလသမဂ္ဂမဟာမင်းကြီးရုံးမှာ ဒုက္ခသည်လျှောက်ထားပါတယ်။ အလွယ်တကူ မရခဲ့ပါဘူး။ ဗမာလူမျိုးဆိုရင် ဒုက္ခသည်အဖြစ် သိပ်မပေးချင်ဘူး။ သူတို့ ဦးစားပေး တာကတော့ ရိုဟင်ဂျာနာမည်ခံတဲ့ ဘင်္ဂါလီလူမျိုးတွေနဲ့ ချင်းလူမျိုးတွေဘဲ ဦးစားပေးပါတယ်။ အများကြီးပေးထားတယ်။ ရရန်လွယ်ကူပါတယ်။ ချင်းတွေကတော့ တတိယနိုင်ငံတွေကို အများကြီးထွက်ခွာခွင့် ရကြပါတယ်။
(မှတ်ချက်)ချင်းပြည်နယ်မှာ လုပ်နိုင်ကိုင်သူတောင်မကျန်အောင် ထွက်ကြတော့ ကနေ့ ချင်းပြည်နယ်မှာ ဒုက္ခတွေ ကောင်းကောင်းကြီး ရောက်နေပါတယ် ။ သက်ကြီးရွယ်အိုတွေဘဲ ကျန်ပါတော့တယ်။
အများစုကတော့ (၉၈-% ) ဗြောင်လိမ်နေကြသူတွေဘဲ ရတတ်ကြပါတယ်။ ကျနော်တို့  ထောင်ထွက်တွေလဲ ဆော်ရီးဘဲ။ ICRC ကမ္ဘာ့ကြက်ခြေနီ ထောက်ခံချက်ပါလဲ ဆောရီး။
ဒါပေမဲ့ နှစ်လနေတော့ ကျနော့်အခြေအနေ ထပ်ဆိုးလာတာလေး ပေါ်လာပြီး မလေးရှားထောက်လှမ်းရေးက ကုလရုံးကို လူကိုယ်တိုင်လို်က် တောင်းဆိုပေးလို့  ဒုက္ခသည်လက်မှတ် ၂- နစ်နာရီအတွင်း ချက်ချင်းရ။ ငါးရက်နေတော့ သြစတေးလျ သံရုံး (မဟာမင်းကြီးရုံး) ကိုပို့ ပေးတယ်။ အင်တာဗျူးပြီးတာန့ဲ ဗီဇာရပါတယ်။ အော်ဇီရောက်တယ်ထားပါ။
အော်ဇီကို ရွှေ့ ပြောင်းအခြေချပြီး အမြဲတမ်းနေထိုင်ခွင့် (P.R. Permanent Residency) ရသူအားလုံး အခြေခံအဂ်လိပ်စကားပြောသင်တန်းကို AMES (Adult Migrant English Scheme) မတက်မနေရ တက်ရပါတယ်။ ၆-လ အချိန်ပြည့်သင်တန်း ဖြစ်ပါတယ်။ နာရီစုစုပေါင်း ၅၂ဝ- မတက်မနေရပါ။
သင်တန်းမှာ အဆင့်-၃- ဆင့်ခွဲထားပါတယ်။ Level- 1 to 3 ပါ။ အဆင့် ၂- ကိုမရထားလျှင် အစိုးရတစ်ပိုင်းအလုပ်တွေမှာ လုပ်ခွင့်မရနိုင်ပါ။
ကျနော်ကလေးပြုစုရေးပညာကို ရွေးချယ်လို်က်ပါတယ်။ ကျနော့်ဆရာမတွေနှင့် ကျောင်းအုပ်ကြီး (မြန်မာအမျိုးသမီး) တို့ က ၃- ကြိမ်ခန့်  ကျနော်ကို ကလေးအလုပ်က လစာနည်းတယ်။ အိုဗာတိုင်မရှိဘူး။ ပြသနာများတဲ့အလုပ်လို့။ ရာထူးတက်လမ်းမရှိဘူး။
ကျန်နစ်ခုလုံးက အထူးသဖြင့် သက်ကြီးရွယ်အိုပြုစုရေးက ၂၄-နာရီ ဆိုတော့ အိုဗာတိုင်များတယ်။ လစာအသင့်တင့် ကောင်းတယ်။ ရာထူးတိုးမယ်။
ကျန်းမာလူမှုကတော့ နယ်တွေမှာနေရတယ်။ ကျနော်ကဆရာဝန်ဆိုတော့ ပိုလိုအပ် ပြီး လစာကောင်းတယ်။ နယ်မှာ အိမ်ငှားခအလွန်သက်သာတယ်။ လူရာပိုဝင်တယ်ပေါ့။ အရာရှိ သဘောနေရမယ်ပေါ့။ ရာထူးတက်လမ်းရှိတယ်ပေါ့။ နယ်မှာဆိုအိမ်ကြီးနဲ့ နေပြီး စိုက်ပျိုးမွေးမြူရေးပါ လုပ်နိုင်တယ်ပေါ့။
ကျနော်က ကျနော့်အသက် ၅၆-နှစ်။ ကျနော့်ဘဝထက် တိုင်းပြည်အတွက် အရေးပါတဲ့ ပညာရပ်လိုချင်တယ်။ ကျနော်ဒီရောက်လာတာ တစ်တိုင်းပြည်လုံး ဒုက္ခရောက်နေ သေကြ ကျေကြ။ ထောင်ကျ။ စစ်ပြေးနေရလို့  အော်ဇီအစိုးရက ကယ်တင်လို့  ရောက်လာတာ။ တိုင်းပြည်ရဲ့ ကျေးဇူး ကျနော်အပေါ်ရှိနေတယ်။ ကျေးဇူးပြန်ဆပ်ရမှာက အဓိက။ တိုင်းပြည်ထူထောင်ရေးမှာ ပညာရေးက အရေးကြီးဆုံး။
မြန်မာနိုင်ငံပညာရေးကို ခေါက်ချိုး (ဂ-ငယ်ကွေ့) ကွေ့ပြောင်းဖို့ အလွန်အရေးကြီးကြောင်းကို
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါမောက္ခကြီး ဒေါ်မြင့်မြင့်ခင်တို့မှ မကြာခန ထောက်ပြနေပါတယ်။
ကျနော်ခံယူထားတာက ကျနော်တို့ တိုင်းပြည် တိုးတက်ဖို့  အနောက်နိုင်ငံတွေ လိုက်မှီဖို့ဆိုတာ ကလေးတွေက ငယ်စဉ်မှာကို သူတို့ ဆီမှာလိုသင်ဖို့ လိုတယ်လို့ မြင်ထားလို့ပါ။ အသက်အလတ်ပိုင်းမှ လိုက်သင်ရင် Half –bake bread တစ်ဝက်ကျက်ပေါင်မုန့်  သဘောဖြစ်နေပါတယ်။ သူတို့တွေ ကလေးကို ဘယ်လိုပြုစုတယ်ဆိုတာကို သိချင်တာ အဓီက။
သင်တန်းမှာ လက်တွေ့ ပါဆင်းရပါတယ်။ သင်တန်းပြီးနောက် - ၅-နစ်နီးပါးအလုပ်အတွေ့ အကြုံတွေ ရခဲ့ပါတယf/ အတန်အတင့်အားရခဲ့ပါတယ်။ သိခဲ့တတ်ခဲ့ပါတယ်။ (သင်တန်းတက်နေစဉ် တလတစ်ခါ ထောက်ပံ့ငွေပေးသောရုံး Centrelink ပုံမှန်သွားတွေ့ ရပါတယ်။ ကျောင်းမှန်မှန် တက်မတက်စစ်ဆေးတာပါ။ အဲဒီမှာ အရာရှိက စကားတွေဖေါင်ဖွဲ့ မေးပြီး ခင်ဗျား အင်္ဂလိပ်က သင်တန်းတက်စရာမလိုဘူး။ အလုပ်ဝင်ရမယ် ပြသနာရှာတော့တာ။ ကံကောင်းလို့ ဆရာမ ကျနော်ကလေး ပညာတစ်ဝက်တပျက်ဆို တိုင်းပြည်ရော ကျနော်ပါ နစ်နာပါတယ်ဖြေလို့ ပြီးအောင် တက်ခွင့်ရခဲ့ရတာပါ။ တော်တော်လေး စိတ်ညစ်လိုက်ရပါတယ်) ကလေး- ပညာသာမကယ်ရင် ဘာလက်မှတ်မှ မရဘဲ အလုပ်ယောင်လည်လည်ရှာနေရပြီ ။
မသိသေးသူများအတွက် Australia ကိုရောက်လာသူတိုင်း P.R. ရတာနဲ့ - (နိုင်ငံသားက လေးနှစ်နေမှရပါမယ်) လူတစ်ဦးလျှင် တနှစ်ကို ဒေါ်လာ- ၁ဝဝဝဝ- အလုပ်မရမချင်း ထောက်ပံ့ပါတယ်။ နှစ်ပတ်တစ်ကြိမ် ဘဏ်အကောင့်ထဲ ပို့ ပေးပါတယ်။
ကလေးပြုစုရေးမှာ ကျနော်တို့ ဆီကနဲ့  ကွာခြားတာလေးတွေ ကိုစရေးပါမယ်။ ကွာပါတယ်။ တော်တော်လေးကိုမတူပါ။ အော်ဇီမှာ ကလေးမွေးရင် အစိုးရဆေးရုံမှာ ဖရီးပါ။ အခန်းအကျယ်ကြီး သီးသန့် ပေးပါတယ်။ ကျွေးတာကအစ အဆင့်မြင့်စားသောက်ဆိုင် လိုပါဘဲ။ ရွေးချယ်စရာ ဟင်းကအစမေးပြီး ခွက်ပန်းကန်တွေ ထုပ်ပိုးထားတာပါ။
မွေးပြီး အိမ်ရောက်လဲ ဖုံးဆက်မေးနေပါတယ်။ သူနာပြုဆရာမလဲ လာကြည့်ပြီး ကလေးနို့ တိုက်နည်းကအစ သင်ပေးပါတယ်။ ကလေးက မိခင်ဝမ်းဗိုက်ထဲမှာ အမြဲလိုလိုအိပ်နေတော့ မွေးစမှာ နို့ လေးနဲနဲစို့ မိတာနဲ့ အိပ်ပျော်တတ်ပါတယ် ။ အဲဒီမှာ ကလေးကိုလေထုတ် ပြီးလှုပ်နိုးပြီး သုံးကြိမ်အထိတို်က်ရပါတယ် ။ ကလေးက နို့ ပြည့်ပြည့်ဝဝစို့ ထားရတော့ အချိန်ကြာကြာပိုအိပ်ပါတယ်။ ကလေးကို လူကြီးကုတင်မှာ သိပ်ခွင့်မရှိပါဘူး။ ကလေးပုခက်လေး ဝယ်ရပါတယ်။
အဲဒီမှာ ကလေးကိုမိခင်က နို့ တိုက်လျှင် ကျနော်တို့ မြန်မာတွေက နို့သီးခေါင်းကို ကလေးပါးစပ်ကို တပ်ပေးကြပါတယ်။ ဟိုမှာ ကလေးဦးဏှောက်ကို ငယ်စဉ်ကထည်းက ဖွံ့ ဖြိုးဖို့  ကလေးရဲ့ ပါးဆောင်ကိုဘဲ ထိပေးရပါတယ်။ ကလေးက လဲသူ့ ပါးဆောင်ကို ထိလိုက်တာနဲ့  သဘာဝအသိနဲ့  နို့ ကိုမလွဲတမ်း ဟတ်လိုက်ပါတယ်။
နဲနဲလေးမျက်စေ့ ဖွင့်လာ ကြည့်လာရင် အလင်းရောင် မှိန်မှိန်လေးကို တဖြေးဖြေး ရွှေ့ ပြီး မျက်လုံးက လိုက်ကြည့်နေအောင် လေ့ကျင့်ပေးရတယ်။ အသံသာသာ ယာယာလေးတွေ နားဘေး အသာဖွင့်ပြ။ အာရုံတွေ တိုးပွားလာအောင် လုပ်ပေးနေကြရတာပါ။
ကလေးပစ္စည်းအစုံ ဝယ်ရပါတယ်။
ဒီလိုဝယ်ဖို့ အစိုးရက ကလေးတစ်ယောက်မွေးတိုင်း အော်ဇီဒေါ်လာ- ၅ဝဝဝ- ထောက်ပံ့ပါတယ်။ (အမေရိကန်ဒေါ်လာနင့် ဈေးတူတတ်)။ ၅ဝဝဝ-ကို ၆- လခွဲပေးပါတယ်။ တစ်လုံးထဲ့မပေးပါ။ ကလေးပစ္စည်းတွေ ဝယ်ရပါတယ်။ ဆရာမကစစ်ပါတယ်။ ချဲထိုးပြစ် တခြားဝယ်လို့ မရပါဘူး။
ဖခင်မပေါ်တဲ့ မိခင်နဲ့ အိမ်ထောင်ကွဲမိခင်။ မုဆိုးမတွေဆို ဒေါ်လာ-၅ဝဝဝ- အပြင် လစဉ်ထောက်ပံ့ကျေး ၁၃ဝဝ-ခန့် အမြဲထောက်ပံ့ပါတယ်။ အစိုးရ အိမ်ခန်းကိုပေးတယ်။ ကားလက်မှတ် ဖရီးနီးပါး။ ဆေးဝယ်ရင်လဲ ဖရီးနီးပါး ထောက်ပံ့ပါတယ်။ ၁၃ဝဝ-ဆိုတာက အလုပ်အကိုင်မရသေးသမျှပါ။
တစ်လ ပြည့်တာနဲ့  ကလေးကိုဆေးရုံပြန်ပြရပါတယ်။ ကားပေါ်မှာ ကလေးကို တစ်နှစ်သားအောက် ပုခက်နဲ့  ခေါင်းကို ရှေ့ ထား ပြီးထားရပါတယ်။ လူအပေါ်ချီခွင့် လုံးဝ မရှိပါ။ ဆရာဝန်က နားကြားမှု စက်နဲ့ ကိုစစ်ဆေးတယ်။ အာရုံကြော ကြွက်သား သန်မသန်တွေ စစ်ဆေးပါတယ်။
အဲဒီက ကလေးတွေက မိဘသွားလေရာ ကားနဲ့ ပါတတ်ကြပါတယ်။ မကြာပါဘူး ၄၅-ရက်သားလောက်ဆို မီးပွိုင့်မိလို့ ကားရပ်တာနဲနဲလေးကြာရင် ထိုးငိုတတ်ကြတယ်။ ကားဘီးစလှိမ့်တာနဲ့  အငိုတိတ်တယ်။ ငိုနေလို့ နို့ ဘူးထိုးပေးလဲ မရဘူး။ ကားထွက်ဘဲ လုပ်နေတာ။ ဆွဲစိတ်ချင်စရာလေးတွေ။
ကိုယ်ဝန်ဆောင်စဉ်မှာလဲ အာထရာဆောင်းရိုက်နဲ့ Down Syndrome ဖြစ်မဖြစ် စစ်ဆေးပါတယ်။ အဲဒါဖြစ်နေရင် ကလေးကိုဖျက်ချဖို့ အထိ တိုက်တွန်းကြပါတယ်။ အခုတော့ AUTISM ကိုပါ စစ်နိုင်နေပါပြီ။ ဒီလက္ခဏာစုတွေ အကြောင်း သီးသန့် ရေးပါဦးမယ်။ အနောက်နို်ငံကြီးတွေမှာ အလွန်ခေါင်းခဲနေရပါပြီ။ မြန်မာနို်င်ငံမှာလဲ တော်တော်လေးဖြစ်နေပါပြီ။
(မှတ်ချက်) ယခုအခါ နိုင်ငံတချို့ မှာ ဒီလိုလက္ခဏာစုတွေ ဖြစ်ရတာ အစားအသောက်တွေထဲမှာ ထဲ့ထားတဲ့ ဓါတုအရသာ တာရှည်ခံဆေးတွေ အရောင်တွေကြောင့်လို့  တွေ့ ရှိလာနေပါတယ်။ Downကတော့ မိခင်အသက်ကြီးလို့  ဖြစ်တတ်တာပါ။
ထားပါတော့ ကလေးက ကျန်းမာတယ်ဆိုရင် ကလေးပြုစုရေး ကျောင်းကို ၆-ပတ် (၄၅-ရက်သား) အရွယ်ကနေ စတင်ထားနိုင်ပါပြီ။ ကျနော်တို့ ကျောင်းမှာ ကိုးပတ် (ရက်-၆ဝ -သမီးလေး) အရွယ်လေး အငယ်ဆုံး လာအပ်ပါတယ်။ ၃- လအရွယ် ကတော့ ဆယ်ယောက်မက ကိုင်ခဲ့ရပါတယ် ။
ကလေးတွေက ငယ်လွန်းတော့ နို့ ဗူးကနို့ သီးခေါင်းကို မစုပ်တတ်တော့ ငိုကြတာ စိတ်မကောင်းလို့  နို့သီးခေါင်းကို ကိုယ်တိုင်ရှာဝယ်ပါတယ်။ နို့သီးခေါင်း အပေါစား ပါးပါးပျော့ပျော့နှင့် အဆင်ပြေသွားပါတယ်။ နို့ ကတော့ မိခင်နို့ ကို ညစ်ပြီး လတ်လတ်ဆတ်ဆတ် သို့ မဟုတ် ခဲထားတာကို တိုက်ကြတာပါ။
အာရှမိခင်တစ်ချို့ က (လူမျိုးမပြောလိုပါ) သူတို့  ရင်သားအလှပျက်မှာစိုးပြီး နို့ မတိုက်ကြပါဘူး။ မွေးပြီးပြီးချင်း နို့ ဦးရည် Colostrum ဆိုတာက ကလေး ကိုယ်ခံစွမ်းအားအတွက် ပဋိဇီဝ ဓါတ်တွေပါတာပါ။ အလွန်အရေးကြီးတဲ့နို့ ဦးရည်ပါ။
နို့ဦးရည်ကိုတောင် မတိုက်တတ်ကြပါ။ အလှမက်သူများ သိထားဖို့ ပါ။
(မှတ်ချက် - အဲဒီမိခင်တွေ မကြာပါဘူး ဆံပင်တွေကျွတ် မျက်နာတွေကျပြီး အသက်ငယ်ငယ်နင့် အိုဇာ လာပါတော့တယ်။ သဘာဝကြီးကိုလွန်ဆန်တာ သတိထားရပါမယ်)။
ကလေးတွေက နို့ သီးခေါင်းကိုမစို့ တတ်ရင် ပီပက် (ပကျွတ် ) လေးတွေနဲ့  ခက်ခက်ခဲခဲ တိုက်ရပါတယ်။ မိခင်ညွှန်ကြားထားချိန် ညွှန်ကြားထားတဲ့ ပမာဏ ကိုတိုက် မှတ်တမ်းထိုးရပါတယ်။ ထိုးရတာမှ သက်သေပါထိုးရပါတယ်။ အဲဒီလိုဂရုစိုက်ကြတာပါ။
ကလေးတွေ ဘယ်သူ့ ကိုခင်တတ်တယ်။ ဘယ်သူ့ လက်ကိုကြိုက်တယ်။ မှတ်တမ်းတွေ လုပ်ရပါတယ်။ သူတို့ ဥာဏ်ရည်ကောင်းလို့  ရွေးတတ်တာမို့  မှတ်တမ်းက အရေးကြီးပါတယ်။ သူတို့ လေးတွေက ငယ်သာငယ်တယ်။ အိပ်ချိန် သူ့ လူမဟုတ်ရင် ဖြဲငိုတတ်ကြတယ်။ တချို့ နို့ တိုက်တာတောင် သူလူမှ။ ငယ်ငယ်နဲ့ သိနေ မှတ်နေကြပြီ။

ကျနော် အဆင့်-၃ -ကိုတက်ခဲ့ပါတယ်။ အဆင့်-၃ - တက်သူများကို အင်္ဂလိပ်စာအပြင်
(၁) ကလေးပြုစုရေးပညာ (Children Service )
(၂) သက်ကြီးရွယ်အိုပြုစုစောင့်ရောက်ရေးပညာ (Age Care Service)
(၃) ကျန်းမာရေးနင့် လူမှုဆေးပညာ ( Health & Community Service)

ဆက်လက်ဖော်ပြပါမည်။ အားလုံးကို လေးစားလျှက်
လှိုင်မြင့်
ဓာတ်ပုံကတော့ ဒေါက်တာလှိုင်မြင့်ရဲ့ မြေး
လှိုင်မြင့်
ဓာတ်ပုံကတော့ ဒေါက်တာလှိုင်မြင့်ရဲ့ မြေး
(ငယ်ငယ်ကတည်းက အဖေခြေရာနင်းမယ့်) Hip Hop အဆိုတော် ဘာဘူရဲ့သမီးငယ်လေးပါ..။