ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဟသာင်္တမြို့မှ ဆိုက္ကားသမားလေးအား အများပြည်သူမြင်ကွင်းမှာ ယာဉ်ထိန်းရဲအရာရှိမှ ပါးရိုက်ခြင်းအား (တိုင်ကြားစာ)

ဆိုက္ကားသမားလေးအား အများပြည်သူမြင်ကွင်းမှာ ယာဉ်ထိန်းရဲအရာရှိမှ ပါးရိုက်ခြင်းအား (တိုင်ကြားစာ)

ဧရာဝတီတိုင်းဒေသကြီး။ ဟင်္သာတ မြို့ တွင် မကြာမှီ ကာလတွင် နေပြည်တော် ယာဉ်ထိန်းတပ်ဖွဲ့ အရာရှိ တစ်ယောက်ဟုဆိုကာ (ပုသိမ်) (ငါးသိုင်းချောင်း) (ဟင်္သာတ) မြို့နယ် အသီးသီးတွင် တာဝန်ထမ်း ဆောင် နေသော ဦးဝင်းကျော်စွာ သည် ဆိုင်က္ကား နင်းသော ခလေးငယ်တစ်ဦးအား မင်းငါ့ကို ဘာကောင်ထင် လည်း။ ငါ ဘာကောင်မှတ်နေလည်း ဆိုပြီး လူလည်ကောင်တွင် သုံးဆင့် ဆက်ရိုက်ပါတယ်။ ပိုးစတော လမ်းထိပ်မှာ အနားပါတ်ဝန်းကျင် အကုန်တွေ့မြင် နေရပါတယ်။

ထိုကိစ္စကို သိသော ပြည်သူတွေနဲ့ ကာယကံရှင်တို့သည် ဟင်္သာတ အမှတ်(၁) ရဲစခန်းသို့ သွားရောက်ပြီးအမှု့ဖွင့်ခဲ့ခြင်းအား တာဝန်ကျ တာဝန်ခံက အမှု့ဖွင့် ပေးခြင်းမဟုတ်ဘဲ တိုင်ကြားချက်ကိုသာ ရေးသားခြင်း။ အခင်းဖြစ်တဲ့ နေတွင့် အမှတ်(၁) ရဲစခန်းမှ စခန်းမှူး မရှိ ယာယီစခန်းမှူး ကို သာတာဝန်လွှဲထားခဲ့ပါတယ်..။ ၀န်းထမ်းတွေကတော့ ၀န်းထမ်းအချင်းချင်း ဘက်ကဘဲပါတာပေါ့။ ဦးဝင်းကျော်စွာ က ရဲစခန်းပေါ်ရောက်နေတာတောင် ရိုက်တာငါကွ ဘာလုပ်ချင်လဲ ဆိုတာပြောဦးဆိုပါသည်..။  အမှုဖွင့်မယ်ဆိုမှ သူကို လူလည်ခေါင်မှာ ပြန်ရိုက်ပါဟု ဆိုပါသည်။

ရဲစခန်း ဆိုသည်မှာ ပြသနာ တခုကို ဖြေရှင်းဆုံးဖြတ်ရာ ဌာန မဟုတ်ဘဲ ကျေအေးပေးခြင်းတို့မှာ ရဲ ကျင့်ထုံးဥပဒေ များကို ချိုးဖေါက်ရာ ကျပါတယ်။

အရိုက်ခံရသော ခလေးအား  (ဥပဒေ အကြောင်းအရာ ကို မသိသော သာမာန်ပြည်သူ တစ်ယောက်ကို) …………ပါတီ ၀င် တစ်ယောက်ဖြစ်သော (ပါတီ ကိုလေးစားလွန်းလို့ ထည့်မရေးတော့ပါ) မ၀ါဝါကျော်သည် နစ်နာ သော ခလေးဘက်က မလိုက်ဘဲ ၀င်းကျော်စွာ ဘက်မှ လိုက်ပြီး အခု လျှော်ကြေးငွေ ၃၀၀၀၀ ယူလိုက် တိုင်လည်း ၀န်ထမ်းဖြစ်နေတဲ့အတွက် ဘာမှဖြစ်မှာ မဟုတ်ဘူးဆိုပြီး ကွေ့ဝိုက်ပြီး ကြေအေးခိုင်းပါတယ်။ မည်သို့ပင် ဖြစ်စေကာမူ ရဲစခန်းမှ ကြေအေးခိုင်းတယ် ဆိုတာ ရဲစခန်းအလုပ်မဟုတ် မပြုလုပ်ရပါ။

(၁) အာဏာ ကိုအလွဲသုံးသဖြင့် ပြည်သူကို နှိပ်စက်။ ကိုယ်ထိလက်အောက် ကျူးလွန်တာ ပြစ်မှု ထင်ရှားသော ရဲအုပ် ၀င်းကျော်စွာ နေပြည်တော် ယာဉ်ထိန်းဌာန အား ရဲစည်းကမ်း အရ အရေးယူပေးရန်..။

(၂) ရဲ အရေး မပိုင်ပါက တရားရုံးဦးတိုက် လျောက်မလျောက်ခိုင်းဘဲ ညှိုနိုင်းပေးသော တာဝန်ကျ နယ်ထိန်းအား သက်ဆိုင်ရာ မှအရေးယူပေးရန်..

(၃) တရာလို ဘက်မှ ကူညီသလို။ အမှန်တရား အတွက်လုပ်ပေးမလို။လိုက်ပါ ဆောင်ရွက်ပေးသလို နှင့်ပြည်သူ ဘက်မှ မရပ်တည်သော မ၀ါဝါကျော် ကိုလည်း အခုဒီတခါ နောက်ဆုံးဖြစ်ပါစေ လို့ သတိပေးရင် ဖုန်းဖိထားကျသော ထိုကိစ္စ ကိုနေပြည်တော်ရဲချုပ် မှတာဝန်ရှိသူများနှင့် ဧရာဝတီတိုင်း တိုင်းရဲမင်းကြီး သိစေရန်တင်ပြ ..
အပ်ပါတယ် ခင်ဗျာ..

ဟသာၤတျပည္သူမ်ား..