ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဆက်သွယ်ရေးဝန်ထမ်း ကိုကျော်စွာလင်းအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါရန် တောင်းဆိုအပ်ပါသည်.. (ပေးစာ)

ဆက်သွယ်ရေးဝန်ထမ်း ကိုကျော်စွာလင်းအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါရန် တောင်းဆိုအပ်ပါသည်.. (ပေးစာ)
 
ဟင်္သာတမြို့  ဗုံးခွဲတရားခံအဖြစ် ထောင်ဒဏ် တစ်သက် တစ်ကျွန်းကျခံ နေရသူ ဆက်သွယ်ရေးဝန်ထမ်း ကိုကျော်စွာလင်းမှာ ကလေးသုံးယောက်၏ ဖခင်ဖြစ်ပါသည်။

ထိုကဲ့သို့ ဖခင်ဖြစ်သူတစ်ယောက်မှာ မိမိကလေးများ နေထိုင်ရာ ဆက်သွယ်ရေးရုံးကို ဗုံးဖေါက်ခွဲသည်ဆိုခြင်းမှာ ဖြစ်နိုင်ခြေ အလွန်နည်းပါသည်။

ထို့ အပြင် ဗုံးခွဲခဲ့သော တရားခံ အစစ်ဖြစ်သူ သန်းကိုဦးမှလည်း ဗုံးများကို သူကိုယ်တိုင် ထောင်ကာ ဖေါက်ခွဲခဲ့သည်ဟု ဝန်ခံခဲ့ပြီး ဖြစ်ပါသည်။

ဆက်သွယ်ရေး ဝန်ထမ်း ကိုကျော်စွာလင်းကို ခိုင်မာသော သက်သေအထောက်အထား မရှိဘဲ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းမှာ သံသယ၏ အကျိုးကို ခံစားခွင့် ဆုံးရှုံးနေရပါသည်။ အပြစ်မဲ့သူ ၁ယောက် ပြစ်ဒဏ် မကျခံစေရရန်မှာ တရားဥပဒေ၏ အဓိကတာဝန် ဖြစ်သောကြောင့် ဆက်သွယ်ရေးဝန်ထမ်း ကိုကျော်စွာလင်းအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါရန် သမ္မတ ဦးသိန်းစိန် နှင့် အစိုးရ တစ်ရပ်လုံး ကို ဟင်္သာတမြို့  ပြည်သူတစ်ယောက်အနေဖြင့် တောင်းဆိုအပ်ပါသည်။
 
ဟင်္သာတမှ တရားမှန်ဖြစ်စေလိုသူ ပြည်သူတဦး