ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပဲခူးမြို့ ကျက်သရေဆောင် သီရိဟံသာခန်းမအား ကေတီဗွီနှင့် အနှိပ်ခန်းဖွင့်ရန် ခွင့်ပြုခဲ့ခြင်းအပေါ်(တိုင်ကြားစာ)

ပဲခူးမြို့ ကျက်သရေဆောင် သီရိဟံသာခန်းမအား  ကေတီဗွီနှင့် အနှိပ်ခန်းဖွင့်ရန် ခွင့်ပြုခဲ့ခြင်းအပေါ်(တိုင်ကြားစာ)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို.ရှိ ရွှေမော်ဓောဘုရားလမ်းတွင် ပဲခူးမြို.၏ကျက်သရေဆောင် သိရိဟံသာခန်းမ ဟူသောခန်းမရှိပါသည်။ ထို့အတူပဲခူးမြို့၊ ဥသာမြို့သစ်၊ ဆည်မြောင်း လမ်းပေါ်တွင် သိရိဥသာခန်းမဟူသော ပုံစံတူအဆောက်အဦး တစ်ခုရှိပါသည်။

ယခုအခါတွင် ယင်းမြို့ကျက်သရေဆောင် သိရိဥသာခန်းမအား စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအား နှစ်ရှည်ငှားရမ်းကာ ကေတီဗွီနှင့် အနှိပ်ခန်းဖွင့်ရန် ခွင့်ပြုခဲ့ပါသည်။ မည်သူ၏ ခွင့်ပြုချက်နှင့်ငှားရမ်း၊ ဖွင့်ခွင့်ပြုခဲ့ကြောင်း မသိရပါ။ ထိုသို့ဥသာမြို့သစ်၏ ကျက်သရေဆောင်ခန်းမ တစ်ခုအား မသင့်လျှော်သော နေရာအဖြစ် ပြောင်းလဲအသုံးချခြင်းအား တားမြစ်ပေးပါရန် အများ ပြည်သူအပေါင်းနှင့် ပဲခူးတိုင်းဒေသကြီး အုပ်ချုပ်ရေး အာဏာပိုင်များသိရှိစေရန် အကြောင်းကြားအပ်ပါသည်။

 အငြိမ်းစားရဲဝန်ထမ်းတစ်ဦး(ဥသာမြို့သစ်)