ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တိုင်းမ်မဂ္ဂဇင်းပါဆောင်းပါးအပေါ်သုံးသပ်ခြင်း (ဆောင်းပါးရှင် မျိုးဆက်)

တိုင်းမ်မဂ္ဂဇင်းပါဆောင်းပါးအပေါ်သုံးသပ်ခြင်း
(ဆောင်းပါးရှင် မျိုးဆက်)


-အရင်ဆုံး ခေါင်းစဉ်ကိုကြည့်ရအောင်ပါ။ ခေါင်းစဉ်မှာသုံးထားတဲ့စကားလုံးက The Face of Buddhist Terror ပါ။ Terror ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြပေမယ့် ယနေ့အချိန်မှာ ဘာသာရေးနဲ့ ပတ်သက်သော ဆောင်းပါးမှာ Terror ဆိုတဲ့စကားလုံးခြင်းသည် အကြမ်းဖက်၊အစွန်းရောက်ဆိုတာနဲ့ အလိုလိုချိတ်ဆက်ပြီးဖြစ်ပါတယ်။ ဒါကိုဖြည့်စွက်နားလည်ပြီးဖြစ်ရပါတယ်။ ဒါက Time မဂ္ဂဇင်းရဲ့ ခေါင်းစဉ်...ရွေးချယ်ထားမှုပါ။ ဒီဟာကို ကြည့်လိုက်ခြင်းအားဖြင့် ဗုဒ္ဓဝါဒီ ဘုန်းကြီးတစ်ပါးရဲ့ ရက်စက်မှုတွေကို ဒီဆောင်းပါးထဲမှာ မြင်တွေ့ရတော့မယ်လို့ ဆိုလိုလိုက်တာပဲဖြစ်ပါတယ်။

ပထမဆုံးစာပိုဒ်ကိုကြည့်ရအောင်ပါ။ ပထမဆုံးစာပိုဒ်မှာ အဖွင့်အပိတ်မျက်တောင်နဲ့ “the Burmese bin Laden” begins his sermon လို့စသုံးလိုက်ပါတယ်။ အပေါ်က ခေါင်းစဉ် Terror နဲ့ ဘင်လာဒင်ချိတ်လိုက်ရင် စာဖတ်သူက မျက်မှောင်စကြုံ့ပြီး ဒီရဟန်းအပေါ် ဘာသာရေး
အစွန်းရောက် ခိုမေနီအလားမြင်လာစေမှာ မလွဲပါ။ အဲ့ဒီပထမအပိုဒ်ရဲ့ အောက်ဆုံးစာကြောင်းမှာပဲ  “Now is the time to rise up, to make your blood boil.” လို့သုံးလိုက်ပါတယ်။ အချိန်ကျပြီ။ သွေးတွေ ဆူပွက်အောင် လုပ်ကြ စသဖြင့်ပေါ့လေ။ ဒီလိုနည်းနဲ့ ပိတ်လိုက်ခြင်းအားဖြင့် နိဒါန်းမိတ်ဆက် စာပိုဒ်မှာတင် စာဖတ်သူကို ဆောင်းပါးရှင်က ဒီဆောင်းပါးထဲပါသော ရဟန်းဟာ ဘင်လာဒင်လို ဘာသာရေးအစွန်းရောက် သွေးဆာသူ လို့ နိမိတ်ပုံပြပြီး ဖြစ်စေပါတယ်။ ကျန်တဲ့စာပိုဒ်တွေကို ဆက်ဖတ်ဖို့ စာဖတ်သူရဲ့ အတွေးအာရုံဟာ ဘယ်ဖက်ကို တိမ်းညွှတ်မယ်ထင်ပါသလဲ။ အကောင်းဖက်လား။ အဆိုးဖက်လား။ သိသာနေပါတယ်။

"Buddhist blood is boiling in Burma, also known as Myanmar — and plenty of Muslim blood is being spilled." ဗုဒ္ဓဘာသာတွေရဲ့သွေးတွေဟာ မြန်မာ့မြေပေါ် ဆူပွက်နေတယ်။ မွတ်ဆလင်တွေရဲ့ သွေးတွေဟာ မြေခနေရတယ် လို့ ဒုတိယအပိုဒ်ကို ဆက်ဖွင့်လိုက်ပါတယ်။ ဒါဟာ ဒုတိယအပိုဒ်ရဲ့ ပထမစာကြောင်းပါ။ ခုနက ခေါင်းစဉ်၊ ပထမစာပိုဒ်ထဲက အကြောင်းအရာတွေနဲ့ အခု ဒုတိယစာပိုဒ် အဖွင့်စာကြောင်းကို ဆက်လိုက်တဲ့အခါမှာ ...စာဖတ်သူက "ဟာ..အတော်ရက်စက်တဲ့ ဗုဒ္ဓဘာသာတွေပါလား"လို့တွေးချင်စရာ ကောက်ကြောင်းကြီးက ပီပီပြင်ပြင်ပေါ်လာခဲ့ပါတယ်။ မိတ္တီလာအရေးအခင်းမှာ အကြမ်းဖက်သူတွေဘေးကနေ ကာကွယ်ပေးခဲ့တဲ့ ဆရာတော်၊ နော် ဘာသာမရွေးအကူအညီပေးခဲ့တဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြီးမားတဲ့ကဏ္ဍ ပျောက်ကွယ်သွားပြီး 969 ဆိုတဲ့ Cultural Nationalistic Movement ကြီးဟာ အကြမ်းဖက်မှုဆိုတာကနေ မှေးမှိန်သွားကာ မြန်မာတစ်နိုင်ငံလုံား အာဖဂန်ရှိ တာလီဘန်များစစ်သွေးကြွသလို ကြွနေတယ်ဆိုတဲ့ ဖက်ကို ဆွဲခေါ်သွားပါတော့တယ်။

Over the past year, Buddhist mobs have targeted members of the minority faith. ဒါက ဒုတိယစာပိုဒ်ရဲ့ဒုတိယအကြောင်းပါ။ Minority in Faith လို့သုံးပြသွားပါတယ်။ ဘာသာခြားကိုးကွယ်သူ မည်သူမဆို ဆိုတဲ့အဓိပ္ပါယ်ပါ။ ဆိုလိုတာကတော့ ခရစ်ယာန်တွေကိုလဲ ဖိနှိပ်တယ်ဆိုတဲ့သဘောပါပဲ။ ဒါဟာ မတိကျတဲ့ ရေးသားမှုပဲ ဖြစ်ပါတယ်။ ထပ်ပြီးတော့ Much of the violence was directed against the Rohingya, a largely stateless Muslim group in Burma’s far west that the U.N. calls one of the world’s most persecuted people. လို့ သုံးပြလိုက်ပါတယ်။ ဒီမှာတင် ဒီစာဖတ်သူကြားထဲ ပါးပါးကလေး ထည့်ချင်တဲ့ အချက်က ဘူးပေါ်သလို ပေါ်လာပါတော့တယ်။ Minority လူနည်းစုဆိုတဲ့စကားကို ဒီမိုကရေစီသည်းခြေကြိုက်တွေအတွက် အရင် Minority in Faith လို့သုံးပြလိုက်ပြီး Minority Rohingya ဆိုပြီးဆက်စပ်လိုက်တဲ့အခါမှာ ဗုဒ္ဓဘာသာလူများစုဟာ ရှိသမျှ လူနည်းစုကို ရိုဟင်ဂျာအပါအဝင် ......နှိပ်ကွပ်နေတယ်ဆိုတဲ့ ပုံစံ ထင်ရှားပြတ်သားစွာ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုနည်းအားဖြင့် ဘင်္ဂလီရိုဟင်ဂျာတွေအနေနဲ့ ဘာသာရေးပဋိပက္ခသားကောင်အဖြစ် အလိုလို ရောက်ရှိသွားပြန်ပါတယ်။ ဒီ Minority ဆိုတာကို ဆက်စပ် သုံးစွဲပြလိုက်ခြင်းအားဖြင့် စာဖတ်သူအတွေးကို ဘယ်ဖက် ရောက်သွားအောင် တွန်းပို့နေတာလဲ ဆိုတာကိုခွဲယူပြတာပါ။ နောက်သုံးထားတဲ့ စကားလုံး Key Words တွေကတော့ Radical Monk, Virulent Sermons, စတဲ့စကားလုံးတွေပဲဖြစ်ပါတယ်။ သဘောထား တင်းမာသူ ဘုန်းကြီး အဆိပ်သင့်တရားများ ဟောကြားနေသူ စတဲ့အဓိပ္ပါယ်ရောက်ပါတယ်။ ဒါဟာ ဒုတိယအပိုဒ်အထိ စာရေးသူပုံဖော်ထားတဲ့ ဗုဒ္ဓဘာသာနဲ့မြန်မာပြည်ကောက်ကြောင်းပဲဖြစ်ပါတယ်။

 "Such hate speech threatens the delicate political ecosystem in a country peopled by at least 135 ethnic groups that has only recently been unshackled from nearly half a century of military rule" ဒါက တတိယအပိုဒ်ရဲ့ ပထမအဖွင့်စာကြောင်းပါ။ ဆောင်းပါးရှင် ဘာကိုဆိုလိုချင်နေပါသလဲ တူးဖော်ကြည့်လိုက်ပါတယ်။ စာကြောင်းအဓိပ္ပါယ်က 135 မျိုးသော တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားပြီး ရာစုနှစ် တစ်ဝက်နီးပါးကြာ စစ်အုပ်ချုပ်ရေးအောက်က လွတ်ခါစ နုနယ်သော နိုင်ငံရေးစံနစ်ကို ဒီလို အမုန်းစကားတွေက ခြိမ်းခြောက်နေတယ်လို့ ဆိုလိုလိုက်တာဖြစ်ပါတယ်။ ဒီအထိက အငြင်းပွားဖို့ မလိုသေးပါ။ သူဘာဆက်ပြောမလဲ လိုက်ကြည့်ရအောင်ပါ။ Already some government officials are calling for implementation of a ban, rarely enforced during the military era, on Rohingya women’s bearing more than two children.  ဒုတိယစာကြောင်းမှာတော့ အမုန်းစကားတွေရဲ့ နောက်မှာ ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် ကလေးနှစ်ယောက်ပေါ်လစီအဖြစ် အစိုးရအရာရှိ အချို့ကတောင်းဆိုနေကြောင်း ရေးသားလိုက်ပါတယ်။

အမုန်းစကားတွေကို ပြောနေတဲ့ ဦးဝီရသူနဲ့ ဒီလို ရိုဟင်ဂျာတွေကို ကလေးမမွေးရ အမိန့်နဲ့ ဆပ်စပ်လိုက်တဲ့အခါ ဗုဒ္ဓဝါဒီတွေအနေနဲ့ လူနည်းစုကို အတင်းကန့်သတ်နေပြီဆိုတဲ့ စာဖတ်သူ အတွေးလမ်းကြောင်းကို ပိုမိုခိုင်မာမသွားစေဘူးလား။ နောက်ဆုံးမှာ အပိတ်စာကြောင်းကို ဒီလိုသုံးလိုက်ပါတယ်။ ကြည့်ရအောင်ပါ။ And many Christians in the country’s north say recent fighting between the Burmese military and ethnic Kachin insurgents, who are mostly Christian, was exacerbated by the religious divides. အဓိပ္ပါယ် ကချင်တွေဟာ ခရစ်ယာန်တွေဖြစ်တာမို့ ကချင်ဒေသစစ်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ရတယ်လို့ ခရစ်ယာန်များစွာက ပြောတယ်ဆိုတဲ့ စာကြောင်းဖြစ်ပါတယ်။ ဒိစာကြောင်းနဲ့ တတိယစာပိုဒ်ကို ပိတ်လိုက်ခြင်းအားဖြင့် မြန်မာဗုဒ္ဓဘာသာနိုင်ငံဟာ အီရန်လို သီအိုခရက်တစ် ဘာသာရေးဖိနှိပ်မှုတွေနဲ့ ကြီးစိုးနေတဲ့နိုင်ငံလို့ ပီပီပြင်ပြင် ရေးခြယ်လိုက်ပါတယ်။

လေးပိုဒ်မြောက်စာပိုဒ်မှာတော့ဒီလိုဖွင့်လိုက်ပါတယ်။ Radical Buddhism is also thriving in other parts of Asia.အာရှာမှာလဲ ဒီလို အစွန်းရောက်ဗုဒ္ဓဘာသာတွေကြီးထွားလာနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ နောက်သီရိလင်္ကာနိုင်ငံမှာရှိတဲ့ ရဟန်းတွေဟာ ခရစ်ယာန်တွေနဲ့ မွတ်ဆလင်တွေကို ဖိနှိပ်ဖျက်ဆီးလိုက်တယ်ဆိုတဲ့ဟာနဲ့ ထပ်မံအင်အားဖြည့်ပါတယ်။ နောက် တတိယအချက်အနေနဲ့ ထိုင်းမှာရှိတဲ့သံဃာတွေအနေနဲ့ ထိုင်းစစ်တပ်ရဲ့ စောင့်ရှောက်မှုကို ယူနေရပြီး "လက်နက်ကိုင်ဘုန်းကြီးတွေ" (mons ,some of whom have armed themselves) ဆိုတဲ့ စာသားကိုသုံးပြီး ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဘာသာဆိုတဲ့ Argument ကိုတည်ဆောက်ယူပြသွားခဲ့ပါတယ်။

နောက်ထပ်စာတစ်ပိုဒ်မှာကတော့ ဆောင်းပါးရှင်ဟာ သူ့ရဲ့စာရဲ့ ဟန်ချက် (Balance) ကိုထိန်းတဲ့အနေနဲ့ မလေးရှားမှာရှိတဲ့ မြန်မာတွေဟာ မွတ်ဆလင်တွေ အသတ်ခံရမှုအတွက် ပြန်လည် လက်စားချေခံခဲ့ရတယ်ဆိုတဲ့ အကြောင်းကို ဖော်ပြသွားပြန်ပါတယ်။ ဟန်ချက်ထိန်းတဲ့ သဘောလို့ယူဆပါတယ်။ တစ်ဖက်သတ်ဖြစ်လာရင် စာဖတ်သူ သံသယ ဝင်လာတတ်တဲ့ အချိန် ဒီလိုပြန်ထိန်းပေးရတဲ့ သဘောတွေရှိပါတယ်။ နောက်ထပ်တစ်ပိုဒ်ဟာလဲ ဟန်ချက်ကို ပြန်ထိန်းပေးပြန်ပါတယ်။ ဟင်ဒူ၊ မွတ်ဆလင်၊ ခရစ်ယာန် အစွန်းရောက်တွေ ရှိပေမယ့် ဗုဒ္ဓဝါဒီတွေကတော့ ဒီစမ်းသပ်မှုဒဏ်ကို ကြံကြံ့ခံနိုင်ခဲ့ကြတယ်။ အခုတော့ ဘာသာရေး လူမျိုးကြီးဝါဒရဲ့ ဖျားယောင်းမှုကို ရဟန်းတွေ မတောင့်ခံနိုင်တော့ဘူးလို့ ရေးပြသွားပါတယ်။ ဒီစာပိုဒ်မျိုးဟာ အဖြည်သဘောလို့ ယူဆပါတယ်။ တစ်ဖက်က တည်ဆောက်လာတဲ့ Arugument က ဗုဒ္ဓဘာသာတွေများပြီး ဖိနှိပ်မှုသိပ်ကြီးနေတဲ့ တိုင်းပြည်လို့ ပုံဖော်လာပြီး ဒီလို ဘာသာရေး ဖိနှိပ်မှုတွေဟာ ဖြစ်တတ်တယ်လို့ ဖြည်တတ်ပါတယ်။

နောက်ထပ်တစ်ပိုဒ်မှာတော့ ဘယ်လို aဖ်ာပြထားသလဲဆိုရင် ယခင်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ ကျင့်စဉ်နဲ့ ပုံပန်းကို ဥပမာဆောင်ပြထားပါတယ်။ ဗီယက်နမ်ဘုန်းတော်ကြီးရဲ့ ဖိနှိပ်သူ အစိုးရအပေါ် ဆန့်ကျင်ပုံ၊ 2007 စက်တင်ဘာ aရွှဝါရောင်တော်လှန်ရေးနဲ့ ကိုလိုနီခေတ်ကာလ ဦးဆောင်မှုများကို aဖ်ာပြထားပြီး အဆုံးသတ်စာကြောင်းမှာတော့ ကျန်ဘာသာရေးတွေလိုပဲဒီ ဗုဒ္ဓဘာသာဟာလဲ အခြေခံဗုဒ္ဓသွန်သင်မှုများနဲ့ လွန်ဆွဲနေတဲ့ အိုင်ဒီယာတွေနဲ့ အဆိပ်ခတ် ခံလိုက်ရပါတယ်လို့ ဖော်ပြသွားပါတယ်။

အဲ့ဒီနောက် စာရေးသူရဲ့ လမ်းကြောင်းကို ခြေရာခံလိုက်တဲ့အခါ "Mantra of Hate" လို့ဖော်ပြထားပါတယ်။ အမုန်းနဲ့ ရွတ်ဆိုအပ်သော တရားများလို့ ဘာသာပြန်ရင် သင့်မယ်ထင်ပါတယ်။ အဲ့ဒီအောက်မှာတော့  U.S. President Barack Obama has “been tainted by black Muslim blood.” လို့ဖော်ပြထားပါတယ်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာလဲ လူမည်း မွတ်ဆလင် သွေးနှောဇာတ်နိမ့်ပါပဲလို့ေ ပြာတယ်လို့ ရေးပြထားပါတယ်။ နောက်တစ်ကြောင်းကတော့ သူပြောနေတဲ့ နာမည် (ဘင်လာဒင်)ဆိုတာ အာရပ် အကြမ်းဖက်မှန်း သိပေမယ့် ခပ်တည်တည်နဲ့ ဆက်ပြောနေခဲ့သလို ကုလကိုလဲ အာရပ်တွေက ပြန်ပေးဆွဲ (Hijacked) လို့ ရေးထားပါတယ်။ “Taking care of our religion and race is more important than democracy,” says Wirathu. ဘာသာရေးနဲ့လူမျိုးရေးဟာ ဒီမိုကရေစီအရေးထက် အရေးကြီးတယ်လို့ ပြောသော ဦးဝီရသူစကားနဲ့ ပိတ်သိမ်းလိုက်ပြီး ဦးဝီရသူရဲ့ စကားကို နင်းကာ အိုဘားမားကို နှိပ်ကွပ်ခြင်း၊ ကုလကို မဆင်မခြင်ပြောခြင်းတို့နဲ့ ချိတ်ဆက်ပြီး ဦးဝီရသူကို ဘာသရေး အစွန်းရောက်အကြမ်းဖက် အသွင်ဖြစ်ပုံဖော် ယူသွားပါတော့တယ်။

နောက်တစ်ပိုဒ်မှာတော့ဦးဝီရသူကို ထိုးနှက်တာတွေ ပါလာတာကို တွေ့မြင်ရပါတယ်။ အဲ့ဒါကတော့ "ဦးဝီရသူဟာ ပညာမတတ်လို့ ဒီလိုပြောတာလို့ ခွင့်လွှတ်ချင်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မွေးချင်းရှစ်ယောက်အနက် ပါးစပ်တစ်ပေါက် သက်သာပြီးရောအနေနဲ့ ဘုန်းကြီးကျောင်း ပို့ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်ဦးဝီရသူဟာ စန်းကောင်းတယ်။ " အဲ့လိုရေးခဲ့ပါတယ်။ နောက်ပြီး ဒီလို စန်းကောင်းရခြင်းအချက်ဟာ ဗမာတွေကြားထဲ မွတ်ဆလင်တွေဟာ အာရပ်ငွေတွေနဲ့ ဗလီတွေဆောက်တယ်၊ အမြန်ပြန့်ပွား နေတယ်ဆိုတာတွေကို "သက်သေမရှိဘဲ" ကြောက်တဲ့ အကြောက်တရားကလဲ ရှိပါသေးတယ်လို့ ရေးသားသွားပါတယ်။ ဒီနည်းအားဖြင့် ဦးဝီရသူဟာ ပညာမဲ့ဘာသာရေး အရူးအနှမ်းတစ်ယောက် အဖြစ်ပုံပေါ်လာခဲ့ပါတယ်။ နောက်လိုက်တွေအနေနဲ့ အရူးအနှမ်းတွေ သာသာဖြစ်ကုန်ပါတော့တယ်။

နောက်တစ်ပိုဒ်မှာတော့ စာရေးသူရဲ့ စိတ်တွင်းအမုန်းကို တစ်စွန်းတစ်စ ထပ်မံတွေ့ရှိလိုက် ရသလိုပါပဲ။ သူပြောထားတာက "ဖိနှိပ်တဲ့ တိုင်းပြည်မှာနေနေလဲ စစ်တပ်ဖိနှိပ်မှုကို တာဝန်ယူဖို့ လူနည်းနည်းလေးကပဲ ပြောပြီး အများစုက ခွင့်လွှတ်ဖို့ပြောကြတယ်။ ဒါကို ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ်မှုတရားနဲ့ ထောက်ပြကြပါတယ်။ ဒါပေမယ့်ဒီ ဒီမိုကရက်တိုင်ဇေးရှင်းဟာ အစွန်းရောက်တွေရဲ့ အသံတွေကိုပျံ့နှံ့ဖို့ ပိုဖြစ်လာစေခဲ့တယ်" လို့ဆိုသွားတာပါ။ အဲ့ဒီမှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ နောက်တစ်ချက် ထပ်ရေးပါတယ်။ "လူ့အခွင့််အရေးအစီရင်ခံစာအရ မွတ်ဆလင်တွေဟာ အချိုးအစားမမျှတစွာ အသတ်ခံရတယ်။ ရိုဟင်ဂျာ ရွာ ၇ဝကို ဗုဒ္ဓဘာသာတွေ ဝင်တိုက်ခိုက်တယ်"လို့ရေးသွားပါတယ်။ Disproportionate ဆိုတဲ့ စကားလုံးကိုသုံးသွားပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာ တစ်ယောက်သေရင် မွတ်ဆလင်အများကြီး သေတယ်ဆိုတဲ့စကားပါ။ ရခိုင်လို့ လုံးဝမသုံးသွားပါ။ ဗုဒ္ဓဘာသာလို့ပဲ သုံးသွားပါတယ်။

 နောက်ပြီး ဒီစာပိုဒ် အဆုံးသတ်မှာတော့ ထိန်းမနိုင် သိမ်းမရ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာတွေကို ဒီဘုန်းကြီးတွေက နောက်ကွယ်က ကြိုးကိုင်နေတယ်လို့ ရေးလိုက်ပါတယ်။ ဒီနည်းအားဖြင့် ဒီစာပိုဒ်အထိ ပုံပေါ်လာတာက ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေဟာ ဟန်ဆောင်နေတဲ့ အကြမ်းဖက်သမားတွေ အစွန်းရောက်တွေဆိုတဲ့ အသွင်ပေါ်လာစေပါတယ်။ ဒီနည်းအားဖြင့် ဗုဒ္ဓဘာသာကိုလဲ တိုက်ခိုက်ပြီးဖြစ်သလို ရိုဟင်ဂျာ ကိစ္စကိုလဲ သုံးကြိမ်တိတိ ဒီဆောင်းပါးထဲမှာ ထည့်လိုက်ပါတယ်။ (TIME ဟာ အမေရိကန် မဂ္ဂဇင်းဖြစ်ပါတယ်။ ရိုဟင်ဂျာကိစ္စ အမေရိကန် ကစားနိုင်ပုံကို ကျနော်အကြိမ်များစွာ ဆွေးနွေးဖူးပါတယ်။)

နောက်ထပ်တစ်ပိုဒ်မှာတော့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ်ကို စတင်ကြားနာရပါတယ်။ “My son was killed because he was Muslim, nothing else,”  ကျမသားလေးဟာ မွတ်ဆလင်လေးမို့ အသတ်ခံလိုက်ရတာ။ အခြားဘာကြောင်းမှ မရှိပါဘူး လို့ ပိတ်သိမ်းရေးပြသွားပါတယ်။ မိတ္တီလာမြို့ထဲမှာရှိတဲ့ ထောင်ပေါင်းများစွာသော မွတ်ဆလင်ဒုက္ခသည် စခန်းတွေကို ဂျာနယ်လစ်တွေ ဝင်ခွင့်မရှိဘူးလို့လဲ ...ဆိုထားပါတယ်။ ဒါပေမယ့် ဆောင်းပါးရှင် ဖော်ပြဖို့ ကျန်နေတာလား တမင်ချန်ထားတာလား မသိတာကတော့ ဒီဘေးဒုက္ခကြားညှပ်မိနေတဲ့ ဗုဒ္ဓဘာသာဒုက္ခသည်တွေပါပဲ။

"ကျောင်းတော် နဲ့အာဏာ" ဆိုတဲ့ခေါင်းစဉ် ပြလိုက်ပြီး သီရိလင်္ကာက ရဟန်းတွေအကြောင်းကို ဆောင်းပါးရှင်ကဖော်ပြပါတယ်။ ဖော်ပြချက်မှာ သီရိလင်္ကာ ထဲက ဗုဒ္ဓဝါဒီ ရဟန်းတွေရဲ့ အစိုးရကိ စိုးမိုးဖို့အားထုတ်ပုံတွေ၊ ကျောင်းတွေမှာ သမိုင်းသင်ခန်းစာတွေသင်ကြားပေးဖို့ အားထုတ်တာတွေ။ ညီလာခံမှာ ရင်ဘတ်ထက် လက်သီးဆုပ်တင်ပြီး ဗုဒ္ဓဘာသာကို ခုခံကာကွယ်ဖို့ ကြွေးကြော်တာတွေကို ဖော်ပြပါတယ်။ ဒါပေမယ့် ပထမဆုံး အကြောင်းလေးမှာတင် သူဖော်ပြထားတာက မြန်မာပြည်က ဖြစ်ရပ်တွေဟာ ဒီသီရိလင်္ကာံကလိုပါပဲ ဆိုတဲ့ စာကြောင်းလေးပါ။ ဒီစာကြောင်းလေးကြောင့် အောက်က ဖော်ပြထားသမျှရဲ့ ကောင်းခြင်းဆိုးခြင်းအားလုံးဟာ မြန်မာပြည်မှာ ဒီလိုဖြစ်နေပါတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုသက်ရောက်သွားစေပါတော့တယ်။ “This is a Buddhist government. This is a Buddhist country.” ဗုဒ္ဓဘာသာအစိုးရ၊ ဗုဒ္ဓဘာသာတိုင်းပြည် ဆိုတဲ့ သီရိလင်္ကာကြွေးကြော်သံနဲ့ ပိတ်သိမ်းလိုက်ပြီး မြန်မာဟာလဲ ဒီလိုပါပဲ ဆိုတာကို နိမိတ်ပြပြောဆိုသွားခဲ့တာပါ။  “It is the monks who protect our country, religion and race.” အမျိုးဘာသာသာသနာကို ကာကွယ်နေတာ ဘုန်းတော်ကြီးတွေပဲ လို့ သီရိလင်္ကာကာကွယ်ရေးဌာနအတွင်းရေးမှုးပြောစကားကို ထပ်မံကိုးကားအားဖြည့်ပေးသွားခဲ့ပါတယ်။

"ဆွမ်းနဲ့ သေနတ်" ဆိုတဲ့ခေါင်းစဉ်ကိုထပ်မံဖော်ပြလိုက်ပြီး ထိုင်းနိုင်ငံထဲက ဥပမာတွေကို ပေးပါတယ်။ “We cannot separate Buddhism from guns anymore.” ဆိုတဲ့စာသားနဲ့ ထိုင်းဥပမာကို သေသေချာချာ ညွှန်းဆိုသွားခဲ့ပြီး ကျန် အစ္စလာမ်အကြမ်းဖက်တွေနဲ့ မကွာလှတဲ့နမူနာကို ပေးဖို့ကြိုးစားနေဟန်ကို တူးဖော်မိလိုက်ပါတယ်။  “Maybe I felt a little bit guilty as a Buddhist,” he says. “But we have to protect ourselves.” အဓိပ္ပါယ်ကဒီလိုပါ။ ကျနော် ဗုဒ္ဓဘာသာဖြစ်ရတာကို နည်းနည်းတော့ မလုံသလိုခံစားရတယ်။ ဒါပေမယ့် ကျနော်တို့ကိုယ့်ကိုယ်ကို ကာကွယ်ရမှာပဲလေလို့ ပစ္စတို သုံးလက်ရှိတယ်ဆိုတဲ့ ထိုင်းတောင်ပိုင်းက ရဟန်းက ဒီလိုပြောတယ်ဆိုပြီး ထပ်မံ ဖော်ပြပါတယ်။ "ကျနော်တို့က ဒီတိုင်းပြည်သားတွေဗျ။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေက ကျနော်တို့ကို ဘယ်တော့မှ ထိုင်းနိုင်ငံသားတွေလို့ မမှတ်ဘူး။" ဒီစကားကိုပြောသူက ထိုင်းတောင်ပိုင်း မွတ်ဆလင် တော်လှန်ရေးသမား တစ်ဦးပါ။ အဲ့ဒီစကားအပြီးမှာ ဒါလေးနဲ့ ထိုင်း ဥပမာကို ပိတ်သိမ်းလိုက်ပါတယ်။ “Islam is a religion of violence,” says Phratong Jiratamo, a marine turned monk. “Everyone knows this.” အစ္စလာမ်ဆိုတာ အကြမ်းဖက်ဝါဒပဲ။ ဒါလူတိုင်းသိတယ်လို့ ဘုန်းကြီးက ပြောပါတယ်ဆိုပြီး ပိတ်သိမ်းလိုက်တာပါ။ လှပါတယ်။ မွတ်ဆလင်တော်လှန်ရေးသမားရဲ့ စကားလုံးက Equality ဖက်ရောက်ပါတယ်။ ထိုင်းဘုန်းကြီးစကားက တော်တော်လေး ပိန်းတဲ့ ပညာမဲ့ စကားဆန်ပါတယ်။ ဒီနှစ်ခုကို တွဲပြလိုက်ပါတယ်။

 ဒီမိုကရက်တွေ အသည်းစွဲ တန်းတူညီမျှမှုကို မွတ်ဆလင်ဖက် ထည့်လိုက်ပြီး ဘုန်းကြီးပြောစကားကို ခပ်ပိန်းပိန်း ဘာသာရေးအစွန်းရောက်အနေနဲ့တင်လိုက်ပါတယ်။ ဒီနည်းနဲ့ သင်္ကန်းနဲ့သေနတ်၊ ဖိနှိပ်မှုတွေဟာ ကောက်ကြောင်း ထင်းထင်းကြီးပေါ်လာပါတော့တယ်။
နောက်ဆုံး စာနှစ်ပိုဒ်မှာတော့ စာရေးသူအာဘော်ကို ပိုမြင်လာရပါတယ်။ စာရေးသူက ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာနဲ့ ဝီရသူရဲ့ အကြမ်းဖက်မှုကို ဘယ်လို သဟဇာတ ဖြစ်အောင်လုပ်မယ်ဆိုတာကို နားမလည်နိုင်အောင် ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။ ဝီရသူဟာ ထိုင်းတောင်ပိုင်းက ဘုန်းကြီးတွေလိုပါပဲ လို့ရေးပြပါတယ်။ သူ့တရားပွဲအဆုံးမှာ သူ့ပရိသတ်တွေဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် မိမိအသက်ကို စတေးပါမည် ဆိုတဲ...့ ဟာကို လိုက်ရွတ်ဆိုကြပါတယ်လို့ ဖော်ပြပါတယ်။

နောက်ဆုံးနိဂုံးမှာတော့ စာရေးသူရဲ့ အဘော်ကို အထင်ရှားဆုံး မြင်လိုက်ရပါတော့တယ်။ စာရေးသူ ဖော်ပြထားတာက ဗုဒ္ဓဘာသာရဲ့ ခွင့်လွှတ်မှုဆိုတာဟာ တစ်ကယ့်ကို မဖြစ်နိုင်လောက်တဲ့ နေရာမှာတော့ ကျန်နေပါသေးတယ်လို့ ဆိုလိုက်တာပါ။ Unlikeliest လို့သုံးပြသွားတာပါ။ ဒီနည်းအားဖြင့် ကျန်အများစုကြီးဟာတော့ဖြင့် ခွင့်လွှတ်မှုဆိုတာမရှိတဲ့လူတွေလို့ အဓိပ္ပါယ်အလိုလို သက်ရောက်သွားစေပါတော့တယ်။

 ဆောင်းပါးရှင်က ဥပမာပေးပါတယ်။ 2011 ထိုင်းမှာ ဗုံးကွဲတော့ ရဟန်းတစ်ပါးဟာ ဆွမ်းခံလျက်ပါ။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ အများကြီးရခဲ့ပါတယ်။ အမာရွတ်တွေလဲမနည်း။ မျက်လုံးလဲ မကောင်းလှတော့ပါဘူး။ ဒါပေမယ့်သူက အစ္စလာမ် ဘာသာဆိုတာ ကျန်ဘာသာရေးတွေလိုပဲ အင်မတန်ငြိမ်းချမ်းတဲ့ ဘာသာပါလို့ ပြောနေဆဲပါ လို့ ဥပမာပေးခဲ့ပါတယ်။ မွတ်ဆလင်တွေကို အပြစ်တင်တယ်၊ သူတို့က ကျနော်တို့ကိုပြန်အပြစ်တင်မယ်..ဒါဆို ဘယ်တော့မှအကြမ်းဖက်မှု မပြီးဆုံးပါဘူးလို့ အဲ့ဒီထိုင်းရဟန်းက ပြောသွားတယ်ဆိုပြီးရေးသွားပါတယ်။ နောက်ဆုံးစာပိုဒ်...နိဂုံးပိုဒ်မှာ မွတ်ဆလင်တွေကို အပြစ်တင်ခြင်းသည် ဗုဒ္ဓဘာသာမမည် ဆိုတဲ့ မက်ဆေ့ကိုရအောင်ထည့်ပေးသွားပါတယ်။ ဒီကြားထဲမှာ ရိုဟင်ဂျာကိစ္စကိုသုံးကြိမ်တိတိသုံးပါတယ်။ တစ်ကယ်တော့ ဒီလို ခွင့်လွှတ်နိုင်မှု မျိုး၊ သူပေးတဲ့ဥပမာမျိုးဟာ သာမန် (Average) တွေအနေနဲ့ မဖြစ်နိုင်တဲ့ကိစ္စတွေသာလျှင်ဖြစ်ပါတယ်။ ဒီလို ရှားပါးတဲ့ ဥပမာမျိုးကိုပေးလိုက်ခြင်းအားဖြင့် ကျန် ဗုဒ္ဓဘာသာဝင်တွေဟာ ဒီလိုမကျင့်လျှင် အလကားဆိုတဲ့မက်ဆေ့ခ်ျကို ရသွားစေတော့တာပါပဲ ။

ဆောင်းပါးရှင်ရဲ့ကောက်ကြောင်းကိုကြည့်လိုက်တဲ့အခါမှာ ဦးဝီရသူထက် မြန်မာပြည်တွင်းနဲ့ အရှေ့တာင်အာရှ၊ တောင်အာရှ ဗုဒ္ဓဘာသာဝင်တွေရဲ့ အားနည်းချက်တွေကို သီးသန့ဖော်ပြထားပြီး ထိုင်းတောင်ပိုင်းကိစ္စ၊ မြန်မာပြည်တွင်းကိစ္စ နဲ့ သီရိလင်္ကာကိစ္စတွေမှာ ဆန့်ကျင်ဖက်တွေရဲ့အမြင်တွေကို လလုံးဝ ထည့်မထားတာကို အထူးသတိပြုမိပါတယ်။ စာကြောင်းချိတ်ဆက်ပုံ၊ အိုင်ဒီယာချိတ်ဆက်ပုံတွေ၊ ဥပမာပြပုံတွေရဲ့ လားရာဦးတည်ဖက်ဟာ ဗုဒ္ဓဘာသာ ဟာ ကျဆုံးနေတဲ့ဘာသာရပ်ဖြစ်ပြီး ကျန်အလားတူဘာသာများလိုပဲ အကြမ်းဖက်တွေထွက်လာတဲ့ "ညွှန်းသလောက်မဟုတ်တဲ့ဘာသာရေးပါ" ဆိုတဲ့ အမြင်ကို တူးဖော်လိုက်မိပါတယ်။

ဒါကတော့ ဒီဆောင်းပါးအပေါ် အနုစိတ် သုံးသပ်ကြည့်ခြင်းပဲဖြစ်ပါတယ်။

မျိုးဆက်..

Myo Set Facebook