ရန်ကုန်မြေဈေး အပိုင်း(၂) (ဒေါက်တာလှိုင်မြင့်နှင့် အမေးအဖြေ..)
ဒီမိုဝေယံဘလော့ဂ် ပင်တိုင် ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်နဲ့ ရန်ကုန်မြေဈေး အပိုင်း(၂) ဆက်သွယ် မေးမြန်းချက်အား ဖော်ပြလိုက်ပါတယ်...။
(မေး) ဆရာဒလဘက် အခြမ်းမှာ နိုင်ငံတကာ လေယာဉ်ကွင်း ဆောက်လို့ ရနိုင်မှာပေါ့။
(ဖြေ) သိပ်ကောင်းတာပေါ့။ ဟောင်ကောင်ဆိုရင် လေယာဉ်ကွင်းအသစ်က ပင်လယ်ထဲ မြေတွေ ကျောက်တုံးကြီးတွေချဆောက်ထားတာပါ။ ဒလ ဘက်မှာ ပဲခူးမြစ်အပေါ်ကနေ လေယာဉ်အဆင်းအတက် လမ်းကြာင်းခံထားပြီး ဆောက်ရင် လေယာဉ်မတော်တဆ ပျက်ရင်တောင် ရေထဲဘဲကျပါမယ်။ မြေပေါ်ကျတာက မီးလောင်သေကြေတာများပါတယ်။ နောက်လူနေအိမ်တွေရှိရင် အသံဆူညံတဲ့  ပတ်ဝန်းကျင်ပြသနာ မရှိတော့ပါဘူး ။
ဒလ ဘက်သာလေယာဉ်ကွင်း ဆောက်ခဲ့ရင် ရန်ကုန်မြို့ ထဲကလဲ မိနစ်ပိုင်းအတွင်း လေယာဉ်ကွင်းကိုရောက်ပြီ။ ဒီလိုဘဲ သီလဝါဘက်ကိုလဲ မြေအောက်လှိုင်ခေါင်းနဲ့ ဆက်ထားရင် မိနစ်ပိုင်းဆို လေယာဉ်ကွင်းကိုရောက်ပြီ။
ပဲခူးလေယဉ်ကွင်းက သိပ်ဝေးလွန်တော့ စီးပွားရေအရ အခုခေတ်က အချိန်ဆိုတာ ငွေဖြစ်နေတဲ့ ခေတ်ပါ။ TIME IS MONEY ဆိုတာကို အလေးအနက်ထားစဉ်းစားရမဲ့ အချိန်ပါ။ အထူးသဖြင့်အနောက်နိုင်ငံသားတွေက အချိန်ကို သိပ်စကားပြောလာနေပါပြီ ။ ပဲခူးလေယာဉ်ကွင်းသာဆိုရင် နေ့ တဝက်မက အချိန်ပေးရပြီ။ တခုခုကျန်ခဲ့ရင် ဒုက္ခလှလှရောက်ပြီ။ ကျနော့်အမြင်တော့ မလုပ်သင့်ဘူး။ အချိန်လဲ တနာရီမက မောင်းရပြီ။
အခု သြစတြေးလျက ဆစ်ဒနီလေယာဉ်ကွင်း အသစ်လိုလာလို့  မြို့ နဲ့ အနီးဆုံးနေရာကိုဘဲ ဆုံးဖြတ်ထားကြပြီ။ သူတို့ ရဲ့ နမူနာတွေကိုယူဖို့ သင့်ပါတယ်။ နောက် ပဲခူးလေယာဉ်ကွင်းက ဗိုလ်ခင်ညွှန့် အိုင်ဒီယာပါ။
(မေး) နောက်ဆုံးပေါ့ ဆရာအထက်မှာ ဆိုခဲ့တဲ့ DO or DIE ဆိုတာ ဘာကိုဆိုလိုတာပါလဲ။ ဆက်ပြောပြနိုင်ပါလား..
(ဖ) ၂ဝ၁၅ - ရွေးကောက်ပွဲကို ရည်ညွှန်းပြီးပြောတာပါ။ ဒလ ဘက်ကို သမတကြီးဦးသိန်းစိန် သူ့ လက်ထက်မှာ အကောင်အထည်မဖေါ်နိုင်ရင် ၂ဝ၁၅ - အတွက်မဲဆွယ်ချိန်မှာ ဒီ ဒလ တိုးချဲ့ ရေးက တတိုင်းတပြည်လုံးက စီးပွားရေးကို အလေးထား အခြေခံပြီး စဉ်းစား မဲပေးလာကြတော့မှာလေ။ အဓိကထားစဉ်းစားကြမှာက ဘယ်သူက တိုင်းပြည်စီးပွားရေးကို ဦးမော့လာအောင် ပိုလုပ်နိုင်မလဲကို လေ့လာနေကြပြီ။ စီးပွားရေး မွန်းကြပ်လာတာက နှစ် ၆ဝ - နီးနေပြီ။ လူတွေက ငတ်နေကြပြီ .။ ဝင်ငွေက မတိုးလာတဲ့အပြင် ဆုတ်နေတယ်။
ဒလ စီမံကိန်းကို ဒေါ်စု သာဆို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပြီး ဆောက်ထဲ့လိုက်မယ်လို့ လက်ခံထားကြပြီ ဆိုပါဆို့။ ဆောက်လိုက်တာနဲ့  စီးပွားရေးတိုးချဲ့ ဖို့  မြေသစ်တွေပေါ်လာပြီ။ အဲဒီတော့ ဒလ - ဘက်တိုးချဲ့ လိုက်ရင် မြေက ဧကပေါင်း- ၃- သိန်းကျော်ပေါ်လာပါမယ်။ ကြည့်မြင်တိုင်တဖက်ကမ်းကို တံတားထိုးလို်က်ရင် နောက်ထပ်ဧကပေါင်း တစ်သိန်းလောာက် ပေါ်လာပါမယ်။ မြေတွေပေါလာရင် ဈေးကျရမှာက ထုံးစံ။ မတရားမြင့်နေတဲ့ အိမ်ဈေးတွေ ကျသွားပြီ။ အသက်ရှုချောင်လာမှာက အခြေခံလူထု။ ဒေါ်စုက အခုမြေလှောင်နေတဲ့  မတရားချမ်းသာနေတဲ့  သူတွေမျက်နာကို ငှဲ့ပြီး မြေဈေးကိုကျားကန်ပေးနေတဲ့ အလုပ်ကို ပြောင်းပြန်လုပ်မယ်လို လူထုက စီးပွားရေး ကျပ်တည်းလာလေ ဒေါ်စုကိုမျှော်လေ ဖြစ်နေပြီ။ ဒီစစ်ဗိုလ်တွေအုပ်ချုပ်နေလို့ ကတော့ သေတောင် စီးပွားတက်မလာတော့ဘူး ထင်လာနေကြပြီ။ အဲဒါကို ပြည်ခိုင်ဖြိုးတွေ လေ့လာရေးလုပ်သင့်တယ်။
အဲဒီမှာ ယခုလက်ရှိလူတွေက(ပြည်ခိုင်ဖြိုး) သူတို့ ပိုင်ဆိုင်ထားတဲ့ မြေဈေးမကျဖို့ က နံပတ်တစ် တိုင်းပြည်တိုးတက်ရေးက ဘိတ်လုပ်နေတယ် လို့ မြင်သွားရင် ၂ဝ၁၅ တောင်မဟုတ်တော့ဘူး ပြည်ခိုင်ဖြိုး ကို ဂူသွင်းလို်က်သလို လုပ်မိလျက်သားဖြစ်သွားပြီ။
အဲဒီတော့ သမတကြီး ဒလ တံတားထိုးတာ တနစ်အချိန်ဆွဲလိုက်တာနဲ့  ၂ယ၁၅ - မှာ ရှုံးနိုင်ချေ ရှိနေတာက သေချာပေါက်ကို စုတ်ပြတ်သွားအောင်ရှုံး သွားပါမယ်။
အဲဒါကို ရည်ညွှန်းပြီး သမတကြီးနဲ့  ပြည်ခိုင်ဖြိုး တို့ အတွက် ဒလ တံတား ဒလမြို့ တော်တိုးချဲ့ ရေးဟာ သူတို အတွက်မဲအနိုင်ရရေး အတွက် အသက်ကယ်ဆေး သဘောရောက်နေတာ ကို ရည်ညွှန်းတာပါ။ လုပ်ချင်လုပ်။ မလုပ်ရင် ပြုတ်။ နှစ်လမ်းဘဲရှိတယ်။ လုပ်ချင်လုပ် မလုပ်လျင် ပြုတ် ။ DO or DIE ။ သဘောကျရဲ့ လား။
(မေး) ဆရာ ဒါဆို တခုဆက်ချင်ပါသေးတယ်။ ဆရာပြောတဲ့ အတိုင်းဆို၂ဝ၁၅ -ရေးကောက်ပွဲရဲ့  အဓိက အဆုံးအဖြတ်က ဒလ တိုးချဲ့ရေးဖြစ်နေတာလား။
(ဖြေ) မဟုတ်ပါဘူး ။ အဓိက အဆုံးအဖြတ်က ဘယ်သူက စီးပွားရေး တိုးတက်အောင်စွမ်းဆောင်နိုင်မလဲက အဓိက အဆုံးအဖြတ်ပါ။ ဒလ မဟုတ်ပါဘူး။ ဒါပေမဲ့  ဒလ ဆိုတာ မ.ဆ.လ. ခေတ်ကထည်းက တိုးချဲ့ သင့်တာပါ။ ဒါကို တံတားဆောက်လုပ်တဲ့ ကုန်ကျစားရိတ်ကို အရင်းကျေပါ့မလား တွေးနေတာကိုက တော်တော်လေး စီးပွားရေးမျက်စေ့ မှုန်နေတာကို ဝန်ခံလိုက်တာပါ။ မှုန်တယ်တောင် မသုံးသင့်တော့ဘူး။ ကန်းနေပြီဘဲ သုံးရတော့မယ် ။
နောက် ဦးသန်းရွှေ ချခဲ့တဲ့ နိုင်ငံတော်သမတသည် စစ်ရေးအမြင်ရှိရမည် ဆိုတာ ကွဲတော့မယ်။ စစ်ရေးဆိုတာ ကျနော်ယခင်က ရေးဖူးထားပါတယ်။ တိုင်းသူပြည်သားတွေ ချမ်းသာလျင် မာန်ကတက်နေမယ်။ အဲဒီမာန်တက်နေတဲ့ တိုင်းပြည်ကို တိုင်းတပါးက ဝင်အုပ်ချုပ်ဖို့ သိပ်ခက်ခဲတယ်။ ချမ်းသာတော့ စစ်လက်နက်တွေကလဲ ကောင်းနမယ်။
ခုဟာကဗျာ န.ဝ.တ. လက်ထက်လူဖြစ်လာတဲ့လူငယ်တွေ ၅-ပေမပြည့်သူတွေ အများကြီး။ သေနတ် ( ဂျီသရီး ) ကို ဘက်နက်တပ်ထားရင် သေနတ်က သူတို့ ထက်ပိုမြင့်နေတာ ဘယ်လိုလုပ် စစ်သည်တော်ကောင်းဖြစ်နိုင်ပါ့မလဲ။ အဟာရချို့ တဲတဲ့ လူဖြစ်တယ်ဆိုရုံလေးတွေ တပုံကြိး။ အခုလူထုက မွဲနေကြတော့ မာန်တက်ဖို့ နေနေသာသာ ဒေါ်လာပြရင် ဂျီးတော်တောင် ပေါင်ကြတော့မယ်။
၂ဝ၁၅ - နိုင်ငံတော်သမတသည် စီးပွားရေးအမြင် ရှိရမည် ဖြစ်လာတော့မယ်။ ပြောင်းလာပါတော့မယ်။ စစ်ရေးအမြင်က လူပုလူညက်လေးတွေ ထွက်တာဘဲအဖတ်တင်ထားပြီ။
(မေး) ဒလ ဘက်ကိုတိုးချဲ တော့ ဆရာပြောသလိုဆို ဘတ်ဂျက်အများကြီး လိုနေပြီ . ဘယ်လိုစီမံကြနိုင်မလဲ။ အစိုးရမှာ ဘတ်ဂျက်လိုငွေပြနေတယ်။
(ဖြေ) အဲဒါပြောတာပေါ့။ စီးပွားရေးအမြင်ဆိုတာ။ ဒလ တိုးချဲ့ တော့ ဘတ်ဂျက်အများကြိးကို လိုတာပေါ့။ တိုးချဲ့ ရမှာက ဗိုလ်ခင်ညွှန့်တို့ လို လယ်ကွင်းတူး မြေပုံလမ်းဖေါ်ရုံနဲ့ မြို့သစ်ဆိုပြီး လုပ်လို့ မရဘူး။
အခုဂျပန်က အုပ်စုကြိးတခုက တိုင်ပင်နေတယ် သတင်းရထားတယ်။ သူတို့ က ဒလ ကို စကာပူထက် အဆင့်ပိုမြင့်တဲ့ ဧရာမမြို့ တော်ကြီး တည်မယ်။ (B.O.T) BUILT OPERATE & TRANSFER ဆောက်မယ်။ အလုပ်လည်ပတ်မယ်။ နှစ်စေ့တော့ အစိုးရကိုပြန်လွှဲပေးမယ်။ ဆောက် လုပ်ကိုင် လွှဲ ..ဆ.လ.လ)
သူတို့ဒီဇိုင်း ဆွဲထားတာက စင်ကာပူအဆင့်ထက်ပိုမယ်။ ရန်ကုန်လို လူတွေက ရေတင်ပန့် တွေထားစရာမလိုတော့ဘူး။ လျှပ်စစ်မီးကလဲ အခုသုံးနေရတဲ့  မိးအားမြှင့်စက် ရေခဲသေတ္တာအတွက် အကာကွယ်စက် တွေမလို။ လျှပ်စစ်မမှန်လို့  ပျက်ရင် လျှပ်စစ်ဌာနကလျှော်ရမယ် ။ လမ်းဘေး မီးစက်တွေ မရှိတော့ဘူး။
ဘတ်စ် ကားတွေမှာ စပါယ်ယာမပါဘူး။ အီးကဒ် လက်မှတ်။ မြေအောက်ရထားတွေ ရှိမယ်။ အင်းယားကန်ထက် နှစ်ဆ သုံးဆ ကြီးတဲ့ ကန်ကြီးတွေ ၄ - ၅ ခု ကန်ကြီးတွေလုပ်ထားမယ်။ ပန်းခြံတွေအများကြိး။ ပလက်ဖေါင်းတွေက ၁ဝ - ပေအကျယ်။ ဈေးမရောင်းရဘူး။ ပလက်ဖေါင်းတွေပေါ် ကလေးတွေကို လက်တွန်းလှည်း နဲ့ တွန်းလို့ ရမယ်။
နောက်ဆုံး သောက်ရေသန့် မဝယ်ချင်ရင်တောင် ရေဘုံဘိုင်ရေကိုသောက် အာမခံအပြည့်။ သောက်ရေသန့် လုပ်ငန်းတွေ အလုပ်ပါးသွားမယ်။ လူထုအတွက်ရေသန့် ဖိုး သက်သာသွားမယ်။ အလုပ်သက်သာမယ်။ မြို့ အလယ်မှာ သစ်တောတွေ ထားမယ်။ ဂေါက်ကွင်းတွေထားမယ်။ လူထုတွေ အလုပ်နားရက် ပန်းခြံတွေမှာ နားနားနေနေ အပန်းဖြေခွင့်ရနေရင် အလုပ်စွမ်းအားတွေ ပိုထွက်လာမယ်တဲ့။
သူတို့ ဆွဲထားတာက လမ်းအကျယ်တွေ (လမ်းမကြိးတွေ)က တောင်မြောက် ဖေါက်ထားတော့ ပင်လယ်က တိုက်လာတဲ့  လေက မြို့ ထဲ တလျင်လျင်ဝင် ဖြတ်သန်းသွားနေရမယ်။ မြို့ တော်မှာ လေသန့် နေစေရမယ်။ ပင်လယ်လေဆိုတော့ မြို တော်အေးမြနေမယ်။
ရေဆိုးတွေကို မြေအောက် ရေပြွန်စံနစ်နဲ့ လုပ်ထားတော့ ရေဆိုးမြောင်း ဟောင်းလောင်တွေမရှိတော့ ခြင်မရှိနိုင်တော့ဘူး။ မြောင်းမရှိတော့ ခြင်ကိုက်မှာ မပူရတော့ဘူး။ ခြင်ဆေးခွေ မလိုတော့ဘူး။ ဆိုက္ကားမထားဘူး။ အားလုံး ယာဉ်အလတ်စားတွေက လမ်းသေးတွေမှာပြေးနေမယ်။ ဆိုက္ကားသဘော။
တခါ အဓိက စားသောက်ကုန်ပစ္စည်းလာနေတဲ့  ဧရာဝတီတိုင်ဘက်က သင်္ဘောတွေကိုလဲ မြို့ လယ်အထိ တူးမြောင်းနဲ့ သွင်းထားမယ်။ သင်္ဘောတွေပေါ်ကကုန်တွေကို ကွန်တိန်နာ အသေးတွေနဲ့  ကရိန်းနဲ့ အတင်အချလုပ်မယ်။ သင်္ဘောပေါ်ကနေ အလုပ်သမားမပါဘဲ ကုန်သယ်ကားပေါ်တန်းရောက်။ အလုပ်သမားခပျောက်သွားရင် ကုန်တွေ ကမ္ဘာ့ဈေးကွက်ကိုယှဉ်လာနိုင်မယ်။
မြေအောက် မြေပေါ်ရထားတွေက အချိန်အတိအကျ အမြန်တွေ။ အလုပ်ကို ကားလမ်းပိတ်နေလို့ လိမ်မရအောင် ချိန်ထားမယ်။ ရထားလမ်းတွေမှာ ကားဖြတ်လမ်းအးလုံးက အပေါ်မှာ။ ရထားလမ်းဖြတ်ဂိတ်ဆိုတာ မထားဘူး ။
ကျနော်စဉ်းစားကြည့်တယ်။ အော် တခြားနိုင်ငံကလူတွေက ကိုယ့်ထက်ပိုတော်တာလား။ ဒါဆိုကျနော်တိ့  လူညံ့ တွေဖြစ်ပြန်။ သူတို့ က မိမိအရေးထက် တိုင်းပြည်အရေးပိုအလေးပေးလို့  ဒီလိုစီမံချက်တွေ ပေါ်လာလေတာလား။ ဒုတိယ လို့ ထင်တာဘဲ..။
အားလုံးကို လေးစားလျှက်
ဒေါက်တာလှိုင်မြင့်
ဆက်လက်ဖော်ပြပေးပါမယ်...
ရန်ကုန်မြေဈေး အပိုင်း(၁) ပြန်ဖတ်လိုလျှင်
http://www.demowaiyan.org/2013/06/blog-post_2.html
ဒေါက်တာလှိုင်မြင့် ရေး တဲ့ " ဒလမြို့ တော်ကြီး စီမံကိန်း " အကြံ ပြု ဆောင်း ပါး ၅ ပိုင်း စိတ်ဝင်စားလို့ ပြန်ဖတ်ချင်ရင်..
(1) http://www.demowaiyan.org/2011/11/blog-post_9206.html
(2) http://www.demowaiyan.org/2011/11/blog-post_9884.html
(3) http://www.demowaiyan.org/2011/12/blog-post_8796.html
(4) http://www.demowaiyan.org/2012/01/blog-post_7171.html
(5) http://www.demowaiyan.org/2012/02/blog-post_3513.html
(ဒေါက်တာလှိုင်မြင့်နှင့် အမေးအဖြေ..)