ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တရုတ်ပိုင် ကုမ္ပဏီတွင် အန္တရာယ်ရှိသော အလုပ်များ စေခိုင်းပြီး မတရား အလုပ်ထုတ်ခံခဲ့ရတဲ့ အသက်မပြည့် မိန်ခလေးများ၏ နစ်နာမှုအား (တိုင်ကြားစာ)

ယနေ့ ဒီမိုဝေယံသို့ တိုင်ကြားစာ..

 တရုတ်ပိုင် ကုမ္ပဏီတွင် အန္တရာယ်ရှိသော အလုပ်များ စေခိုင်းပြီး မတရား အလုပ်ထုတ်ခံခဲ့ရတဲ့ အသက်မပြည့် မိန်ခလေးများ၏ နစ်နာမှုအား (တိုင်ကြားစာ)

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးစက်မှုဇုန်(၁) မြ၀တီမင်းကြီး ကျောင်းတိုက်လမ်းတွင်
တရုတ်ပြည်မ လာရောက် ရင်းနှီးမြုပ်နှံသော တရုတ် လူမျိုးပိုင်သော သက်တန့်နီယွန် ကုမ္ပဏီရှိနေပါတယ်။ တရုတ်လူမျိုးတွေက မြန်မာ ဗီဇာနဲ့နေတယ်လို့ပြောပါတယ်။

သက်တန့်နီယွန်ဆိုတဲ့ ဆိုင်းဘုတ်ကလည်း စစ်ဆေးရေးတွေလာမှ တပ်ဆင်ထားလေ့ရှိတယ်လို့သိရပါတယ်။
လျှပ်စစ်မီးသီးပြုလုပ်ရန် မိန်းခလေးတွေကို ခိုင်းစေပါတယ်။ မီသီးတွင်ပါရှိသော ခဲဂဟေဆော်တဲ့ အလုပ်လုပ်ကြရပါတယ်။ ခဲဆော်တဲ့နေရာမှာ ထင်းရှူးဆီသုံးပြီး ခဲဆော်ရမှာဖြစ်ပေမယ့် ပြင်းလွန်းတဲ့ဓါတု
အက်စစ်တမျိုးသုံးပြီး ခဲဆော်ခိုင်းပါတယ်။

မိန်းခလေးတွေ ကိုယ်တိုင် ထင်းရှူးဆီယူလာ
ခဲ့ရင်တောင်မှ တရုတ်တွေက လာသိမ်းသွားပါတယ်။ ကျမ္မောရးစောင့်ရှောက်မှု လုံးဝမရှိပါဖူး အကာအကွယ်အနေနဲ့လက်အိပ်နဲ့ ခေါင်းစွပ်ဆိုတဲ့ ပေါပေါရနိုင်တာတောင် မပေးပါ ဖူးလို့ မလှိုင်မြို့ညောင်ကန်ကျေးရွာမှ လာရောက်လုပ်နေကြတဲ့မိန်းခလေးအလုပ်သ
မားတွေကပြောပါတယ်။ နေစရာပေးထားပေမဲ့ မီး၊ရေအသုံးပြုခ လုပ်ခကနေဖြတ်
တောက်ပါတယ်။ မိုးရွာရင်မိုးမလုံလို့မအိပ်ရဖူးလို့ သိရှိရပါတယ်။ သုံးရက်လုပ်ခ
လေးထောင်ကျပ် ပေးနေတာနေ(၂၅၀၀)ကျပ်ပေးတာ မကျေနပ်ကြတာကို ပြောဆို
ကြတောင်းဆိုကြတော့ နောက်နေ့ကစပြီးလာစရာ မလိုတော့ ဘူးဆိုပြီး တမင်သက်
သက် အလုပ်ထုတ်လိုက်ပါတယ်။

တိုင်ချင်ရာတိုင်ကြလို့လည်း တရုတ်လူမျိုး မြန်မာနာမည် ယူထားတဲ့ ကျော်ဝင်းထွန်းက တွန်းထုတ်ရင်းဆိုတယ်လို့သိရပါတယ်။ အလုပ်
ထုတ်ခံရတဲ့  မိန်ခလေးများမှာ

-အသက်(၁၅)နှစ်ထဲက ၀င်လုပ်နေတဲ့ မမီးမီး-ဘ-ဦးကြည်လင်
ညောင်ကန်မလှိုင်မြို့။

 အသက်(၁၃)နှစ်ထဲကလုပ်နေတဲ့မခိုင်မွန်ဟန်-ဘ-ဦကြည်
လင် ညောင်ကန် မလှိုင်မြို့။

အသက်(၁၆)နှစ်ထဲက ၀င်ရောက်လုပ်နေတဲ့မလှလှဝင်း
-ဘဦးမောင်ညို ညောင်ကန်၊ မလှိုင်မြို့။

အသက်(၁၂)ခွဲလောက်ထဲကလုပ်နေတဲ့
မနီလာထွန်း ဘ-ဦးနိုင်ဝင်းညောင်ကန်၊ မလှိုင်မြို့။

အသက်(၁၆)နှစ်ထဲကလုပ်တဲ့
မသင်းနွယ်အောင် ဘ-ဦးသန်းထွန်းအောင် ညောင်ကန်မလှိုင်မြို့။

အသက်(၁၆)နှစ် ထဲကလုပ်တဲ့ မတင်မော်အောင် ဘဦးသန်းထွန်းအောင် ညောင်ကန်၊မလှိုင်မြို့။

အသက်(၂၄)နှစ်ထဲကလုပ်နေတဲ့မဇာဇာ ဘ-ဦးရဲဝင်း ညောင်ကန်မလှိုင်မြို့။

အသက်(၂၂)နှစ်ထဲက လုပ်တဲ့ မနွယ်နွယ်ဝင်း ဘ-ဦးမောင်ညို ညောင်ကန်၊မလှိုင်မြို့။

အသက်(၂၂)ခွဲထဲကလုပ်တဲ့မဖြူသီဝင်း ဘ-ဦးရီ ညောင်ကန်မလှိုင်မြို့။

အသက်(၂၂)နှစ်ထဲက လုပ်တဲ့မသူဇာ ဘ-ဦးမင်းလှိုင် ညောင်ကန်၊မလှိုင်မြို့။

အသက်(၁၆)နှစ်ခွဲထဲကလုပ်တဲ့မမိုးမိုး  ဘ-ဦးမင်းလှိုင် ညောင်ကန်မလှိုင်မြို့။ တို့
(၁၁)ဦးမှာအလုပ်သမားနစ်နာရမှုတို့ကိုမြ၀တီဆရာတော်နှင့် တပည့်ဒါယကာ
ဦးဘိုကြိုင်(၀မ်းတွင်း)တို့ထံ လာရောက်ပြီး Rainbow တံဆိပ်ပါမီးသီးသွင်းလုပ်ငန်း
၏ ရက်ရက်စက်စက် အလုပ်ထုတ်ခံရသော နစ်နာမှုတို့ကိုသမ္မတကြီးနှင့် နိုင်ငံတော်
အဆင့်လူကြီးများထံ ဥပဒေနဲ့အညီ လုပ်ဆောင်ပေးပါရန် အကူအညီတောင်း
ခံလာကြောင်း သတင်းရရှိပါတယ်။

မိန်းကပလေး အများစုမှ ခဲဆိပ်များကြောင့်လည်း ကျမ္မရေးချို့တဲ့နေရ
တယ်လို့သိရပါတယ်။

မေးမြန်း ဆက်သွယ်ရန် ..မြ၀တီဆရာတော်
၀၉-၉၁၀၄၁၀၄၆၊၀၉-၃၃၁၁၅၅၀၉။

ကိုဘိုကြိုင်-၀၉-၃၃၁၁၅၅၀၄။

တို့ကိုမေးမြန်းနိုင်ပါတယ်။

အမှန်တရားလိုလားသူ..