သင်ဝက်ခြံကြောင့် စိတ်ညစ်နေသလား... (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ဒီမိုဝေယံဘလော့ဂ်ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်ရဲ့ ဝက်ခြံ (Pimple) ကြောင့် စိတ်ညစ်နေကြတဲ့ ပျိုပျိုမေများအတွက် ဝက်ခြံပျောက်ကင်းနည်း ကျန်းမာရေး ကဏ္ဍကို ဖော်ပြလိုက်ရပါတယ်..။
သင်ဝက်ခြံကြောင့် စိတ်ညစ်နေသလား...
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ဝက်ခြံပေါက်စေနိုင်သော အကြောင်းရင်းနှင့် ကုသနည်းတွေကို အင်တာနက်ပေါ်မှာ ဝင်ကြည့်လိုက်လျှင် အယူအဆပေါင်း များစွာတွေ့ ပါမည်။ အလွန်များပါသည်။ အဲဒီအကြောင်းရင်းတွေထဲမှာ အများစုက မျက်နှပေါ်က မွှေးညှင်းပေါက်လေးတွေ ပိတ်လို့  ဆိုတာက ခပ်များများ။ တချို့ အယူအဆတွေက မွှေးညင်းပေါက်မှာ အဆီပိတ်လို့။ တချို့ ကတော့ အရေပြားကိုညစ်ပတ်လို့  ဆိုတာတွေကလဲ အများစု ။
အရေပြားညစ်ပတ်လို့သာဆို ရင် ဖုန်တွေရှင်းနေရသူတွေ စည်ပင်အလုပ်သမားတွေ ဆင်းရဲသားတွေမှာ ပိုပေါက်ကြရမှာပေါ့။ အရေပြားအကောင်းတောင်ကျန်ဖို့  မရှိတော့။ အဆီတွေပိတ်လို့ ဆိုရင်လဲ အဆီတွေနဲ့ လုပ်ကိုင်နေရသူတွေ ဘယ်လိုရှိပါ့မလဲ။ မြန်မာမှန်ရင် ဖုန်တွေက ဘယ်ကင်းနိုင်ပါ့မလဲ။
ကျနော်ကတော့ အဲဒီအယူအဆတွေထက် ယခုခေတ် အစားအသောက်တွေ သဘာဝမဟုတ်သော အရသာအတုတွေကြောင့်ဟု ယူဆပါသည်။ ဓါတုအရသာတွေ စားသုံးသူတွေပို အဖြစ်များပါသည်။ ဓါတုအရသာတွေ စားတော့ ပထမဦးဆုံး ထိခိုက်ရတာက ဦးဏှောက်က Hypothalamus ကိုထိခိုက်ပါတယ်။ အဲဒီကတဆင့် Pituitary ကိုထိခို်က်ြပီး ဟော်မုန်းထုတ်လုပ်တာတွေ လွှဲချော်သွားလို့  ဝက်ခြံတွေပေါက် မိန်းခလေးတွေတချို့ မှာ ဓမ္မတာမမှန်တာတွေ ဖြစ်ပါတော့တယ်။ တချို့ဆို ကိုယ်လုံး ကိုယ်ထည်တွေပါ ပုံပျက်ကုန်ပါတော့တယ် ။
၂ဝဝ၄- ခုနစ်က သားဖြစ်သူက သူ့ မိတ်ဆွေ မင်းသမီးတစ်ယောက် ကိုခေါ်လာပါတယ်။ မင်းသမီးလေးမှာ ဝက်ခြံတွေ ရုတ်တရက် အများကြီး အကြီးကြီးတွေ ပေါက်လာပါတယ်။ သိလိုက်ပါပြီ။ ခေါက်ဆွဲထုပ်တွေ အစားများလို့ ဆိုတာ။ ဓမ္မတာကိုမေးရန် က မင်းသမီးလေးက ၂ဝ- ကျော်လေး အားနာလို့  .....အန်ကယ်အိမ်သာတက်ချင်လို့  ပြောပီးဇနီးကိုလက်ယပ်ခေါ် ပြီး မင်းသမီးလေးရဲ့  ဓမ္မတာမေးထားဖို့ ပြောပြီး ရှောင်နေလို်က်တယ် ။
ပြန်ဝင်လာတော့ မင်းသမီးလေးက သူ့ ဓမ္မတာမမှန်တာကို အားတက်သရော ပြောပါလေရော။ စုံအောင်မေးပြီး မှ နေပါဦး အန်ကယ်က မေးရမှာအားနာလို့  အိမ်သာလို့ လိမ်ပြောရှောင်သွားတာ သမိးက ??? ဒီတော့သူက သမီး ဓမ္မတာမမှန်တာက ၃ ..၄ -လလောက်ရှိနေပြီ။ ဝက်ခြံတွေက နောက်မှ ဖြစ်လာတော့ ဒါကဆက်နွှယ်နေတယ်ဆိုတာ သိနေတယ်။ သမီးအန်ကယ်ဆီ မလာခင်က အရေပြားအထူးကု နှစ်ဦးနဲ့ ပြနေတာ သူတို့က ဓမ္မတာနဲ့ မဆိုင်ဘူး ပျောက်မှာပါပြောပြီး ပိုပိုဆိုးလာတာ။ သမီးမှာ ကားကြိးစာချုပ်က ၂ -ခု ဗွီဒီယိုတွေကလဲရှိသေးတယ်။
အခု အန်ကယ်က ဓမ္မတာကိုဘဲ ထိပ်ဆုံးက ထားမေးတော့ သမီးယူဆတာနဲ့ တိုက်ဆိုင်ပြီ အန်ကယ်ကုသချက်ကို အားကိုးရပြီဆိုပြီး ဝမ်းသာသွားတယ်။ သူ့ကိုဝက်ခြံက အစားတွေ ကြောင့်ဆိုတာ ရှင်းပြ။ သူကလဲ ရုပ်ရှင်ရိုက်တော့ အချိန်လုရိုက်ရတော့ လွယ်လွယ် ခေါက်ဆွဲထုပ်တွေ အစားများမိတယ်။ ဝက်ခြံက သေသေချာချာ ပြန်ကြည့်ပါ။ တရုတ်တွေ ထိုင်းတွေမှာ အဖြစ်များတယ်။ သူတို့ က ခေါက်ဆွဲထုပ်ဆိုရင် သူတို့ နိုင်ငံလမ်းတွေမှာ ကဒ်ဘူးဖါတွေ များတာနဲ့ ခန့်မှန်းကြည့်ပါ ။
မင်းသမီးကလဲ ပျောက်ဖို့ က အရမ်းအရေးကြီးနေတော့ ကျနော့်ဆေးနည်း အကုန်လုပ်တော့တာဘဲ။ နစ်ပတ်နေတော့ ဝက်ခြံတွေ ငြိမ်သွားပြီး နှစ်လနေတော့ အရှင်း ပျောက်သွားတော့တယ်။ ကျနော်က အပြင်စာ ဘာမှမစားတတ်တော့ သူ့မွေးနေ့ မှာ သာကေတ ဝိသာခါ သီလရှင်မိဘမဲ့ကျောင်းက ကလေးတွေကို ဟမ်ဘာဂါ (ဆိုင်ခုံပါ သယ်သွားပြီး) ကလေးတွေကို ကိုယ်တိုင် Take away ပုံစံနဲ့  အားရပါးရအဝ ကျွေးပေးပါတယ်။ ဒီကလေးတွေ ရာချီပြီး ကျွေးရတာ အန်ကယ် ကို တနှစ်စာကျွေးနေတယ်သာ အောက်မေ့လို့ ပြောပြလိုက်ပါတယ်။ မင်းသမီးလေလးပျောက်သွားတော့ လာကြပါပြီ။ တစ်ဦးက အခု အောင်မြင်နေတဲ့ အဆိုတော် ကနေ မင်းသမိးလိုင်းကူးလာတဲ့  မချော။ သူက ဝက်ခြံ နည်းနည်းလေး စပေါက်ခါစ တခါထဲပျောက်ပေါ့။
ခေါက်ဆွဲထုပ်မှာ အချိုမှုန့် အပြင် ကြက်သားအရာသာ အတုတွေ ပါတော့ အရသာဆိုတာကို ဦးဏှောက်က ခွဲခြားဖေါ်ထုတ်ရတာပါ။ ဘယ်လိုအရာဆိုတိာု ပုံဖေါ်ပေးရတာဆိုတော့ ဓါတုအရသာကို ပုံဖေါ်ပေးရဖန်များတော့ ဦးဏှောက်ကို ထိခိုက်လာတော့တာပါဘဲ။ ဒါလူပြိန်း နားလည်အောင်ပြောပြတာပါ။ ဦးဏှောက်က လူတိုင်းတော့မထိပါဘူး။ Sensitive (သွေးသားဆတ်တဲ့သူ) ဖြစ်တဲ့သူကြတော့ ထိတော့တာပေါ့။
တခါကလဲ နိုင်ငံခြားမှာ ရပ်ကွက်က ကုန်တိုက်ကြီးအဝင် ငါးရောင်းတဲ့ဆိုင်မှာ လူငယ်တစ်ယောက် တစတစ မျက်နှာမှာ ဝက်ခြံတွေ များလာလို်က်တာ။ တရက် မင်းစားတဲ့ ခေါက်ဆွဲထုပ် ငါ့ပြလို့ ရမလား ပြောလိုက်တယ်။ သူက အံသြပြီး ကျနော်ခေါက်ဆွဲထုပ်ကြိုက်တာ ခင်ဗျားဘယ်လိုလုပ်သိတာလဲ မေးလာတယ်။ မင်းဘဲပြောလို့ သိတာပေါ့။ ဒီကောင်ကြောင်နေတယ်။ ပြီးကျနော်တခါမှ ကျနော်ခေါက်ဆွဲထုပ်ကြိုက်တာ ခင်ဗျားကို တစ်ခါမှ မပြောဘူးပါဘူးပေါ့ အေးမင်းမျက်နာကပြောနေတာ လို့ ပြောတော့။ ဘာကိုပြောတာလဲပေါ့။
ဒီတော့မှ မင်းဝက်ခြံတွေ အများကြီးထွက်တာ ခေါက်ဆွဲထုပ်တွေ ခနခနစားလို့ ဆိုတာ ငါအတတ်သိလို့  ဆိုပြီး ပြောပြလိုက်တယ်။ ဟာကျနော်ခုရက်ပိုင်းအသားတွေ ရှောင်တယ်ဆိုပြီး ခေါက်ဆွဲတွေကို ပိုတောင်စားဖြစ်နေမိသေးတယ်တဲ့။ သူ့ ကိုရှင်းပြလိုက်သည် ။ ဆေးညွှန်းလို့ ကတော့ အဲဒီနိုင်ငံတွေမှာ လုပ်ခွင့်မရှိတော့ ခေါက်ဆွဲထုတ် ရှောင်တာနဲ့ တင် အများကြီး သက်သာသွားပါတော့သည် ။
ကုသချက်။
အရေပြားအထူးကုဆရာဝန်တွေကတော့ ရောဂါပြင်းရင် ပဋိဇီဝ Antibiotic တွေ အချိန်အကြာကြီး ကြွေးတတ်ပါသည်။ ပိုးတွေကိုသတ်တာပါ။ ကျနော်ကတော့ ပိုးတွေကို သတ်တာထက် ဝက်ခြံဖြစ်စေမည့် အကြောင်းရင်းတွေ သိထားမယ် ရှောင်မယ်ဆိုရင် ပိုးဆိုတဲ့ပြသနာ ရှိမလာတော့ဘူး။ နောက်တစ်ချက်က ပဋိဇီဝတွေ အကြားကြီးစားရတော့ လူတွေရဲ့ အူထဲက သဘာဝ ရှိနေ လိုအပ်တဲ့ ဘက်တီးရီးယားတွေကို လဲ သေစေပါတယ်။ သေရင် ဝမ်းချုပ်လာမယ်။ ဝမ်းမာလာမယ် ။
ဒီတော့ ကျနော်နည်းက ဟော်မုန်းတွေ ပြန်တည့်မတ်ပေးမယ်။ ဦးဏှောက်ကို ထိခိုက်စေတဲ့  အစားတွေကိုရှောင်။
(၁) ဦးဏှောက်ကိုထိခိုက်စေမဲ့ ဓါတုအစားတွေကိုရှောင် ။
(၂) ထိခိုက်ထားတာ ပြင်းထန်နေလျှင် ဦးဏှောက်ထဲက အဲဒီဓါတုအဆိုးတွေကို ဖယ်ထုတ် . ဓါတုအဆိုးတွေကြောင့် ဦးဏှောက်ထဲက ယောင်ရမ်းနေတာတွေ လျှော့သွားအောင် ဆီးဆေး နဲနဲသောက်။
(၃ ) ဟော်မုန်းဓါတ်ကိုပြန်ဖြည့်ပေး ။
(၄) မျက်နာကို ဝက်ခြံကို လက်နဲ့ မထိမိအောင် မဖဲ့မိအောင် ပလာစတာ သေးသေးလေးတွေကပ်ပေး ။
(၅) အိပ်ရေးဝအောင်အိပ်။ ဝမ်းမချုပ်အောင်နေ။ ဒါလောက်ပါဘဲ ။
အထက်ပါ အချက်တွေ ပြန်ရှင်းပြပါမယ်..
(၁) ကတော့သဘာဝ အစားအစာတွေကိုဘဲစားပါ။ အရသာအတုကို လုံးဝရှောင်ဖို့ လိုသလို ရယ်ဒီမိတ် အစားအစာတွေထဲမှာ တာရှည်အထားခံအောင် ဓါတုဆေးတွေပါ ထားတာမို့  အဲဒါတွေပါရှောင်ဖို့ လိုပါတယ် ။
(၂) ဝက်ြံခံက သိပ်ပြင်းထန်နေတယ်။ အထက်က မင်းသမီးလေးလို အရေးတကြီးပျောက်ဖို့ လိုနေလျှင် (ဥပမာ မင်္ဂလာဆောင် ဘာညာရှိနေလျှင်) ဆီးဆေး နဲနဲသောက်ပေးလျှင် ဦးဏှောက်ထဲက အရည်ပိုတွေ မြန်မြန်ထုတ်နိုင်လေ ဝက်ခြံမြန်မြန်ပျောက်လေးပါ။ အထူးသဖြင့် ဦးဏှောက်ထဲက အရည်ကို အထူးစုပ်ထုတ်တဲ့ ဆီးဆေး Diamox (acetazolamide) ကို တခါသောက် တဝက်လောက်သောက်ပေး (တရက်ခြား) နောက်က တနေ့ကို ရေ (၂ ..၃) ပုလင်းသောက်ပေးရပါမည်။ ဆီးအသွားများလျှင် နုံးတတ်သည့်အတွက် အုန်းရည် (သို့ ) ဓါတ်ဆားထုပ်သောက်ပေးရန်လိုပါသည် ။
(၃) ဟော်မုန်းဓါတ်ဖြည့်ဆည်းခြင်း
ဟော်မုန်းဓါတ်က ဓမ္မတာနဲ့ ဆက်နွှယ်ထားတာက ပြောနေတာက မိန်းမဟော်မုန်း နည်းသွားလို့။ ဒီတော့မိန်းမဟော်မုန်း (သဘာဝ) ကိုစားပေးတာပါဘဲ။ (ဂျပန်မှာဆို မိဆိုပေါ့) မိန်းမဟော်မုန်း အီစတိုဂျင် (Estrogen) ကို ပဲပိစပ် Soy Bean မှ ရနိုင်ပါတယ်။ ပဲပိစပ်မှာ မဟော်မုန်း သဘာဝကုန်ကြမ်းဖြစ်တဲ့ Phytoestrogens ပါရှိပါတယ်။
ပဲပိစပ်ကို ရေ - ၈- နာရီစိမ်ပါ။ ပြီးသန့်အောင်ဆေးပြီး ရေအနည်းငယ်ဖြင့် သစ်သီးဖျော်စက် နဲ့ ချေပါ။ အရည်ကို ပိတ်ပါးအဝတ်ဖြင့် စစ်ယူင်္ပြီး ရေခဲခန်းတွင် အတုံးသေးသေးလေးများ ဖြစ်အောင် ခဲထားပါ။ ပြီးတနေ့  နဲနဲချင်းစားပေးပါ။ အစိမ်းစားနိုင်လေ ဟော်မုန်းဓါတ်များများရလေပါ။ ရယ်ဒီမိတ်ပဲပိစပ် ဗူးတွေကတော့ ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာ ပြောရပါမယ်။
ဆီးဆေးလဲသောက်မယ်။ ပဲပိစပ်လဲသောက်မယ်ဆိုရင် ဝက်ခြံဟာ တလအတွင်း အကင်းသေသွားပါမည်။ နှစ်လဆို အရှင်းပျောက်ပါပြီ ။
(၄) ပလာစတာကတော့ လက်သန်းက လက်သဲခွံ အရွယ်လေးတွေ ကိုက် ဝက်ခြံအပေါ်ကပ်ထားပေးတော့ သတိလက်လွတ် ကုပ်ဖဲ့မိတတ်တာကို ကာကွယ်ပေးတာပါ။ ကုပ်ဖဲ့မိလျင် ဘေးဖက်တွေကို အရည်တွေ (exudate) ပြန့်နှံ့စေတော့ ဝက်ခြံပွားအောင်လုပ်ပေးမိနေတာကို ကာကွယ်တာပါ။ ဒီအပြင် ဝက်ခြံပေါက်ခဲ့ရင် ဆက်ကပ်ထားပါက အညစ်အကြေးတွေနဲ့ မထိတော့ အနာရွတ်အမည်းကြိးတွေ မပေါ်နိုင်တော့ပါဘူး။
(၅) အိပ်ရေးဝအောင် စွန်ပလွန်သီးစား။ ဝမ်းမချုပ်အောင် အထားခံ ဓါတုဆေးတွေပါတဲ့ အစားအသောက်တွေကို ရှောင်ပါ။ အထားခံဓါတုဆေးတွေ Preservatives တွေက အူသိမ် အူမကြိးတွေထဲရှိ သဘာဝပိုးမွှားတွေကို (Normal Intestinal bacterial flora) သေကြေစေတဲ့အတွက် ဝမ်းချုပ်ရတာပါ။
အနောက်နိုင်ငံကြီးတွေမှာ အူမကြီးကင်ဆာ တစ်ခြားကင်ဆာတွေ အဖြစ်များရတာက အဲဒီဓါတုတွေကြောင့်ဆိုတာ ကျနော့်သုံးသပ်ချက်တွေ ရေးပေးပါဦးမယ်။ အခုအမေရိကန်မှာ ရယ်ဒီမိတ်အစာတွေကြောင့် ကလေးငယ် (လေးသန်း) ကို ADHD (Attention Deficit Hyperactive Disorder) Syndrome လို့ သတ်မှတ်ပြီး ဦးဏှော်ကထိန်းချုပ်တဲ့ ဆေးတွေ (အလွယ်ပြောရရင် အရူးဆေး) တွေကျွေးနေကြရပါတယ်။ အဲဒီလောက် အရေးကြီးလို့ ပြောနေရတာပါ။ မကြာခင် ကျော်ကြားတဲ့ မိသားစုတခုရဲ သားသမီးလေး အဲဒီရောဂါ ကြောင့် လူတွေ အထူးစိတ်ဝင်စားတာ ကြားလာနိုင်တယ်လို့  ခန့် မှန်းထားပါတယ်။
ဝမ်းချုပ်လျင် လက်လုပ်ချဉ်လုပ်စားပါ။ Lactobacillus တွေ ပြန်ရှင်သန်လာပါမယ်။
ကျန်တာကတော့ ကိုယ်လက်လှုပ်ရှား ကစားပါ။
အချုပ်အနေနင့် ဝက်ခြံဘယ်လိုကြောင့် ပေါက်ရတယ်ဆိုတာ မိမကိုယ်တိုင် သတိထားကြည့်ကြပါ။ ရှောင်သင့်တာရှောင်ပါ။ အစားအသောက်နင့် ဆက်နွှယ်နေမှုကို သတိထားပါ။
အားလုံး အင်မတန် ခေါင်းခဲရတဲ့  ပျောက်ရန်တော်တော်လေး ခက်ခဲတတ်တဲ့ ဝက်ခြံ မျက်နာအလှကို ဆိုးဆိုးဝါးဝါးပျက်သည်အထိ ဒုက္ခပေးတတ်သည့် ဝက်ခြံတွေ ကင်းဝေးကြပါစေ။ ပျောက်ကင်းကြပါစေ။
အားလုံးကို လေးစားလျှက်
ဒေါက်တာလှိုင်မြင့်
ဒေါက်တာလှိုင်မြင့်
ဒီမိုဝေယံသို့ ပေးပို့ထားတဲ့ ဆရာဒေါက်တာလှိုင်မြင့်ရဲ့ ဆေးပညာ၊ နိုင်ငံရေး၊ သား၊ သမီးငယ်များ ထိန်းသိမ်းပြုစု စောင့်ရှောက်ရေး အစရှိသည့် ဆောင်းပါးကောင်းများအား အများသိစေရန် အလျဉ်းသင့်သလို ဆက်လက်ဖော်ပြပေးပါမယ်..။
ဒီမိုဝေယံဘလော့ဂ်မှာ ဖော်ပြပါရှိတဲ့ ယခင် ဒေါက်တာလှိုင်မြင့်ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ အထွေထွေ ဆောင်းပါး (၆၄ပုဒ်) အားပြန်လည် ဖတ်လိုလျှင် Click မှာ Older Post များအား Click လုပ်ပြီး ပြန်လည် ဖတ်ရှုနိုင်ပါသည်..။