ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နယုန်လပြည့်နေ့က သီတဂူဗုဒ္ဒတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားအကျဉ်းချုပ်

နယုန်လပြည့်နေ့ မှာ သီတဂူဗုဒ္ဒတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားအကျဉ်းချုပ်


ဒီနေ့ နယုန်လပြည့်နေ့ မှာ သီတဂူဗုဒ္ဒတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားအကျဉ်းချုပ်

ဒဂုံမြို့သစ်မြောက်ပိုင် ဘေလီတံတားအဆင်းမှာ တည်ရှိတဲ့ သီတဂူဗုဒ္ဒတက္ကသိုလ်မှာ ဆရာတော်ဘုရားကြီးက မဟာသမယ သုတ် တရားတော်ကို ည၇း၀၀နာရီမှ စတင်ပြီး ၉း၀၀ အထိ ၂နာရီကြာမြင့်အောင် ဟောကြားတော်မူခဲ့ပါတယ်

ဆရာတော်ဘုရားကြီးက ပါဠိ တွေနဲ့ ဟောကြားပြီး အနက် အဓိပ္ပါယ်ပြန်ဆိုဟောကြားတော်
မူခဲ့တာပ

အနှစ်ချုပ်ကို တင်ပြရမယ်ဆိုရင်

အုံးသျှစ်ပင်အောက်မှာ အစာစားနေတဲ့ ယုန်လးတစ်ကောင်က အစာစားနေရင်း သူတွေးနေတာက ကမ္ကာကြီးသာပြိုကျခဲ့ရင် သတ္တဝါတွေ ဒုတ္ခရောက်ကုန်တော့မယ် ဆိုတဲ့ အတွေးတွေးနေတုံး ယုတ်တရက် သူ့ဘေးကို အုံးသျှစ်သီး ကြွေကျလာတာကို သူမသိလိုက်ပဲ အုံးကနဲဆိုတဲ့ အသံကြီးကြားလိုက်တော့ ကမ္ဘာကြီးပျက်ပြီအထင်နှင့် မြေပြိုပြီ မြေပြိုပြီလို့ အော်ပြီးထွက်ပြေးတယ် သူ့နားမှာရှိတဲ့ ယုန်တွေလဲ လန့်ပြီး အော်ပြေးကြတယ် ယုန်တွေ အော်ပြီးပြေးနေတော့ ဆိတ်အုပ် လဲပြေးကြတယ် နွားအုပ်ကမြင်တော့ မေးတယ် ဘာဖြစ်လို့လဲဆိုတော့ ဆိပ်အုပ်ပြန်ဖြေတယ် မြေပြိုနေပြီ အမြန်ပြေးမှ လွတ်မယ်ဆိုတော့ နွားအုပ်လဲ ပြေးကြတာပေါ့ တခါ ဆင်အုပ်လဲ ဒီအတိုင်းပဲ ပြေးကြနဲ့ မြစ်ကမ်းနှဖူးနားရောက်လာကြ
ပီ။
 
အဲဒီမှာ လှိုင်းတွေ ထလေတော့ ဆက်မပြေးနိုင်တော့ဘူး နောက်ကိုလဲ ပြန်မလှည့်ချင်တော့ဘူး ဘယ်ကိုသွားရမှန်း မသိတဲ့ကာလမှာ တောင်ကုန်းပေါ်မှာရှိနေတဲ့ ဘုရားလောင်း ခြင်္သေမင်းက အသံကျယ်ကြီးနဲ့ ဟိန်းလိုက်ပါလေရော အဲဒီမှာ ပြေလာကျတဲ့ တိရိစ္ဆာန်အုပ်တွေကပိုပြီး ကြောက်လန့် ကုန်ကြတယ်
ခြင်္သေ့မင်းကဆင်းလာပြီး ဘာဖြစ်ကြတာလဲ ဆင်တွေကို မေးတယ် မြေပြိုလို့ ထွက်ပြေးလာတာပါတဲ့ မင်းမြင်လား ဘယ်မှာပြိုတာလဲ ဆိုတော့ နွားတွေ ပြောတာတဲ့ အဲဒီတော့ နွားတွေကို မေးတယ် မိသိဘူး ဆိပ်တွေ ပြောလို့ပါတဲ့ ဆိတ်တွေကို မေးတော့လဲ မမြင်ပါဘူး ယုန်တွေ ပြောတာတဲ့ အဲဒါနဲ့ ဘုရားအလောင်း ခြင်္သေ့မင်းကလည်း ယုန်တွေကို မေးတယ် ဘယ်မှာဖြစ်တာလဲ မင်းတို့မြင်းလားမေးတော့ ယုန်အုပ်အထဲက ယုန်တစ်ကောင်က ပြန်ဖြေတယ် အုံးသျှစ်ပင်အောက်မှာပါတဲ့ ကဲအဲဒါဆိုရင် ငါ့ကို လိုက်ပြပါလို့ ပြောတော့ လိုက်မပြရဲပါဘူး မြေပြိုနေတာကို ကျွန်ုပ်ကိုယ်တိုင် ကြားခဲ့ရတာပါတဲ့ အဲဒါနဲ့ ဘုရားလောင်းက မကြောက်ပါနဲ့ကွာ မင်းငါ့ရဲ့ကျောကုန်းပေါ်ကလို
က် ဖြစ်ရင်ငါပဲဖြစ်မယ်။
 မင်းဘာမှမဖြစ်စေရဘူး ဆိုပြီး လိုက်ပြခိုင်းတယ် နေရာကိုရောက်တော့ မေးတယ် ဘယ်မှာ ပြိုတာလဲမေးတော့ အဲဒီအုံးသျှစ်ပင်အောက်မှာတဲ့ ဘုရားအလောင်း လိုက်ကြည့်တော့ ဘာမှထူးခြားမှုမတွေ့ဘူး အဲဒါနဲ့ ပြန်မေးတယ် အဲဒီအချိန်မှာ မင်းကဘယ်မှာရှိနေသလဲ မေးတော့ ကျွနိုပ် အုံးသျှစ်ပင်အောက်က ထန်းပင်လေးရဲ့ ထန်းလက်အောက်မှာ အစာစားနေရင်း တွေးနေတာက ကမ္ဘာကြီးသာ ပြိုသွားခဲ့ရင် ဒုတ္ခတွေရောက်ကုန်တော့မယ်ဆိုတဲ့ အတွေးကို တွေးနေရင်း ဝုန်းကနဲဆိုတဲ့ အသံကြီးကြားလိုက်တော့ လန့်ပြီး အော်ပြေးခဲ့တာပါတဲ့ ဘုရားလောင်းလဲ ထန်းပင်ငယ်ရဲ့ ထန်းရွက်ဘေးကို ကြည့်လိုက်တော့ အုံးသျှစ်သီးတစ်လုံးကြွေကျနေတာကို သိလိုက်ရတယ်တဲ့

ဆရာတော်ကြီး က ပထဝီတုန်ဒိယ ဇာတ်တော်ကို ဟောကြားပြီး ဒီနေ့ခေတ်လူတွေလဲ ဒီလိုပါပဲ ကိုယ်ကိုတိုင် မ မြင်ရမတွေ့ရပါပဲနှင့် ကောလဟာလတွေကြောင့် သေကျေပျက်စီးရတဲ့ကိန်းတွေဆိ
ုက်နေရတယ် ဆိုတာကို တရားအသားပေးပြီး ဟောကြားခဲ့ပါတယ်

ဆရာတော်ကြီး ဒီနေ့ ဟောကြားခဲ့တာ ဇာတ်တော် ၅ ခုနဲ့ သုသာန် တစ်ခုဟောကြားခဲ့ပါတယ်

အခြားဇာတ်တော်တွေနဲ့ သုသာန်ကိုတော့ အကျယ် မပြောတော့ပါဘူး

ဘီလုံးငှက်နှင့် စွန် တို့ပါဝင်တဲ့ ဇာတ်တော်မှာတော့ အင်အားငယ်တဲ့ ဘီလုံးငှက်အင်အားကြီးတဲ့ စွန်ကို စိတ်ဆိုးအောင် ဆွပေးရင်း စွန်က ဒေါ်သတွေထွက်ကာ အသက်ဆုံးရှုံးခဲ့ရပုံကို ဟောကြားပါတယ် အင်အားငယ်သူကို အထင်မသေးဖို့ အင်အားငယ်ပေမယ့်လဲ ဥာဏ်ပညာကြီးမားရင် အင်အားကြီးသူကို အနိုင်ရပုံကို ဟောကြားပါတယ် စွန်ကဲ့သို့ ငါကအင်အားကြီးသူ ဒီကောင်ကို ဂရုမစိုက်ဘူးဆိုပြီး ဒေါ်သတွေကို ရှေ့မှာထားပြီး မစဉ်းစားမဆင်ခြင်ခဲ့လို့ အသက်ပါသွားပုံနဲ့ TIME မှာရေးထားတာကိုလဲ ဒေါသနဲ့ မတုံ့ပြန်ဖို့ ဟောကြားပါတယ်

နောက်တပုဒ်ကတော့

သစ်ပင်တပင်အောက်မှာ အိပ်နေတဲ့ ဝက်ဝံ အပေါ်ကို သစ်ကိုင်းခြောက်တစ်ခု ပြုတ်ကျခဲ့သည့်အတွက် ဝက်ဝံက ဒေါ်သအလွန်ထွက်ပြီး စိတ်ဆိုးလွန်းလို့ တွေးလိုက်တာက ငါဒီအပင်အောက်မှာ အိပ်နေတာကို ဒီအပင်မှာရှိနေတဲ့ ရုတ္ခစိုးက မနာလိုလို့ ငါ့ကို ဒီလိုလုပ်တယ်ဆိုပြီး အပင်ကိုလှဲတယ်သူ့အားနဲ့မရတေ
ာ့ သစ်ခုတ်သမားတွေခေါ်ပြီး လှဲခိုင်းတယ် သစ်ခုတ်သမားတွေကလဲ လှည်းလုပ်ဖို့ သစ်ခုတ်ဖို့ လာတာ ဆိုတော့ အပင်ကိုလှဲ လိုက်တယ် အဲဒီတော့ ဝက်ဝံလဲအိပ်စရာမရှိတော့ ရုတ္ခစိုးလဲနေစရာ နေရာမရှိတဲ့ အဖြစ် ဆိုက်ရော ဝက်ဝံကလည်းခြုံပုတ်ထဲဝင်အိပ်နေခိုက် ရုတ္ခစိုးက ပြန်ပြီး ကလဲ့စားချေဖို့ ကြံနေရင်း သစ်ခုတ်သမားတွေက သစ်တွေသယ်ဖို့ အလာမှာ မေးလိုက်တယ် ဒီသစ်တွေကို ဘာလုပ်မလဲ မေးတော့ လှည်းလုပ်ဖို့ ခုတ်တာပါပေါ့ အဲဒီတော့ ရုတ္ခစိုးကပြန်ပြောတယ် လှည်းလုပ်မယ်ဆိုရင် သစ်တော့ရသွားပြီ အခင်းတွေ ဘေးကာတွေအတွက် သားရေနဲ့ လုပ်ရင်ကောင်းမယ် လို့ ပြောတော့ သစ်ခုတ်သမားတွေကလည်း ဒါဆိုရင် ဘာသရေနဲ့ လုပ်ရင်ကောင်းမလဲ ဆိုတော့ ဝက်ဝံသရေက အကောင်းဆုံး ဆိုပြီး ဝက်ဝံအိပ်နေတဲ့ ခြုံပုတ်ထဲကို လှမ်းပြလိုက်တော့ သစ်ခုတ်သမားတွေက ဝက်ဝံကို သတ် အရည်ခွံစုတ်ပြီး ပြန်သွားကြတယ်တဲ့

ဆရာတော်ကြီးဆက်လက်ဟောကြားတာ
က အရိပ်နေအခက်ချိုးသည့် လုပ်ရပ်တွေကို မလုပ်ကြပါနှင့် ကိုယ်မှီခိုရတဲ့ နေရာကို မစော်ကားပါနှင့် ဝက်ဝံသည် ဧည့်သည်ဖြစ်သည် သစ်ပင်သည် သူ့နေရာမှာ သူပေါက်ရောက်နေတာ
ဖြစ်သည် အပင်အောက်မှာလဲလာအိပ်သေးတယ်
အပင်ကို ပြန်ပြီး ပြသနာရှာတော့ အပင်လဲသေ ဝက်ဝံလဲသေရသည့် ကိန်းဆိုက်သွားပြီးနောက်ဆုံးမှာ သစ်ခုတ်သမားပဲ အမြတ်ထွက်သွားပုံကို ဥပမာအနေနဲ့ ယူပြီး နေတတ် ထိုင်တတ်ကြဖို့ မိန့်ကြားပါတယ်

နောက်တစ်ပုဒ်က အတ္တဒန္တ
သုတ္တန်ပါ

ကိုယ့်ကို ကိုယ် ပြန်လည်စမ်းစစ်ဖို့ ဖြစ်ပါတယ် ကိုယ်ကျင့်တဲ့တရားက ကိုယ်ထံပြန်လာပါတယ်တဲ့ ကိုယ်ပဲခံစားရမှာပါတဲ့ ကိုယ့်အမှုကြောင့် ကိုယ့်မှာဘေးဖြစ်လာရင် ကိုယ်သာခံစားရမည် သည့်အတွက်ကြောင့် တရားတည်းဟူသော တောင်ဝှေးကို ကိုင်စွဲကြရမည်လို့ ဟောကြားပါတယ်

နောက်တစ်ပုဒ်က
အင်အားနည်းတဲ့ သူတွေကို အထင်မသေးဖို့ နွားထွန်တုံးတွေရဲ့ အောက်မှာ နေထိုင်တတ်တဲ့ ဘီလုံးငှက်နဲ့ အင်အားကြီးတဲ့ ဆင်အကြောင်းဟောကြားပါတယ်

ဘီလုံးငှက်မက ဆင်ကြီးလမ်းရှောက်လာတော့ လက်အုပ်ချီပြီး ဆင်ကြီးထံ အသနားခံတယ် ဆင်ကြီးအနေနဲ့ လမ်းသွားရင် အဲဒီနေရာလေးတွေကို ရှောင်ပြီး သွားပေးပါ အဲဒီမှာ ကျွန်မရဲ့ကလေးတွေရှိနေလို့ပ
ါဆိုတော့ ဆင်ကြီးက ပြန်ပြောတယ် ငါ့လမ်းငါရှောက်တာ ဘာဖြစ်လဲဆိုပြီး သွားတော့ ဘီလုံးငှက်ကလေးတွေ သေကြေကြတယ် အဲဒီအခါမှာ ဘီလုံးငှက်မက ဆင်ကြီးကို ကလဲ့စားချေဖို့ ကျီးကန်းဆီကအကူအညီတောင်းတယ် ကျီးကန်းကလည်း ဘာအကူအညီပေးရမလဲပြောတော့ ဆင်ကြီးရဲ့ မျက်လုံးနှစ်ဖက်ကို သင့်ရဲ့နှုတ်သီးနဲ့ ထိုးဖောက်ပေးပါဆိုတော့ ကျီးကန်းလဲ ဆင်ကြီးရဲ့ မျက်လုံးတွေ ကိုထိုးဖေါက်ပစ်လိုက်တယ်။
 
 ဆင်ကြီးမျက်လုံးတွေကန်းသွားပြီပေါ့ အဲဒီအခါမှာ ဘီလုံးငှက်က ယင်ကောင်တွေကို အကူအညီထပ်တောင်းတယ် ယင်ကောင်တွေကလဲ ဘာကူညီရမလဲပေါ့ ဆင်ကြီးရဲ့ ကန်းသွားတဲ့ မျက်လုံးနေရာတွေကို အသင်တို့ ဝိုင်းကိုက်ပေးပါဆိုတော့ ဝိုင်းကိုက်ကြပါလေရော ဆင်ကြီး ဝလုံးသုံးပါးဖြစ်နေချိန်မှာ ဖားတွေကို အကူအညီထပ်တောင်းပြန်တယ် ဖားတွေကလဲထုံးစံအတိုင်း ဘာကူညီရမလဲပေါ့ အသင်တို့က တောင်ပေါ်တက်ပြီး အော်ပေးပါ ဆိုတော့ ဖားတွေလဲ တောင်ပေါ်ကို တက်ပြီး အော်ကြတာပေါ့ ဒီအခါမှာ ရေဆာလာတဲ့ မျက်ကန်း ဆင်ကြီးက ဖားအော်သံကြားရတဲ့ နေရာက ရေကန်ရှိတဲ့ နေရာပဲလို့ သတ်မှတ်ပြီး သွားတော့တာပေါ့
တောင်ပေါ်ကို ရောက်သွားတော့ ဘီလုံးငှက်က ဖားတွေကိုထပ်ပြောတယ် အသင်တို့ တောင်အောက်ကို ဆင်းပါ အောက်ရောက်ရင် ထပ်အော်ပေးပါဆိုတော့ ဖားတွေလဲ တောင်အောက်ကိုဆင်း ပြီးတော့ ဆက်အော်တာပေါ့ ဆင်ကြီးလဲ ဖားတွေအော်တဲ့ နေရာ ကို ဆက်သွားတော့ တောင်ပေါ်ကပြုတ်ကျပြီး သေးပါလေရောတဲ့

ဒီဇာတ်တော်ကို ဟောကြားပြီး ဆက်လက်ဟောကြားတာက အကောင်းသေးတယ် အင်အားနည်းတယ်ဆိုပြီး အထင်မသေးပါနဲ့ သူတို့မှာ ကူညီမဲ့သူတွေရှိနေတယ်တဲ့

ကဲဒီလောက်ဆိုရင် ဒီနေ့ည သီတဂူဆရာတော်ဘုရားကြီး ဘာကို ရည်ရွယ်ပြီး ဟောကြားခဲ့သလဲဆိုတာ အားလုံး သိဖို့ ရေးသားပြီး ဓမ္မဒါန ပြုလိုက်ခြင်းဖြစ်ပါတယ်

ဆရာတော်ဘုရားကြီးက ပါဠိနဲ့ ဟောပြီး အနက်အဓိပ္ပါယ် ပြန်ဆိုကာ ဥပမာလေးတွေကို ပညာရှိပီပီ ဟောကြားသွားခြင်းဖြစ်ပါတယ်

ကုလားဆိုတာမပါပါဘူး အစ္စလာမ်ဆိုတာမပါပါဘူး
ဘုရားဟော သုသာန်နဲ့ ဇာတ်တော်တွေကို ဟောကြားသွားခြင်းဖြစ်ပါတယ်

ုငြိမ်းချမ်းရေးနဲ့ အတူတကွပေါင်းသင်းနေထိုင်ရေး
ကို အသားပေးဟောကြားခဲ့ပြီး
စည်းလုံးမှုရှိဖို့ အင်အားနည်းသူကို အထင်မသေးဖို့ ကျေးဇူးတရားသိတတ်ဖို့ ကောလဟာလတွေကို ပုံကြီးမချဲ့ဖို့ လွယ်လွယ်မယုံကြဖို့ ကိုယ်ပြုတဲ့ကံ ကိုယ်ပဲခံရမယ်ဆိုတာ သိဖို့ အဓိက ဟောကြားတော်မူခဲ့ပါတယ်


အတူတကွ ပေါင်းသင်းနေထိုင်ရေနဲ့ပါတ်
သက်ပြီး ဇာတ်တော်တစ်ပုဒ်ကျန်ပါသေးတယ် အလျဉ်းသင့်ရင် ရေးသားပေးပါအုံးမယ်
မြတ်စွာဘုရားအမျိုးအနွယ်တွေ
ရန်ဖြစ်ကြတဲ့ ဇာတ်တော်ပါ အဲဒီမှာတော့ အမျိုးကို ချစ်ဖို့ စည်လုံးဖို့ နဲ့ ပုံကြီးချဲ့ကားတွေကို ဇောင်းပေးပြီး ဟောကြားထားပါတယ်

အားလုံးပဲ မြတ်ဗုဒ္ဓရဲ့ အရိပ်အာဝါသအောက်မှာ ဘေးရန်ကင်းရှင်းကြပါစေ ကိုယ်စိတ်နှလုံး
ရွှင်ပြုံးနိုင်ကြပါစေ လို့ဆုတောင်း ပေးလိုက်ပါတယ်။

သန်းထွန်း (TGKN)