ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အကြမ်းမဖက်အမျိုးသား လှုပ်ရှားသူများအဖွဲ့မှ ကျင်းပပြုလုပ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေပွဲ အခမ်းအနား..


ယနေ့ ၁၉ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ ဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ကို ၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများနဲ့  အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး အလုံNLD ရုံးမှာ သံဃာတော် အရှင်သူမြတ် ၅ပါးအား အာရုံဆွမ်းကပ် လှူဒါန်းခဲ့ပါတယ်။ ထို့နောက် နံနက် (၇း၀၀)နာရီမှာ အခမ်းအနားစတင်ပြီးနောက် ကျွေးမွေး ဧည့်ခံခဲ့ပါတယ်။ အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးအဖွဲ့မှ ဒေါ်မေ၀င်းမြင့်၊ ဒေါ်အေးမာနဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးမှ အမျိုးသမီးများ၊ ရန်ကုန်တိုင်း စည်းအဖွဲ့ဝင် ဦးလှသိန်း။ အဂါင်္ဝတ်ပြု ဆုတောင်းအဖွဲ့ဝင်များ၊ ရွှေပြည်သာ ပညာဒါနမှ ဆရာမကြီး ဒေါ်ငြိမ်းတင်နှင့်အဖွဲ့ ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှု၊ ကိုဖြိုးမင်းသိမ်း  ကိုကြည်ဖြု နှင့် ဒီမိုကရေစီအင်အားစုများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားသို့ ရန်ကုန်တိုင်း အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် စည်းအဖွဲ့ဝင် ဦးလှသိန်းမှ အမှာစကားပြောကြားခဲ့ပြီး ကဗျာဆရာ သူရိဇာန်၊ ရွှေပြည်သာ ဦးသိန်းအောင် တို့မှ ဒေါ်အောင်ဆန်းစုကြည် အတွက် ဂုဏ်ပြု ကဗျာများဖတ်ကြားပြီးနောက် ဒီအခမ်းအနားကို ကျင်းပတဲ့ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင်နှင့် ၂၀၀၇ စက်တင်ဘာ အကြမ်းမဖက်အမျိုးသားလှုပ်ရှားမှု ဦးဆောင်သူ ကိုလူမော်လတ်မှ ဒီမိုကရေစီ အင်အားစုများအား ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။

အားလုံးအပေါ်မေတ္တာဖြင့်

ကိုလူမော်လတ်