ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက် တွေ့ဆုံဂါရဝပြု.....

ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန်လ ၁၇ ရက်နေ့က တွေ့ဆုံ စကားပြောဆိုခဲ့ကြကြောင်း သိရသည်။ ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ၃၉ လမ်းထောင့်ရှိ ဆရာလူထုစိန်ဝင်း၏ နေအိမ်သို့ ဒေါ်အောင်ဆန်းစုကြည်က သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ယခုတွေ့ဆုံမှုသည် နှစ်ဦးစလုံး အတွက် ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပြီး ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းဒေါ်ခင်ကြည် ဈာပန၌ တွေ့ဆုံခဲ့ဖူးသော်လည်း စကားပြောဆိုခဲ့ဖူးခြင်း မရှိကြောင်း သိရသည်။

ယခု တွေ့ဆုံမှုတွင် ဆရာလူထုစိန်ဝင်း၏ ကျန်းမာရေး အခြေအနေများကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့ပြီး နိုင်ငံရေး ဖြစ်စဉ်များ နှင့် ပတ်သက်၍ အမြင်ဖလှယ် ဆွေးနွေးမှုများကို မွန်းလွဲ ၂ နာရီမှ ညနေ ၃ နာရီ ၁၀ မိနစ် အချိန်အထိ ပြုလုပ်ခဲ့ကြပါသည်။

သတင်းရင်းမြစ် http://www.facebook.com/ElevenMediaGroup 

ပကာသနမပါ၊ ဟိတ်ဟန်မပါတဲ့ တိုင်းပြည်အကျိုးကို အထူးလိုလားကြတဲ့ မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်တို့ရဲ့ တွေ့ဆုံပွဲ မြင်ကွင်းတွေပါပဲ...။ ဆရာကြီးလူထုစိန်ဝင်းရဲ့ ဝမ်းသာပိတိဟာ မျက်နှာပေါ်မှာ အထူးပေါ်လွင်နေပါတယ်..။ ရိုးရိုးလေးတွေ့ဆုံပွဲပါ.. နေရာဋ္ဌာနက အဓိကမဟုတ်ပဲ ရိုးသားပွင့်လင်းမှုက အဓိကဆိုတာ ဖော်ပြနေပါတယ်...။ ကျွန်တော်တို့ တိုင်းပြည်မှာ တချိန်တည်း တပြိုင်တည်းမှာ ကြယ်တွေ အမြန် လင်းလက်တောက်ပ စေချင်ပါပြီဗျာ...။ ကြယ်တွေ မြန်မြန်ဆုံနိုင်လေ ကျွန်တော်တို့ ပြည်သူတွေရဲ့  အနာဂတ် မျှော်လင့်ချက်တွေ ဘဝအာမခံချက်တွေဟာလည်း မြန်မြန်တောက်ပလေပါပဲ....။

ဒီမိုဝေယံ