ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရိုက်တာ သတင်းဋ္ဌာနရဲ့ ၁၉၆၀ခုနှစ်က ဆိုဗီယက်ယူနီယံ ခေါင်းဆောင် နိကီတာ ခရူးရှက် ရန်ကုန်မြို့သို့ တရက်ခွဲကြာ အလည်အပတ် ခရီးစဉ် ရုပ်သံမြင်ကွင်း....


၁၉၆၀ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့က တစ်ရက်ခွဲကြာ အလည်အပတ် ရောက်ရှိလာတဲ့ ထိုစဉ်က ဆိုဗီယက်ယူနီယံရဲ့ အဓိပတိ နိကီတာ ခရူးရှက်ရဲ့ တရက်ခွဲကြာ အလည်အပတ် ခရီးစဉ် ရုပ်သံဖိုင်ပါ..။

၁၉၅၈ခုနှစ် ဗိုလ်ချုပ်နေဝင်းရဲ့ အိမ်စောင့်အစိုးရမှ အာဏာလွှဲပြောင်းရယူပြီး (ဝိဓူရသခင်ချစ်မောင်ရဲ့ နာမည်ကျော် မိန့်ခွန်းထဲက ဝိဓူရအမတ်ကြီး ဘီလူးတရွတ်တိုက် ဆွဲခံရသလို ပြည်သူတွေ ခံခဲ့ရတဲ့ခေတ်)(အခုအချိန်မှာတော့ ပြည်သူတွေ ဘီလူးစီးတာ၊ ဖွတ်တက်တာ ခံနေရတာ အနှစ် ၅၀ပြည့်ပါတော့မယ်)... ၁နှစ်နဲ့ ၃လအကြာ စစ်တပ်ဘက်လိုက်တဲ့ကြားက ဦးနုရဲ့သန့်ရှင်းဖဆပလမှ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ၁၉၆၀ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကြီး အပြီး (၁၀)ရက်အကြာမှာ အလည်အပတ် ရောက်ရှိလာတာပါ။ 

သတင်း ရုပ်သံဖိုင်မှာ မြင်တွေ့ရတာကတော့ ပထမဦးဆုံး ရွေးကောက်ပွဲ အနိုင်ရ သန့်ရှင်းဖဆပလရဲ့ ခေါင်းဆောင် ဦးနုနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး ၁၇ရက်နေ့ မနက်အစောပိုင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အာဇာနည်ဗိမ္မာန်ကို  တရားရေးဝန်ကြီး ဦးမြင့်သိန်းနဲ့ သွားရောက် ဂါရဝပြုခဲ့တဲ့ ထိုစဉ်က မြင်ကွင်းကို တွေ့မြင်ရမှာပါ။ နောက်တနေရာကတော့ ထိုစဉ်က ဆိုဗီယက် အကူအညီနဲ့ ဆောက်လုပ်နေတဲ့ Project ၃ခုထဲက အထင်ကရဖြစ်တဲ့ နောက်ပိုင်းမှာ သမိုင်းမှာ အရေးပါတဲ့ နေရာတစ်ခုဖြစ်လာတဲ့ ၁၉၆၁ ခုနှစ်က ပထမဦးဆုံးနာမည် Burma Institute of Technology (BIT) ၁၉၆၄ခုနှစ်မှာတော့ Rangoon Institute of Technology (RIT) အဖြစ် အမည်ပြောင်းပြီး လူသိများတဲ့ အဆောက်အဦး ဆောက်လုပ်ရာနေရာသို့ ရောက်ရှိခဲ့ပြီး အမှတ်တရ သစ်ပင်စိုက်ပျိုးခဲ့ပါတယ်...။

ညနေပိုင်းမှာတော့ သမ္မတ အိမ်တော်ဝင်းအတွင်းရှိ မြက်ခင်းပြင်မှာ သမ္မတမန်းဝင်းမောင်မှ တည်ခင်း ဧည့်ခံတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်...။ သတင်းထဲမှာတော့ သမိုင်းတရားခံ ဦးနေဝင်းနဲ့လည်း တွေဆုံခဲ့ တယ်လို့ဆိုပါတယ်...။ မြန်မာပြည် ပါလီမာန် ဒီမိုကရေစီခေတ် မချုပ်ငြိမ်းခင် ၂နှစ်အလိုမှာ မြင်တွေ့ရတဲ့ မြင်ကွင်းရုပ်သံပါ..။ တခေတ်တခါက ကမ္ဘာ့အလယ်မှာ မျက်နှာမော့နေနိုင်ခဲ့တဲ့ မြန်မာပြည်ရဲ့ မြင်ကွင်း အခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်...။

ပြည်တွင်းမှ ပရိသတ်များ ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်