ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြသည့် အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင် ၂ဦးအား သွားရောက်ကြည့်ရှုအားပေး...

 အဖွဲချုပ်လူငယ် လုံခြုံရေး ကိုဘမောင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ယနေ့ညနေ ၅နာရီအချိန်ခန့်က ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်၍ ပြီးခဲ့တဲ့ တစ်ပတ်ခန့်က ဓါးထိုးခံခဲ့ရသော NLDလူငယ်(ကိုစိုးမြတ်သူ)နှင့် ရန်ကုန် ဆေးရုံကြီးကင်ဆာ အထူးကုဌာန၌ ဆေးကုသမှု ခံယူနေသော လူငယ်လုံခြုံရေး (ကိုဘမောင်)တို့အား သွားရောက်ကြည့် ရှုနှစ်သိမ့်အားပေး စကားပြောကြားခဲ့ပြီး ဆေးဝါးအသုံးအဆောင် ပစ္စည်းများအား ပေးအပ်ခဲ့ပါသည်။
အဖွဲ့ချုပ်လူငယ် ကိုစိုးမြတ်သူ