ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်ပြည့် မွေးနေ့အကြို ဈေးရောင်း ပွဲတော် ဖွင့်ပွဲ အခမ်းအနား ဓာတ်ပုံ၊ သတင်း

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်ပြည့် မွေးနေ့ (မြန်မာအမျိုးသမီးများနေ့) အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို ဇွန်လ(၁၆)ရက်နေ့ နံနက်(၉)နာရီ အချိန်ကရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ စတင် ကျင်းပခဲ့ပါသည်။ ဈေးရောင်းပွဲတော်  ဖွင့်ပွဲ အခမ်းအနားအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ အခမ်းအနား၌ ဥတ္တရအလင်းမှ ကိုတိုးလွင်၊ မဇ္ဈိမလှိုင်းမှ ကိုရဲလွင်ACID အဖွဲ့မှ ကိုဇေယျာသော်နှင့်


တေးသံရှင်အချို့မှ တေးသီချင်းများနှင့် သီဆိုဖျော်ဖြေ ဧည့်ခံခဲ့ပါသည်။ အဆိုပါ ဈေးရောင်းပွဲတော်မှ အမှတ်တရပစ္စည်းများ ရောင်းချ၍ရရှိသော အမြတ်ငွေများအား လူမှုရေး လုပ်ငန်းများအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြား သွားခဲ့ပါသည်။ ဈေးရောင်းပွဲတော်အား ယနေ့ဇွန်လ(၁၆)ရက်နေ့မှ ဇွန်လ(၁၈)ရက်နေ့ အထိနေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ ခင်းကျင်းပြသ ရောင်းချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်