ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကမာ့္ဘဒုက္ခသည်များနေ့ အကြို ဂုဏ်ပြုပွဲအခမ်းအနား ဓာတ်ပုံ (နယူးဒေလီ)

ကမ္ဘာ့ဒုက္ခသည်များနေ့ ဂုဏ်ပြုပွဲ အခမ်းအနားကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ (Dos Bosco)  ကျောင်းမှာ ဇွန်လ (၁၈ )ရက် ညနေ (၄း ၀၀) ၀န်းကျင်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ ၊ NGO အဖွဲ့အစည်းတွေ ၊ သတင်းမီဒီယာတွေနဲ့ စာနယ်ဇင်းအဖွဲ့တွေနဲ့ အတူ မြန်မာဒုက္ခသည် ပါဝင်ခဲ့ပြီး လူဦးရေ စုစုပေါင်း (၇၀၀) ကျော် တက်ရောက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဆီမီးကို ထွန်းညှိပြီး အခမ်းအနားကို အခုလို ဖွင့်လှစ်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ အခြေစိုက် ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး UNHCR ရဲ့ အကြီးအကဲဖြစ်သူ ( Chief of mission )က " ဒီနေ့ဟာ တကမ္ဘာလုံးမှာ ရှိတဲ့ ဒုက္ခသည် များနေ့ဘဲ ဖြစ်ပါတယ်။ ဘယ်လို လူမျိုးဟာ ဒုက္ခသည်တွေ ဖြစ်သလဲ။ ဘယ်လိုလူမျိုးကို ဒုက္ခသည်လို့ ခေါ်သလဲ။ ဒီဒုက္ခသည်တွေအတွက် ကျမတို့ ဘာတွေ လုပ်ပေးကြမလဲ။ ဘာတွေ လုပ်ပေးသင့်လဲ။ သူတို့ဟာ တကယ့်ကို အရေးကြီးတဲ့ ပုဂိုလ်တွေဘဲ ဖြစ်တဲ့ကြောင်း" ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် သူက ဆက်ပြီး ကမ္ဘာပေါ်မှာ ဒုက္ခသည်ပေါင်း သန်း ၂၀ နီးပါး ရှိပြီး နဲ့ သူတို့ရဲ့ ဘ၀လုံခြုံရေး အတွက် ယူအန် နေရာရှာပေးလာတာဟာ နှစ်ပေါင်း ၆၁နှစ် ရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


၁၉၅၀ ဒီဇင်ဘာမှာ စတင်ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ ယူအန် ဟာ လူဦးရေ ၁၄ သန်းကို သူတို့ဘ၀ ရပ်တည် နိုင်ရေး သင့်တော်မယ့်နေရာကို ပြန်လည်ချထား ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိ နယူးဒေလီမှာ ရှိတဲ့ ယူအန်ဟာ ဒုက္ခသည်တွေ ၁၄ ရာခိုင်နှုန်းကို အလုပ်အကိုင်ရှာပေးနိုင်ခဲ့ပြီး တလကို ရူဘီ (၇၀၀၀) နဲ့ မိသားစု ၁၂၇ စုကို အလုပ်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ဒုက္ခသည်များနေ့ အခမ်းအနားမှာ အိန္ဒိယ ရိုးရာအကနဲ့ ယူအန် ရုံးဝန်ထမ်းတွေနဲ့ ဖျော်ဖြေ တင်ဆက်မှု ၊ YMCA ကလေးများရဲ့ အက ၊အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ အာဖဂန် လူမျိုးတွေရဲ့ ရိုးရာအက ၊မြန်မာ အမျိုးသမီးများရဲ့ ကြယ်အက ၊ဆိုမားဗီယား အက ၊ စတဲ့ မတူကွဲပြားတဲ့ ရိုးရာ ယဉ်ကျေးမှု အကတွေနဲ့ လူငယ်တွေရဲ့ ခေတ်အပေါ်အကနဲ့ ပရိတ်သတ်အကြိုက် ဖျော်ဖြေ တင်ဆက်ခဲ့ပြီး ည ( ၉း၀၀) မှာ အခမ်းအနား ပြီးဆုံးခဲ့ပါတယ်။

ပေးပို့ပေးတဲ့ ညီငယ် စည်သူအား ကျေးဇူးတင်ပါသည်..။