ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပပြုလုပ်တဲ့ ရှစ်လေးလုံး (၂၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား(၂)

ရှစ်လေးလုံး ငွေရတုအကြိုအခမ်းအနားဖြစ်သော ၈.၈.၈၈ ဒီမိုကရေစီ အရေးတော်ပုံ ၂၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး လိုလားသူများမှ ဦးစီးပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး၊ ဒီချုပ်သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ၈၈ -မျိုးဆက်ကျောင်းသားရဲဘော်ရဲဘက်များ၊ နိုင်ငံရေးပါတီဝင်များ၊ ကဗျာဆရာစာရေးဆရာများ၊ GW အဖွဲ့ဝင်လူငယ်များစုစုပေါင်း အင်အားတစ်ထောင်ကျော် တက်ရောက်လာကြသည်။

အဆိုပါအခမ်းအနားကိုဒီမိုကရေစီရေးအတွက်အသက်ပေးခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ အတွက်ရည်ရွယ်ပြီး သံဃာတော် ၄၄ ပါးကို ၀ါဆိုဆွမ်းနဲ့ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ ပါတယ်။ ထို့နောက် ၈၈ ဒီမိုကရေစီအရေးတော်ပုံ ၂၄ နှစ်မြောက်နှစ်ပတ်လည် သဘောထားကြေငြာချက်၊ ၈၈ အလုပ်သမားများ၏ ကြေငြာချက်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(ပြည်တွင်း)၏ ကြေငြာချက်၊ နိုင်/ ကျဉ်းမှပေးပို့သော ကြေငြာချက်၊ ကဗျာဆရာစာရေးဆရာများ ပေးပို့သောကြေငြာချက်၊ မျိုးဆက်သစ် ကျောင်းသားများ ပေးပို့သောကြေငြာချက်တို့ကို ဖတ်ကြားခဲ့ကြပါသည်။

ဤသို့ပေးပို့သော သ၀ဏ်လွှာများထဲတွင် မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးအလှည့် အပြောင်းကို အဓိကအုတ်မြစ်ချပေးခဲ့သည့် ၈.၈.၈၈ နေ့ကို သမိုင်းဝင် အထိမ်းအမှတ်နေ့ တစ်နေ့အဖြစ် တရားဝင် သတ်မှတ်ပေးရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အကျဉ်းထောင်အသီးသီးတွင် ဆက်လက် အကျဉ်းချခံနေရသော နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွတ်မြောက် ရေးနှင့် ပြည်ပနိုင်ငံ အသီးသီးတွင် ရောက်ရှိနေကြသည့် ဒီမိုကရေစီအင်အားစုများ မြန်မာနိုင်ငံသို့ ဂုဏ် သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် မဖြစ်မနေ လိုအပ်နေသည့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ကြေငြာ ပေးရန်လည်း လိုအပ်နေပါကြောင်း၊ ရှစ်လေးလုံးနေ့သည် မြန်မာ့သမိုင်းတွင် အလွန် အရေးပါသည့် သမိုင်းဝင်နေ့တစ်နေ့ဖြစ်ကြောင်းကို ပညာရှင်များ၊ သမိုင်းသုတေသီများ၊ ကဗျာဆရာ စာရေးဆရာများ၊ နိုင်ငံရေးသမားများက ဖတ်ကြားတိုက်တွန်းခဲ့၍ အခမ်အနားကို ၁၁း၃၀ တွင်ရုပ်သိမ်း ခဲ့ပါသည်။

သတင်း၊ ဓာတ်ပုံ ... မေမေ့သားလင်းဆက်..