ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပပြုလုပ်တဲ့ ရှစ်လေးလုံး (၂၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား...

  ဘဒ္ဒန္တ ဥဂ္ဂံသ (သာဓုကျောင်းတိုက်ဆရာတော်-ကြည့်မြင်တိုင်)
အဖွဲ့ချုပ် နာယက ဘဘဦးတင်ဦး..
ဘဘဦးဝင်းတင်..
ရှစ်လေးလုံး (၂၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ တွေ့ရတဲ့ အဆိုတော်သျှီ
၈၈ ကျောင်းသား ကိုတိုးကျော်လှိုင်နှင့် တက်ရောက်လာကြသူများ
ယနေ့ ရှစ်လေးလုံး (၂၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပရာ.. ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်ရှေ့ မြင်ကွင်း..
ဓာတ်ပုံ ဒီမိုကောင်းကင်၊ ဒီမိုဝေယံ..
သတင်း 7 Day News Journal
ရန်ကုန်၊ သြဂုတ်- ၈

မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းကို အဓိကအုတ်မြစ် ချပေးခဲ့သည့် ၈.၈.၈၈ နေ့ကို သမိုင်းဝင်အထိမ်း အမှတ် နေ့တစ်နေ့​အဖြစ် တရားဝင်သတ်မှတ်ပေးရန် ရှစ်လေးလုံး ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားက တိုက်တွန်း ကြေငြာလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ အကျဉ်းထောင်အသီးသီးတွင် ဆက်လက်အကျဉ်းချခံနေရသော နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးနှင့် ပြည်ပနိုင်ငံ အသီးသီးတွင်ေ ရာက်ရှိနေကြသည့် ဒီမိုကရေစီအင်အားစုများ မြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် မဖြစ်မနေလို​အပ် သည့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန် ကြေငြာပေးရန်လည်း ထပ်မံ တိုက်တွန်းခဲ့ကြသည်။

ရှစ်လေးလုံးနေ့သည် မြန်မာ့သမိုင်းတွင် အလွန်အရေးပါသည့် သမိုင်းဝင်နေ့ တစ်နေ့ဖြစ်ကြောင်း​၊ ယနေ့မျက်မှောက်ကာလ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စ​ဉ်များသည် ရှစ်လေးလုံး အရေးတော်ပုံကြီး၏ အကျိုးဆက်များဖြစ်ကြောင်း ယင်းအခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီ​မိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့်​ ငြိမ်းချမ်းရေး လိုလားသူများက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ငွေရတုအကြို ၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနား​ကို သြဂုတ်လ ၈ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များ၊ နိုင်ငံရေးပါတီများ၊ လူငယ်များ၊ စာရေးဆရာ ကဗျာဆရာများ အင်အား တစ်ထောင်ကျော် တက်ရောက်ခဲ့ကြသည်။